Here’s Why  the Bentley Mulsanne Is Worth $ 375000

ကမ္ဘာကျော် (Bentlay) ၏ အထူးထင်ရှားလှသည့် 2017 Brand-new Mulsanne Sedan ၏တန်ဖိုးသည် (US$ 375000) ခန့်ရှိပြီး အထူးမြင့်မားသည့်တန်ဖိုးဟု ဆိုနိုင်မည်ဖြစ်ပါ သည်။ ထိုငွေကြေးသည် 2017 Toyota Camry Sedan (14)စင်းခန့် ၀ယ်ယူနိုင်သည့် ပမာဏဖြစ်ပါသည်။ ထိုကဲ့သို့ အထူးတန်ဖိုးမြင့်ဇိမ်ခံဆီဒင်ကားဖြစ်သည့် Bentley Mulsanne  ၏ထူးခြားမှုများအား လေ့လာကြပါစို့။

2017 Mulsanne ၏ အတွင်းခန်းတွင် အနောက်ခန်း၌ Speakers (၃)လုံးပါရှိပြီး ၄င်းတို့အား သားရေဖြင့် လှပစွာဖုံးအုပ်ထားပါသည်။ ထို့အပြင် အနောက်ဖက် ခရီးသည်အနေဖြင့် အရှေ့ခန်းရှိ ယာဉ်မောင်းဘေးဖက်ထိုင်ခုံအား အနောက်မှနေ၍ လိုသလိုထိန်းချုပ်နိုင်သည့်စနစ်ပါဝင်ပြီး ခြေဆန့်နိုင်ရန် အရှေ့ခုံအား ရွေ့လျားစေနိုင်မည် ဖြစ်ပါသည်။အဆိုပါစနစ်အပြင် အနောက်ခန်းအတွက် သီးသန့်(Climate-Control) စနစ် ပါဝင်ခြင်းနှင့် (Tray Tables)၊ (Pop up rear screens) (Reclining Seats with Massage) စသည့် ဇိမ်ခံပစ္စည်းများအား သီးသန့်ထည့်သွင်းထားပါသည်။ ထို့အပြင်  Mulsanne ၏ Infotainment System အားအသုံးပြု၍ ကားနှင့်သက်ဆိုင်သည့် လုပ်ဆောင်ချက် များစွာအား အသေးစိတ်တိကျစွာ အသုံးပြုနိုင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါ သည်။ ထိုစနစ်မှတဆင့် Footwell Temperature ကဲ့သို့ဆောင်ရွက်မှု များကိုပါ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

2017 Mulsanne တွင် အင်ဂျင်အနေဖြင့်  6.75L  Twin-Turbo barged V8 Engine (530 hp) (810 Lb-ft of torque) အင်ဂျင်စနစ်ကို ထည့်သွင်းထားပါသည်။ ထိုအင်ဂျင်၏ (Performance)သည် ( 0 to 60 mph ) အား (5.0 seconds) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်၍ အလေးချိန် (6000 lbs) ရှိသည့် ကြီးမားသည့် ဇိမ်ခံကားအတွက် အထူးကောင်းမွန်သည့် စွမ်းဆောင်ရည်ဟု ဆိုနိုင်ပါသည်။

2017 Mulsanne  သည် Ultra- Luxury Sedan အဆင့်ရှိသည့် အရည်အတွက် နည်းပါးသည့် Brands အဆင့်ရှိသည့်ကားဖြစ်၍ ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ ပါဝင်ပစ္စည်း စသည်တို့သည် အထူးကြွယ်ဝသည့် အဆင့်အတန်းနှင့် ကိုက်ညီစေရန် အဓိကဖန်တီးထား ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၄င်း၏တန်ဖိုး US $ 375000 သည် လက်ခံနိုင်ဖွယ်ရှိသည့် တန်ဖိုးသတ်မှတ်ခြင်းဟု ဆိုနိုင်မည်ဖြစ်ပါသည်။