Unicode version…
(AMG)သည် (Mercedes-Benz)၏အထူးစွမ်းဆောင်ရည် ကောင်းမွန်သည့် (High-performance Version)တစ်ခုဖြစ်ပြီးအင်ဂျင်တစ်လုံးအားလူတစ်ဦးမှသီးသန့် ဖန်တီးသည့် စနစ်ဖြစ်ပါသည်။ (Mercedes-Benz AMG Line-up)ဟုဆိုလိုက်သည်နှင့် (Super Cars)များအဖြင့် ကမ္ဘာအနှံ့မှ ကားချစ်သူများမှ ချက်ချင်းသိရှိနိုင်သည့် အနေထားတွင် (AMG)သည် ရပ်တည်နေနိုင်သည်ပါသည်။
ထိုသို့ ထူးခြားမှုများဖြင့် ဖန်တီးထားသည့် (Mercedes-AMG)၏ (Latest Model)တစ်မျိုးဖြစ်သည့် (AMG GT-R)အား (2016)ခုနှစ်အတွက် လက်ဆောင်မွန်တစ်ခုအနေဖြင့် ထုက်လုပ်လိုက်ပါသည်။ (AMG GT-R)သည် စွမ်းအားမြင့် ပြိုင်ကားတစ်မျိုးဖြစ်ပြီး (AMG Version)များ၏ ထုံးစံအတိုင်းအကောင်းဆုံးဖန်တီးထားပါသည်။
၄င်း၏ အပြင်ဖက်အရောင်အားပုံမှန်ထည့်သွင်းထားသည့် အရောင်များအပြင် အပြာရင့်ရောင်/ အစိမ်းနုရောင်/ကြက် သွေးရောင်အစရှိသည့် ဆန်းသစ်သည့် အရောင်များကိုလည်းမှာယူနိုင်မည် ဖြစ်ပါ သည်။ ၄င်း၏ ကိုယ်ထည်ကိုလည်း (Improved Aerodynamics)နှင့် (Intelligent Lightweight Construction)တို့ဖြင့်အဓိကဖန်တီးထားသည့် အပြင်အောက်ပိုင်းဆိုင်းထိန်းစနစ်ကိုလည်း (Enhanced Suspension System)ကိုအသုံးပြုထား၍ ပေါ့ပါးသွက်လက်ပြီး မြားတစ်စင်းကဲ့သို့ လျှင်မြန်မှုဖြင့် မောင်းနှင် နိုင်မည် ဖြစ်ပါသည်။ (AMG GT-R) အားဂျာမနီနိုင်ငံ (နူရင်ဘက်မြို့)ရှိကားပြိုင်တွင်းတွင်အကြိမ်ကြိမ်စမ်းသပ်မောင်းနှင်ကားသည်ဟုလည်းသိရှိရပါသည်။
ပြိုင်ကားတစ်စင်းအတွက် အရေးကြီးသည့် အင်ဂျင်ကိုလည်း (AMG GT-R)သည် (Mercedes-Benz AMG GT S)တွင် အသုံးပြုထားသည့် (4.OL Twin-turbocharged V 8 Engine)စနစ်အား(577hp) အထိတိုးမြင့်တပ်ဆင်ထားသည်ကိုတွေ့မြင်ရပါသည်။
ထိုသို့အထူးကောင်းမွန်မှုများဖြင့် ဖန်တီးထားသည့် (Mercedes-AMG GT R)အား (US $ 131000)၀န်းကျင်ခန့်ဖြင့် စတင်စျေးဖွင့် ရောင်းချမည်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါသည်ခင်ဗျား။
mercedes-amg-gt-r-101 mercedes-amg-gt-r-91 mercedes-amg-gt-r-8 mercedes-amg-gt-r-13 mercedes-amg-gt-r-3mercedes-amg-gt-r-2 mercedes-amg-gt-r-1 mercedes-amg-gt-r-13
Zawgyi version…
ထိုသို့အထူးကောင်းမွန်မှုများဖြင့် ဖန်တီးထားသည့် (Mercedes-AMG GT R)အား (US $ 131000)၀န်းကျင်ခန့်ဖြင့် စတင်ဈေးဖွင့် ရောင်းချမည်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါသည်ခင်ဗျား။