Unicode verison..

ဂျာမနီအခြေစိုက် Daimler ကားကုမ္ပဏီကြီးသည် ၄င်း၏ Mercedes- Benz Brand ၏ Truck အမျိုးအစားကားအသစ်ဖြစ်သည့် Semi Electric System အသုံးပြုထားသည့် Urban e Truck အား2016 ခုနှစ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံးယာဉ် များဆိုင်ရာပြပွဲတွင် စတင်မိတ်ဆက်ပြသခဲ့ပါသည်။ အဆိုပါ Urban e Truck ၏တီထွင်မှု သည် Truck ကားလောက၏ အကြီးမားဆုံးပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး Semi-electric heavy-duty truck အနေဖြင့် ကားလောကတွင် ထွက်ပေါ်လာမည့် တီထွင်မှုဖြစ်ပါသည်။

Daimler အနေဖြင့် ၄င်း၏ Urban e Truck အား စမ်းသပ်မောင်းနှင်နိုင်ရန် Customer ၂၀ ဦးအား ယခုနှစ်တွင် ပထမဆုံး ဖိတ်ခေါ်မည်ဖြစ်ပါသည်။ အဆိုပါ စမ်းသပ် မောင်းနှင်ရန် Mercedes – Benz Road Testing Department မှ စီစဉ်မည်ဖြစ်ပြီးလုပ်ငန်း ကဏ္ဍအသီးသီးမှ Truck ကားများကို အဓိက အသုံးပြုကြမည့် Customer များကိုရွေးချယ် မည် ဖြစ်ပါသည်။

Urban eTruck ကားများသည် အမြန်ဆုံးတစ်နာရီမိုင် ၁၂၀ ခန့်အထိသွားနိုင်ပြီး Payload အနေဖြင့် 12.8 Tons ရှိမည်ဖြစ်ပါသည်။ယာဉ်၏ Gross Weight သည် ၁၈ တန် မှ ၂၅ တန်အတွင်းရှိမည်ဖြစ်ပါသည်။၄င်းတွင် ရေခဲသေတ္တာပါ၀င်သည့် ကိုယ်ထည်နှင့် သာမန်သေတ္တာပါ၀င်သည့် ကိုယ်ထည်ဟူ၍ ပုံစံ(၂)မျိုးရရှိနိုင်ပါမည်။

ယခု (2017)တွင် Urban eTruck အားကိရိယာတန်ဆာပလာများအား ပြည့်စုံစွာ ထည့်သွင်းမည်ဖြစ်ပါသည်။ ထို့အပြင် Daimler အနေဖြင့် ၄င်း၏ Fuso e Canter Light-Duty electric Truck များအား ဥရောပ/ဂျပန် နှင့် အမေရိကန်ဒေသများရှိ အထူးဝယ်ယူသူ (၁၅၀)ဦးထံသို့ ရောင်းချမည်ဖြစ်ပါသည်ခင်ဗျား။

Zawgyi version..

ဂ်ာမနီအေျခစိုက္ Daimler ကားကုမၸဏီႀကီးသည္ ၄င္း၏ Mercedes- Benz Brand ၏ Truck အမ်ိဳးအစားကားအသစ္ျဖစ္သည့္ Semi Electric System အသံုးျပဳထားသည့္ Urban e Truck အား2016 ခုႏွစ္တြင္ က်င္းပခဲ့သည့္ အျပည္ျပည္ဆိုင္ရာ ဘက္စံုသံုးယာဥ္ မ်ားဆိုင္ရာျပပြဲတြင္ စတင္မိတ္ဆက္ျပသခဲ့ပါသည္။ အဆိုပါ Urban e Truck ၏တီထြင္မႈ သည္ Truck ကားေလာက၏ အႀကီးမားဆံုးေျပာင္းလဲမႈတစ္ရပ္ျဖစ္ၿပီး ကမာၻ႕ပထမဆံုး  Semi-electric heavy-duty truck အေနျဖင့္ ကားေလာကတြင္ ထြက္ေပၚလာမည့္ တီထြင္မႈျဖစ္ပါသည္။

Daimler အေနျဖင့္ ၄င္း၏ Urban e Truck အား စမ္းသပ္ေမာင္းႏွင္ႏိုင္ရန္ Customer ၂၀ ဦးအား ယခုႏွစ္တြင္ ပထမဆံုး ဖိတ္ေခၚမည္ျဖစ္ပါသည္။ အဆိုပါ စမ္းသပ္ ေမာင္းႏွင္ရန္ Mercedes – Benz Road Testing Department မွ စီစဥ္မည္ျဖစ္ၿပီးလုပ္ငန္း က႑အသီးသီးမွ Truck ကားမ်ားကို အဓိက အသံုးျပဳၾကမည့္ Customer မ်ားကိုေ႐ြးခ်ယ္ မည္ ျဖစ္ပါသည္။

Urban eTruck ကားမ်ားသည္ အျမန္ဆံုးတစ္နာရီမိုင္ ၁၂၀ ခန္႕အထိသြားႏိုင္ၿပီး Payload အေနျဖင့္ 12.8 Tons ႐ွိမည္ျဖစ္ပါသည္။ယာဥ္၏ Gross Weight သည္ ၁၈ တန္ မွ ၂၅ တန္အတြင္းရွိမည္ျဖစ္ပါသည္။၄င္းတြင္ ေရခဲေသတၱာပါ၀င္သည့္ ကိုယ္ထည္ႏွင့္ သာမန္ေသတၱာပါ၀င္သည့္ ကိုယ္ထည္ဟူ၍ ပံုစံ(၂)မ်ိဳးရ႐ွိႏိုင္ပါမည္။

ယခု (2017)တြင္ Urban eTruck အားကိရိယာတန္ဆာပလာမ်ားအား ျပည့္စံုစြာ ထည့္သြင္းမည္ျဖစ္ပါသည္။ ထို႕အျပင္ Daimler အေနျဖင့္ ၄င္း၏ Fuso e Canter Light-Duty electric Truck မ်ားအား ဥေရာပ/ဂ်ပန္ ႏွင့္ အေမရိကန္ေဒသမ်ားရွိ အထူး၀ယ္ယူသူ (၁၅၀)ဦးထံသို႕ ေရာင္းခ်မည္ျဖစ္ပါသည္ခင္ဗ်ား။