အမေရိကန်အခြေစိုက် Ford ၏ 3- cylinder engine စည်အား ပထမဆုံးအသုံးပြုထားသည့် Fiesta ST အား Geneva Motor show တွင် မိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းတွင် (All New 197 hp) (Turbocharged 1.5 I 3 Eco Boost Engine) စနစ်အား ထည့်သွင်းထားပါသည်။

ယခုအင်ဂျင်စနစ်အသစ်သည် ယခု (1.6 L I 4 Engine) (180 hp)ထက် မြင်းကောင်ရေပိုမို ပြီး (CO2 Emission) ထုတ်လွှတ်မှုလည်း များစွာ လျော့နည်းမည်ဖြစ်ပါသည်။ ယခု (Eco Boost Engine) အနေဖြင့် ( 0 to 60 mph) အား (6.7 seconds) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါမည်။

Fiesta ST Model တွင် မတူညီသည့်ပုံစံ(၃)မျိုးအထိ ပြောင်းလဲနိုင်သည့် Drive Mode လည်း ပါရှိပြီး ၄င်းတို့မှာ (Normal/ Sport/ Track) တို့ဖြစ်ကြပါသည်။Normal သည် ပုံမှန်မောင်းနှင်မှုဖြစ်ပြီး Sport သည် ကားပြိုင်မောင်းခြင်းကဲ့သို့ အင်ဂျင်၏ရုန်းကန်အားကို ပုံမှန်ထက်များစွာအသုံးပြုရသည့် မောင်းနှင်မှုများအတွက် ဖြစ်ပါသည်။ Track သည် ရာသီဥတုမျိုးစုံအတွက် သင့်တော်မှုရှိပြီး အထူအားဖြင့် ချောနေသည့်လမ်းများတွင် ယာဉ်အားတည်ငြိမ်စွာ ထိန်းချုပ်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

Ford Fiesta ST သည် တံခါး(၃)ပေါက်ပါ ကားသစ်အမျိုးအစားဖြစ်ပြီး လှပဆန်းသစ်သည့် လူငယ်ကြိုက်ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။ ၄င်းတွင် (Flat – bottom steering )(Recarn Seats) (New Sync 3 infotainment) နှင့် (Band O Play Audio system) ကဲ့သို့ ဆန်းသစ်သည့် ပါဝင်မှုများစွာကို ထည့်သွင်းထားပါသည်။

Ford Fiesta ST ၏ ဈေးနှုန်းနှင့် ပါဝင်မှုအသေးစိတ်တို့အား (2018) အစောပိုင်းတွင် ထုတ်ပြန် ကြေငြာမည်ဟု Ford မှကြေငြာထားပါသည်။