Unicode version…
(Homogeneous Charge Compression Ignition-အမျိုးတူအားသွင်းမှုဖြင့် ဖိသိပ်ကာလောင်ကျွမ်းစေခြင်း) (HCCI) အင်ဂျင်စနစ်သည် (အတွင်းလောင်ခြင်းအင်ဂျင်စနစ်)များ၏ မှော်ဆန်သည့် နည်းပညာဖြစ်ပြီးဒီဇယ်အင်ဂျင်ကဲ့သို့ ဆီးစားနှုန်းကိုရနိုင်သည့်(ဓာတ်ဆီအင်ဂျင်)စနစ်ပင်ဖြစ်ပါသည်။ထိုအင်ဂျင်စနစ်အားဂျပန်အခြေစိုက် (MAZDA)မှ ၄င်း၏ မျိုးဆက်သစ် (Sky Activအင်ဂျင်များတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ပါသည်။ (HCCI)နည်းသည်အင်ဂျင်၏ဆီစားနှုန်းအားပုံမှန်ထက်(၃၀%)ခန့်သက်သာစေမည်ဖြစ်ပြီးလေထုညစ်ညမ်းမှုကိုလည်းများစွာလျော့ချနိုင်မည် ဖြစ်ပါသည်။
(Mazda)အနေဖြင့် ၄င်း၏ (HCCI)စနစ်သုံး (Sky Activ Engine)အား (2018)တွင် ထုတ်လုပ်မည့် (Mazda 3)မျိုးဆက်သစ်တွင် စတင်ထည့်သွင်းမည် ဖြစ်ပါသည်။ (HCCI)စနစ်သည် (လေနှင့်ဆီတို့ပေါင်းစပ်ဖိအားဖြင့်လောင်ကျွမ်းစေမည့်)သဘောဖြစ်ပြီးလက်ရှိအသုံးပြုနေသည့်
(Spark Plug)များအစားထိုးအနေဖြင့်အသုံးပြုမည် ဖြစ်ပါသည်။လက်ရှိ (Mazda)၏ ဓာတ်ဆီအင်ဂျင်များ၏ (Compression Ratio)မှာ (14း1)ဖြစ်ပြီး (HCCI)အသုံးပြုမည့် အင်ဂျင် တွင် (Compression Ratio) အနေဖြင့် (18း1)ရှိစနစ်ဖြစ်ပါသည်။
လက်ရှိအနေတွင်စျေးကွက်၏အနေအထားသည်(လျှပ်စစ်ဓာတ်အားလုံးစနစ်
ကူးပြောင်းခြင်း) ဆီသို့စတင်ပြောင်းလဲထားသည်ဖြစ်သော်လည်း (Mazda)အနေဖြင့် (အတွင်းလောင်ကျွမ်းခြင်းဓာတ်ဆီအင်ဂျင်) (ရိုးရာ)အတိုင်းဆက်လက်ရှိနေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ထိုအချက်သည်မဝေးသည့်အနာဂတ်နှစ်များအတွင်း(Mazda)အနေဖြင့်(အတွင်းလောင်ကျွမ်းခြင်း)ဆိုင်ရာနည်းပညာအသစ်များဖြင့်စျေးကွက်အားဦးဆောင်မည့်အနေအထားသို့ရောက်ရှိနိုင်မည်ဟုသုံးသပ်မိပါသည်။သို့သော်လည်း (Mazda)သည် ၄င်း၏ (EVs products)များအား (2019)မှ စတင်ကာကျယ်ပြန့်စွာထုတ်လုပ်မည် ဖြစ်ပါ သည်။
Zawgyi version..
လက်ရှိအနေတွင်ဈေးကွက်၏အနေအထားသည်(လျှပ်စစ်ဓာတ်အားလုံးစနစ်