Unicode version…

မကြာမှီအချိန်ကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (Detroit Auto Show)တွင် (Nissan)မှ ၄င်း၏ (Sporty Model)ဖြစ်သည့် (V motion 2.0 Concept) အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် လက်ရှိ (Nissan Maxima)၏ အရွယ်နှင့်တူညီပြီးနောက်ဆုံးပေါ်ဒီဇိုင်းဖြစ် ဖန်တီးထားပါသည်။

(Nissan V motion 2.0Concept)၏ အပြင်ဖက်ဒီဇိုင်းအားလှပသည့်အချိုးအကွေ့များစွာဖြင့် ဖန်တီးထားပြီးအပြင်ဒီဇိုင်းသစ်ဖြစ်သည့် ဘေးတံခါးများလည်းထည့်သွင်းထားပါသည်။ ထို့အတူအတွင်းခန်းကိုလည်းကျယ်ဝန်းသပ်ရပ်စွာဖွဲ့စည်းထားပြီး (Modern Finished in Wood / Leather)တို့ဖြင့် ပြုလုပ်ထားပါသည်။ (Dashboard) ဒီဇိုင်းအားနောက်ဆုံးပေါ်ပုံစံအသစ်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး (New Half-Steering Wheel)ကိုတပ်ဆင်ထားပါသည်။ ၄င်းတွင် (Nissan)၏ နောက်ဆုံးပေါ်နည်းပညာအသစ် ဖြစ်သည့် (Pro PILOT – Autonomous Driving) အပါအဝင် ခေတ်မှီနည်းပညာသုံးပါဝင်မှုများထည့်သွင်းထားပါသည်။

(V motion 2.0Concept) အားလက်ရှိ (Nissan) (Model Lineup)တွင် ထည့်သွင်းထားခြင်းမရှိသော်လည်း ၄င်းသည် (Nissan)၏ အနာဂတ် (Sedans)များ၏ ကနဦးပုံစံဖြစ်လာမည်ဖြစ်ပါသည်။ ထို့အတူမကြာမီထွက်ပေါ်လာမည့် (Nissan)၏ (Autonomous Cars)များတွင်လည်း (V motion 2.0Concept)၏ သွင်ပြင်လက္ခဏာများဖြင့် ဖန်တီးထားသည်ဟု (Nissan)မှ ပြောကြားခဲ့ပါသည်။

Zawgyi version..


