Unicode version…




Zawgyi version..

အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကို အခြေစိုက် (UBER) Network Company သည် အဆင့်မြင့်ဇိမ်ခံ အလိုအလျောက်မောင်းနှင်သည့်ကား Luxury Autonomous Cars များအား ထုတ်လုပ်ရန် ဂျာမနီအခြေစိုက် Daimler AG ၏ Mercedes – Benz  နှင့်ပူးပေါင်း မည်ဖြစ်ပါသည်။

Mercedes-Benz နှင့် Uber တို့ ပူးပေါင်းမှုဖြင့် အလိုအလျောက်မောင်းနှင်ခြင်းစနစ် ပါသည့် Self-Driving Cars / Trucks များအား မကြာမီနှစ်များတွင် ထုတ်လုပ်မည်ဖြစ်ပြီး Autonomous ဆိုင်ရာနည်းပညာများကိုလည်းတိုးချဲ့ဖန်တီးမည်ဖြစ်ပါသည်။Automakers များသည် နည်းပညာဆိုင်ရာကုမ္ပဏီများနှင့် Autonomous Vehicles ကဏ္ဍအတွက် ပူးပေါင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူသားတို့ကို မှီခိုသည့်မောင်းနှင်မှုများအား တတ်နိုင်သ၍ လျော့ချနိုင်ရန်အတွက်ဖြစ်ပါသည်။

Uber သည် Mobility Platform Company လောကတွင် ဦးဆောင် ကုမ္ပဏီဖြစ်ပြီး Autonomous ဆိုင်ရာ ဆန်းသစ်သည့် Idea များကိုလည်း ဖန်တီးနိုင်မည်ဖြစ်ပါသည်။ Mercedes-Benz နှင့် Uber တို့ ပူးပေါင်းမှုတွင် အဓိက ကဏ္ဍ(၄)ခုရှိပြီး ၄င်းတို့မှာ Connectivity / Autonomous Driving / Sharing / Electric Mobility တို့ဖြစ်ကြပြီး အတိုကောက်အနေဖြင့် CASE ဟုခေါ်ဆိုပါသည်။ UBER သည် Mercedes နှင့် သာမက Volvo ၏ နည်းပညာဆိုင်ရာ ပါဝင်မှုများအဓိက အသုံးပြုထား သည်။ Self-Driving Car များကိုလည်း ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရပါသည်။ Uber နှင့် Mercedes တို့ ၏ ပူးပေါင်းမှုသည် Uber နှင့် Volvo တို့ ပူးပေါင်းမှုနှင့် မတူညီပဲ Mercedes-Benz သည် Self-driving ဆိုင်ရာတိကျသည့် နည်းပညာဖန်တီးမှုများ၊ Autonomous Car များဆိုင်ရာ တိကျသည့် နည်းပညာဖန်တီးမှုများအတွက် ပါဝင်ခြင်းမရှိပါ။