Unicode version..
မကြာသေးမှီအချိန်ကထွက်ပေါ်သည် ကမ္ဘာကျော် (Consumer Reports – အသုံးပြုသူူများအတွက်အစီရင်ခံစာ)မှ ကမ္ဘာပေါ်ရှိ (Automakers)များအားအဆင့် (၁)မှ (၁၀၀)အတွင်းအဆင့်များခွဲခြားကာထွက်ပေါ်လာပါသည်။ (Consumer Report)တွင် ပြည့်စုံစေ့စပ်သေချာသည့် စမ်းသပ်မှုများအပေါ်အခြေခံကာ (Automakers)များ၏ ကောင်းမွန်မှု ယုံကြည်စိတ်ချမှုများအားအဆင့်သက်မှက်ခြင်း ဖြစ်ပါသည်။ ယခုနှစ်၏ (Consumer Report)တွင်စိတ်ဝင်စားဖွယ်၊အံ့အားသင့်ဖွယ်များကိုတွေ့မြင်ရပါမည်။
(CR)၏ ထိပ်ပိုင်းစာရင်း၌ Lexus / Toyata / Buickတို့အားတွေ့ရှိရပြီး ၄င်းတို့သည် (ယုံကြည် စိတ်ချရမှု)၌ ထင်ရှားပါသည် သို့သော် (Infiniti)နှင့် (Honda)တို့သည် ယခုနှစ်အတွက် ထိပ်ပိုင်းစာရင်းတွင် ပါ၀င်လာမှုမှာ ထူးခြားမှုဖြစ်ပါသည်။ ထို့အတူ (Audi)အနေဖြင့် (2015)၌ ၄င်းရရှိခဲ့သည့် အဆင့်မှ (၉)နေရာခန့်ကျဆင်းသွားမှုမှာများစွာအံ့သြဖွယ်ဖြစ်ပါသည်။
ထို့အပြင် (Lincoln)နှင့် (Cadillac)တို့၏ အဆင့်များသည် ထိပ်တန်းယုံကြည်မှု အဆင့်ရှိကားများအကြားတွင် ရှိခဲ့သော်လည်းယခုအခါ အနည်းငယ်အဆင့် နိမ့်သွားသည်ကိုတွေ့ရပါသည်။ (MINI) အနေ ဖြင့် (Parsche)၏ အပေါ် အဆင့်တွင် ရပ်တည်နေနိုင်မှုသည်လည်းထူးခြားပါသည်။
(CR)၏ အောက်ဖက်ပိုင်းနေရာများ၌ အမေရိကန် အခြေစိုက် (EV-Electric Vehicle)များအဓိကထုက်လုပ်သည့် (Tesla)ရောက်ရှိနေခြင်းသည်လည်းထူးခြားမှု တစ်ခုဖြစ်ပါသည်။ ယခု (CR)သည် ကား၏ ယုံကြည်စိတ်ချရမှုအပေါ် အဓိကတိုင်းတာခြင်းဖြစ်၍ နည်းပညာနှင့် အခြားအပိုင်းများနှင့် တိုက်ရိုက်အချိုး ကျခြင်းမရှိပါ။ထို့ိအတူ (Dodge)(Chrysler)၊ (FIAT)နှင့် (RAM)တို့သည်လည်း (CR)၏ အောက်ဖက်ပိုင်းနေရာအဆင့်များတွင် တည်ရှိနေသည်ကိုတွေ့မြင်ရပါသည်။
Zawgyi version..