Unicode version…

မကြာမီကကျင်းပခဲ့သည့် (Geneva Motor Show)တွင် ကမ္ဘာကျော် KIA မှ ၄င်း၏ Niro Plug-in Hybrid Model အား မိတ်ဆက်ပြသခဲ့ပါသည်။၄င်းတွင် Niro ၏လက်ရှိ (Hybrid) ကားများနှင့် များစွာ ကွဲပြားသည့် Battery အားထည့်သွင်းထားပါသည်။ (1.56 Kilowatt) ရှိပြီး အသစ်ထည့်သွင်းထားသည့် Battery ၏ Capacity သည် (8.90 Kilowatt) အထိ တိုးမြှင့်ထားသည်ကိုတွေ့ရပါသည်။

လက်ရှိ (Niro) ၏ Battery သည် (၂၅မိုင်)ခန့်သာ သီးသန့်အသုံးပြုနိုင်ပြီး အသစ်ထွက်ရှိသည့် Niro Battery အနေဖြင့် (ဥရောပစျေးကွက်)အတွက် အသုံးပြုနိုင်မှုမှာ(55 km/34 miles)ဖြစ်ပါသည်။ ၄င်းနှုန်းသည် Toyota Prius Prime Plug-in Hybrid ၏ Battery စွမ်းရည်နှင့် တူညီမှုရှိပါသည်။

အသစ်ထွက်ရှိသည့် (KIA Niro) တွင် Battery အား ကား၏အနောက်ဖက် (Cargo Area) တစ်ခုလုံးနီးပါးခန့် နေရာယူ ထည့်သွင်းထားမည်ဖြစ်ပါသည်။သို့သော်လည်း ၄င်း၏ အတွင်းခန်းအကျယ် ကို လုံလောက်သည့် အကျယ်အဝန်းပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။

(New Niro PHEV) ၏အပြင်ဒီဇိုင်းအား အနည်းငယ်ပြောင်းလဲထားပြီး (Metallic Finish) များကို လည်း လှပစွာတွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့အပြင် KIA ၏ထုံးစံအတိုင်း ခေတ်မှီပါ၀င်မှုများစွာကိုလည်း ထည့်သွင်းထားမည်ဖြစ်ပါသည်။

အဆိုပါ (Niro PHEV Model) အား (2017)ခုနှစ် နှစ်လည်ပိုင်းတွင် ဥရောပစျေးကွက်သို့ပထမဆုံး ရောင်းချမည် ဖြစ်ပါသည်။ ထို့နောက် အခြေားသော ဒေသစျေးကွက်များသို့ တို့ချဲ့ရောင်းချမည့် အစီအစဉ်များလည်း စီစဉ်ထားသည်ဟု KIA မှပြောကြားထားပါသည်။

Zawgyi version…

Mitsubishi ၏ နောက်ဆုံးပေါ် Crossover ဖြစ်သည့် Eclipse Cross အား မကြာမီအချိန်က ကျင်းပခဲ့သည့် ဂျနီဗာကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် Mitsubishi ၏ XR – PHEV II Concept အား အခြေခံကာဖန်တီးထားခြင်းဖြစ်ပြီး ဆန်းသစ်သည့်အနောက်ပုံတံခါးဒီဇိုင်းအပါအ၀င် Mitsubishi ၏ ထူးခြားသည့် အသွင်အပြင်ဖြင့် ဖန်တီးထားပါသည်။ ၄င်း၏ အရှေ့ဖက် (Grille) အား (Shield Grille) ပုံစံဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး အဆိုပါဒီဇိုင်းအား (New Outlander Sport) တွင်လည်း အလားတူတပ်ဆင်ထားပါသည်။

Eclipse Cross ၏ အတွင်းခန်းကိုလည်း သပ်ရပ်လှပပြီး ဆန်းသစ်သည့်ပုံစံဖြင့် ဖန်တီးထားသည် ကိုတွေ့မြင်ရပါမည်။၎င်း၏ (Dashboard)ဒီဇိုင်းနှင့် Climate Control ခလုတ်များအား အသွင်သစ်ဖြင့် ဖန်တီးထားပါသည်။ အတွင်းခန်း၏ Train Level များအား ပုံမှန်ထည့်သွင်းထားသည့် အရောင်များအပြင် (အနက်ရောင်) နှင့် (အလူမီနီယံ)အရောင်များကိုပါ ထည့်သွင်းထားပါသည်။ ၄င်း၏ (Touch – screen) နှင့် Crossover နှင့် လိုက်ဖက်သည့်အရွယ်အစားကို တပ်ဆင်ထားကာ ၄င်းတွင်ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များစွာကို ထိန်းချုပ်စနစ်များ၊ Apple Car Play / Android Auto ကဲ့သို့ Ap များအပါအ၀င် အခြားသော User Interface များစွာလည်းထည့်သွင်းထားပါသည်။ အလားတူ (အသွင်း/အထုတ်) ပြုလုပ်နိုင် သည့် (Heads – up display)ကိုလည်း Eclipse Cross တွင် ထည့်သွင်းထားမည်ဖြစ်ပါသည်။

New Eclipse Cross သည် (AWD System)သုံး ကားဖြစ်ပြီး ၄င်းတွင် ( Turbocharged 1.5L Petrol Engine) နှင့် (8-Speed CVT Automatic Gear) တို့အား တပ်ဆင်ထားမည်ဖြစ်ပါသည်။ ၄င်းအင်ဂျင်သည် (မြောက်အမေရိကဈေးကွက်) အတွက်ဖြစ်ပြီး အခြားသောဒေသဈေးကွက်များအတွက် (Turbo diesel 2.2L Engine) ကိုထပ်မံမှာယူရနိုင်ပါမည်။ New Eclipse Cross အား (မြောက်အမေရိက ဈေးကွက်) ၌ ယခုနှစ်ကုန် (သို့) လာမည့်နှစ်ဦးပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပါသည်။