Unicode version…
(Mercedes-Benz)သည် (မီးလုံးတောက်ပခြင်းဆိုင်ရာနည်းပညာ)၏ အချိုးအကွေ့တစ်ခုဖြစ်သည့် (Dazzle – free – အလင်းစူးရှမှုမရှိသည့်)(HD headlamps) နည်းပညာတစ်မျိုးဖြစ်သည့် (Digital Light)အား (Driver Assistance)၏ ကနဦးတီထွင်မှုအနေဖြင့် ဖန်တီးနိုင်ခဲ့ပါသည် ၄င်းသည် (Dynamic Light function)အဆင့်သို့ တိုးတက်ထုတ်လုပ်ထားသည့် စနစ်ဖြစ်ပြီး (အာရုံကိရိယာများ)နှင့် အရေအတွက်သန်းချီသည့် (Pixels)များကိုအသုံးပြု၍ တိကျမှန်ကန်ပြီး သဘာဝအလင်းကဲ့သို့ အလင်းစွမ်းအင် အားဖန်တီးပေးမည့် နည်းပညာဖြစ်ပါသည်။
(အတိအကျဖြစ်သည့် အချက်အလက်များသည် ယခုမီးလု့းနည်းပညာတွင် ပါ၀င်မည်မဟုတ်သော် လည်း(Digita)ဉာဏ်ပညာသည် ၄င်းနောက်ကွယ်တွင် တည်ရှိမည် ဖြစ်ပါသည်။)ဟု (Daimler AG)၏(Exterior Body Development and Vehicle Operating System)၏ အကြီးအကဲဖြစ်သူ (Mr Gunter Fischer)မှ ပြောကြားခဲ့ပါသည်။
(Digital Light)အား (Daimler AG)နှင့် မိတ်ဖက် ကုမ္ပဏီ(၂)ခုတို့မှ ပူးပေါင်းဖန်တီးခြင်း ဖြစ်ပါ သည်။ ၄င်းစနစ်၏ လုပ်ဆောင်မှုမှာ-ကင်မရာ Rader နှင့် ဆိုနာစနစ်များမှ လမ်းအခြေအနေနှင့် ပတ်ဝန်း ကျင်၏အလင်းရောင်တို့အားထောက်လှမ်းပြီးနောက် (Digital Cards)များအတွင်းသို့ အချက်အလက်များအား (မီလီစက္ကန့်)အချိန်တိုင်းပေးပို့ပါမည့် ထို့နောက် မီလုံးများအတွင်းရှိ (Pixels)များမှ လိုအပ်မည့် အလင်းအားအတိအကျတိုင်းတာပြီးလိုအပ်သလောက် ပေးလွှတ်မည် ဖြစ်ပါသည်။ထိုစနစ်တွင် အလင်းစူးရှခြင်း၊အလင်းမသဲကွဲခြင်းစသည့်ဘေးထွက်ဆိုုးကျိုးများမရှိပဲပတ်ဝန်းကျင်ကားများ၏ အလင်းရောင်အပေါ်မူတည်၍၊အတိုးအလျော့ကိုအလိုအလျောက်ချိန်ညှိပေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်နိုင်ရန် (Pixels)တစ်ခုချင်းအပေါ်တွင် လွတ်လက်စွာအလင်းဖို့လွှတ်နိုင်ရန် ဖန်တီးထားပါသည်။ ယာဉ်တစ်စင်းအတွက် (8192 Pixels)များထည့်သွင်းထားမည် ဖြစ်ပါသည်။
Zawgyi version…