Unicode version..

ကမ္ဘာကျော် (General Motor)အနေဖြင့် ၄င်း၏(Pick-up)များတွင် စတင်ထည့်သွင်သည့် (Tailgate Step-နောက်ဖုံးအဆင့်)အတွက် (မူပိုင်ခွင့်)ရရှိထားပါသည်။ ထိုပါဝင်မှုအား (2018)နှစ်ကုန်တွင် ထုတ်လုပ်မည့် (2019 Model Chevrolet Silverado)တွင်ပထမဆုံးထည့်သွင်းသည်ဖြစ်ပါသည်။ (GM)၏ (Tailgate Step)ဆိုသည်မှာ ၄င်း၏ (Pick-up)၏ နောက်ဖုံး၏ အပိုင်းမှ အောက်သို့နိမ့်ဆင်းပြီးခြေနင်းသဘောမျိုးပုံစံဖြစ်ပါသည်။ ထိုသို့ ထွက်ပေါ်လာသည့် ခြေနင်းအား (ထိန်း)ထားနိုင်ပြိး ပြန်လည်ခေါက်သွင်း ခြင်းလည်းပြုနိုင်မည်ဖြစ်ပါသည်။

(U.S Truck)များကဲ့သို့ ကိုယ်ထည်မြင့်သည့်ကားများတွင် အတက်အဆင်းသည် များစွာခက်ခဲမှု ရှိပါသည်။ ထိုပြဿနာအားဖြေရှင်းရန် (Ford)မှ ၄င်း၏ (2009 F-150)မှစတင်ကာ (Tailgate)အပြင်ဖက် တွင် (Step)အားအစအဆုံးထည့်သွင်းခဲ့ပါသည်။ ယနေ့(GM)၏ တီထွင်မှုသည် (Ford)၏ အကြံဉာဏ် အားအခြေခံပြီးတိုးချဲ့ဖန်တီးခြင်းဖြစ်ပြီးယာဉ်နောက်ဖက် ဧရိယာအပြည့်နီးပါးကျယ်ဝန်းသည့် (ခြေနင်း) သဘောမျိုးအနေဖြင့် တီထွင်ခြင်းဖြစ်ပါသည်။

(Chevrolet Silverado) တွင် ထည့်သွင်းမည့် (Tailgate Step) သည် (Running Board)ပုံစံဖြစ်ပြီးနောက်ဖုံးဖွင့်လိုက်ပါကအဆင့်တစ်ခုထပ်မံဆင့်ထားသည့် (လှေကားထစ်)ကဲ့သို့ ထွက်လာမည်ဖြစ်ပါ သည်။ အဓိအားဖြင့် အလေးအပင်များအား (Truck)ပေါ်သို့ တင်/ချခြင်းနှင့် ကလေးများ/အမျိုးသမီးများအတက်/အဆင်းလွယ်ကူစေရန် အဓိကကူညီထောက်ပံ့ပေးမည်ဖြစ်ပါသည်။ အခြားသော (Body)မြင့်သည့် (U.S Make SUV / Tracks)များတွင် ကားဘေး(၂)ဖက်တံခါးများမှ အလိုအလျှောက်ထွက်လာခြင်းပြုနိုင်သည့် (Side Sliding Boat)များကိုကျယ်ပြန့်စွာတပ်ဆင်အသုံးပြုကြပါသည်။

Zawgyi version..

ကမၻာေက်ာ္ (General Motor)အေနျဖင့္ ၄င္း၏(Pick-up)မ်ားတြင္ စတင္ထည့္သြင္သည့္ (Tailgate Step-ေနာက္ဖုံးအဆင့္)အတြက္ (မူပုိင္ခြင့္)ရရွိထားပါသည္။ ထုိပါဝင္မႈအား (2018)ႏွစ္ကုန္တြင္ ထုတ္လုပ္မည့္ (2019 Model Chevrolet Silverado)တြင္ပထမဆုံးထည့္သြင္းသည္ျဖစ္ပါသည္။ (GM)၏ (Tailgate Step)ဆုိသည္မွာ ၄င္း၏ (Pick-up)၏ ေနာက္ဖုံး၏ အပုိင္းမွ ေအာက္သို႕နိမ့္ဆင္းၿပီးေျခနင္းသေဘာမ်ိဳးပုံစံျဖစ္ပါသည္။ ထုိသုိ႕ ထြက္ေပၚလာသည့္ ေျခနင္းအား (ထိန္း)ထားႏုိင္ၿပိး ျပန္လည္ေခါက္သြင္း ျခင္းလည္းျပဳႏုိင္မည္ျဖစ္ပါသည္။

(U.S Truck)မ်ားကဲ့သို႕ ကိုယ္ထည္ျမင့္သည့္ကားမ်ားတြင္ အတက္အဆင္းသည္ မ်ားစြာခက္ခဲမႈ ရွိပါသည္။ ထုိျပႆနာအားေျဖရွင္းရန္ (Ford)မွ ၄င္း၏ (2009 F-150)မွစတင္ကာ (Tailgate)အျပင္ဖက္ တြင္ (Step)အားအစအဆုံးထည့္သြင္းခဲ့ပါသည္။ ယေန႕(GM)၏ တီထြင္မႈသည္ (Ford)၏ အႀကံဉာဏ္ အားအေျခခံၿပီးတုိးခ်ဲ႕ဖန္တီးျခင္းျဖစ္ၿပီးယာဥ္ေနာက္ဖက္ ဧရိယာအျပည့္နီးပါးက်ယ္ဝန္းသည့္ (ေျခနင္း) သေဘာမ်ိဳးအေနျဖင့္ တီထြင္ျခင္းျဖစ္ပါသည္။

(Chevrolet Silverado) တြင္ ထည့္သြင္းမည့္ (Tailgate Step) သည္ (Running Board)ပုံစံျဖစ္ၿပီးေနာက္ဖုံးဖြင့္လုိက္ပါကအဆင့္တစ္ခုထပ္မံဆင့္ထားသည့္ (ေလွကားထစ္)ကဲ့သို႕ ထြက္လာမည္ျဖစ္ပါ သည္။ အဓိအားျဖင့္ အေလးအပင္မ်ားအား (Truck)ေပၚသို႕ တင္/ခ်ျခင္းႏွင့္ ကေလးမ်ား/အမ်ိဳးသမီးမ်ားအတက္/အဆင္းလြယ္ကူေစရန္ အဓိကကူညီေထာက္ပံ့ေပးမည္ျဖစ္ပါသည္။ အျခားေသာ (Body)ျမင့္သည့္ (U.S Make SUV / Tracks)မ်ားတြင္ ကားေဘး(၂)ဖက္တံခါးမ်ားမွ အလိုအေလွ်ာက္ထြက္လာျခင္းျပဳႏုိင္သည့္ (Side Sliding Boat)မ်ားကုိက်ယ္ျပန္႕စြာတပ္ဆင္အသုံးျပဳၾကပါသည္။