Unicode version..
ပြိုင်ကားများကို အဓိကထုတ်လုပ်သည့် ကမ္ဘာကျော် McLaren သည်(2017)တွင် ၄င်း၏ရောင်းအားမြင့်တက်လာစေရန်အတွက် အင်ဂျင်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် BMW Group အပါအဝင် အခြားသော မိတ်ဖက်များစွာဖြင့် ပူးပေါင်းဆောင်ရွက် မည်ဟုကြေငြာခဲ့ပါသည်။ McLaren အနေဖြင့် (2015)တွင် ကမ္ဘာအနှ့ံ၌ အစင်းရေ 1654ခန့်၄င်း၊ (2016)တွင် 3286 ခန့်၄င်း ရောင်းချနိုင်ခဲ့ပြီး (2017)တွင် ထို့ထက်ပိုမို စေရန်ရည်ရွယ်ထားပါသည်။
2017 အတွက် McLaren အနေဖြင့် လက်ရှိကားများ၏ Output Capacity များထက် ပိုမိုမြင့်မားသည့် (လောင်ကျွမ်းခြင်းဆိုင်ရာနည်းပညာအသစ်) ပါ၀င်သည့် အင်ဂျင်စနစ်တိုးချဲ့ထုတ်လုပ်ရန် စီမံကိန်း ချထားပါသည်။အဆိုပါ Project အနေဖြင့် လာမည့် 2020ပြည့်နှစ်အတွင်း McLaren သည် CO2 Emission ထုတ်လွှတ်မှုကို လျော့ချနိုင်ပြီး Engine’s Combustion အားအဆင့်မြှင့်တင်နိုင်သည့်ကားများကို ဖန်တီးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
အဆိုပါ Project အတွက် McLaren မှဦးဆောင်ပြီး အင်္ဂလန်နိုင်ငံအစိုးရ၏ Advanced Propulsion Centre-APC နှင့် ချိတ်ဆက်ပြီး အခြားသောကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့် (၁၀)နှစ်သက်တမ်းအကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။အဆိုပါ စီမံကိန်းအတွက် McLaren နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြားသောကုမ္ပဏီများမှာ McLaren ၏အင်ဂျင်များကိုထုတ်လုပ်ထားသည့် Ricardo / BMW Group / သတ္တုသွန်းခြင်းဆိုင်ရာနာမည်ကျော် Grainger and Worrall / Lentus Composite / နှင့် McLaren ၏ Advanced R and D များဖန်တီးသည့် University of Bath တို့ဖြစ်ကြပါ သည်။အထက်ပါစီမံကိန်းအနေဖြင့် စွမ်းဆောင်ရည်အထူးကောင်းမွန်သည့် (High-tech Engines)များအား အလျှင်အမြန် ဖန်တီးထုတ်လုပ်နိုင်ရန် McLaren၏ ရောင်းအားတိုးမြှင့် နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
Zawgyi vesion…