Unicode version..

ပြင်သစ်အခြေစိုက် ကမ္ဘာကျော် Peugeot သည် ၄င်း၏ထူးခြားသည့် ဖန်တီးမှု တစ်ရပ်ဖြစ်သည့် New Instinct Concept အား ဖန်တီးထားပါသည်။ ၄င်းအား Shooting- Brake style ဖြင့် ဖန်တီးထားပြီး Long Roof Body ပုံစံဖြင့် တည်ဆောက်ထားပါသည်။ ၄င်းတွင် ကြီးမားခန့်ထည်သည့် အရှေ့ဖက် Grille Designအားတွေ့မြင်ရမည်ဖြစ်ပါသည်။

Peugeot’s Instinct Concept အားအဓိကအားဖြင့် Autonomy နှင့် Connectivity အတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ Autonomy အနေဖြင့် Instinct Concept တွင် လူသားထိန်းချုပ်မှု အချို့ ပါ၀င်သည့် Driving Relax Model တွင် Semi- Autonomous Assists များဖြစ်ကြသည့် Lane –keeping Assist / Adaptive Cruise Control စသည့် နည်းပညာများ စုံလင်စွာထည့်သွင်းထားမည်ဖြစ်ပါသည်။ Driving Boost Model နှင့် ပတ်သက်သည့် အသေးစိတ်အချက်များကိုမူ Peugeot မှပြောကြားခြင်းမရှိသေးပါ။

အခြားတစ်ခုဖြစ်သည့် Connectivity အနေဖြင့် Peugeot’s Instinct Concept တွင် ကမ္ဘာကျော် Samsung ၏ ARTIK Cloud အပါအဝင် အင်တာနက်ဆက်သွယ်မှုများစွာ ထည့်သွင်းထားမည် ဖြစ်ပါသည်။ Instinct Concept တွင် အဓိကအားဖြင့် များစွာသော Streaming Music များအား နားဆင်နိုင်ခြင်း၊ ကားတည်နေရာရှာဖွေခြင်းနှင့် သတင်းအချက်အလက်စုဆောင်းခြင်းအပါအဝင် Personal Data များသိမ်းဆည်းခြင်း စသည့်လုပ်ဆောင်မှုများစွာကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ၄င်း၏ Onboard Computer အနေဖြင့် ရာသီဥတုခန့်မှန်းခြင်း၊ ယာဉ်၏သတင်းအချက်အလက်ဖော်ပြမှုနှင့် အခြားသော ယာဉ်မောင်းအထောက်အကူပြု Apps များ စုံလင်စွာပါရှိမည် ဖြစ်ပါသည်။

Zawgyi version..

ျပင္သစ္အေျခစိုက္ ကမာၻေက်ာ္ Peugeot သည္ ၄င္း၏ထူးျခားသည့္ ဖန္တီးမႈ တစ္ရပ္ျဖစ္သည့္ New Instinct Concept အား ဖန္တီးထားပါသည္။ ၄င္းအား Shooting- Brake style ျဖင့္ ဖန္တီးထားၿပီး Long Roof Body ပံုစံျဖင့္ တည္ေဆာက္ထားပါသည္။ ၄င္းတြင္ ႀကီးမားခန္႕ထည္သည့္ အေ႐ွ႕ဖက္ Grille Designအားေတြ႕ျမင္ရမည္ျဖစ္ပါသည္။

Peugeot’s Instinct Concept  အားအဓိကအားျဖင့္ Autonomy ႏွင့္ Connectivity အတြက္ ဖန္တီးထားျခင္းျဖစ္ပါသည္။ Autonomy အေနျဖင့္ Instinct Concept တြင္ လူသားထိန္းခ်ဳပ္မႈ အခ်ိဳ႕ ပါ၀င္သည့္ Driving Relax Model တြင္ Semi- Autonomous Assists မ်ားျဖစ္ၾကသည့္ Lane –keeping Assist / Adaptive Cruise Control စသည့္ နည္းပညာမ်ား စံုလင္စြာထည့္သြင္းထားမည္ျဖစ္ပါသည္။ Driving Boost Model ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္မ်ားကိုမူ Peugeot မွေျပာၾကားျခင္းမ႐ွိေသးပါ။

အျခားတစ္ခုျဖစ္သည့္ Connectivity အေနျဖင့္ Peugeot’s Instinct Concept တြင္ ကမာၻေက်ာ္ Samsung ၏ ARTIK Cloud အပါအ၀င္ အင္တာနက္ဆက္သြယ္မႈမ်ားစြာ ထည့္သြင္းထားမည္ ျဖစ္ပါသည္။ Instinct Concept တြင္ အဓိကအားျဖင့္ မ်ားစြာေသာ Streaming Music မ်ားအား နားဆင္ႏိုင္ျခင္း၊ ကားတည္ေနရာ႐ွာေဖြျခင္းႏွင့္ သတင္းအခ်က္အလက္စုေဆာင္းျခင္းအပါအ၀င္ Personal Data မ်ားသိမ္းဆည္းျခင္း စသည့္လုပ္ေဆာင္မႈမ်ားစြာကို ျပဳလုပ္ႏိုင္မည္ျဖစ္ပါသည္။ ၄င္း၏ Onboard Computer အေနျဖင့္ ရာသီဥတုခန္႕မွန္းျခင္း၊ ယာဥ္၏သတင္းအခ်က္အလက္ေဖာ္ျပမႈႏွင့္ အျခားေသာ ယာဥ္ေမာင္းအေထာက္အကူျပဳ Apps မ်ား စံုလင္စြာပါ႐ွိမည္ ျဖစ္ပါသည္။