Unicode version…
ကမ္ဘာကျော်လျှပ်စစ်နှင့် နည်းပညာဆိုင်ရာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Panasonic သည် ဂျပန်အခြေစိုက် Toyota ၏ (Japanese Version) အပြင် ထုတ်လုပ်သည့် Toyota Prius Prime Plug-in Hybrid ကားတွင် (Solar Panel) အသုံးပြုထားသည့် ကားအမိုးအား တာဝန်ယူတပ်ဆင် ပေးမည် ဖြစ်ပါသည်။
Panasonic ၏ Solar အမိုးသည် လျှပ်စစ်ဓါတ်အား 180 watts ကို ထုတ်လုပ်ပေး မည်ဖြစ်ပြီး ၄င်းလျှပ်စစ်သည် Prius ၏ Lithium – ion battery ကို အားဖြည့်သွင်းပေး နိုင်မည် ဖြစ်ပြီး Hybrid ယာဉ်၏ Power များအတွက်လည်း သုံးစွဲနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Solar Roof အနေဖြင့် ကား Battery အား ယာဉ်မောင်းနေစဉ်အတွင်းမှာလည်း Charging ပေးသွင်းနိုင်မည်ဖြစ်ပါသည်။
Panasonic အနေဖြင့် Automaker ကဏ္ဍအတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် Toyota နှင့်သာမက ကမ္ဘာကျော် Tesla လျှပ်စစ်ကားကုမ္ပဏီ ဖြင့်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများရှိပြီး Tesla Acquired Solar City တည်ဆောက်ရန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။
Panasonic ၏ Solar Roof အသုံးပြုထားသည့် Prius Plug-in hybrid အား ယခုနှစ် November တွင်စတင်မိတ်ဆက်မည်ဖြစ်ပါသည်။ အလားတူ Panasonic အနေဖြင့် Pop-up solar panel များကိုလည်း တိုးချဲ့တီထွင်ရန် ရည်ရွယ်ထားပါသည်။
Zawgyi version..