မကြာမီကကျင်းပခဲ့သည့် ပြင်သစ်နိုင်ငံရှိ (ပါရီကားပြပွဲ)တွင် ကမ္ဘာကျော် (Mercedes-Benz)မှ (Generation EQ Concept)အားမိတ်ဆက်ပြသခဲ့ပါသည်။ (Mercedes)၏ (EQ)သည် (BMW)၏ ( I Brand)ကဲ့သို့လျှပ်စစ်ကားများသီးသန့်ထုတ်လုပ်မည့်(Electric sub-brand)တစ်ခုအဖြစ် မကြာမီပေါ်ပေါက်လာမည် ဖြစ်ပါသည်။
(Generation EQ Concept)သည် (Crossover Model)ဖြစ်ပြီး coupe ကဲ့သို့ ကောက်ကြောင်းဒီဇိုင်းများဖြင့်ဖန်တီးထားပါသည်။၎င်း၏အပြင်ဖက်ဒီဇိုင်းအားခေတ်ဆန်သော်လည်းရိုးရှင်းသည့် ပုံစံဖြင့် ဖန်တီးထားပါသည်။အတွင်းခန်းအားခေတ်ရှေ့ပြေးသည့်ပုံစံဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး (Touch controls)များနှင့်အတူခေတ်မှီဆန်းသစ်သည့် (24-inch thin-Film-transistor high-definition Display Screen)အားပထမဆုံးထည့်သွင်းအသုံးပြုထားပါသည်။ ၄င်းတွင် (Semiautonomus-အလိုအလျောက် မောင်းနှင်မှုငါးဆယ်ရာနှုန်း)ပြုလုပ်နိုင်မည့်စနစ်များ၊ (3D မြေပုံ)နှင့်
(ပက်လည်ကင်မရာစနစ်)များအားအပြည့်အစုံထည့်သွင်းထား၍ အသုံးပြုရန်အထူးလွယ်ကူမည်ဖြစ်ပါသည်။
၎င်းသည် (AWD model)ဖြစ်ပြီး (Total Output)(402 hp)၊ (516 lb-ft of torque)အမြင့်ဆုံးရရှိ နိုင်မည့် (လျှပ်စစ်မော်တာ)အားတပ်ဆင်ထားပါသည်။ ထို့အပြင်(အမြင့်ဆုံး 310mph)အထိသွားနိုင်မည့် (Lithium-ion battery pack)ကိုလည်းထည့်သွင်းထားပါသည်။
(Mercedes-Benz)၏ (Generation EQ Concept)သည် အနာဂတ် (လျှပ်စစ်ကား)များ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၄င်းမှတဆင့်လျှပ်စစ်စွမ်းအင်သုံး -(SUVs) (Sedans)နှင့် (Couple)စသည့် ကားများအား မဝေးသည့်အနာဂတ်ကာလတွင် ဖန်တီးနိုင်ငရန် ရည်ရွယ်ထားပါသည်။