Unicode version..
ဂျာမနီအခြေစိုက် (Porsche)သည် တန်ဖိုးမြင့် ကားများ (ပြိုင်ကားအများစု)ကို အဓိကထုတ်လုပ် သည့် (Premium Brand) တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် အမျိုးအစားအနည်း ငယ်သာထုတ်လုပ်သော် လည်း အရည်အသွေးမြင့်မားပြီး အထူးစွမ်းဆောင်ရည်ကောင်းမွန်သည့်အတွက် ကမ္ဘာ့ကားလောကတွင် ထိပ်တန်းမှ ရပ်တည်နိုင်သည့် (Brand)တစ်ခုပင် ဖြစ်ပါသည်။
(Porsche)အား ဂျာမနီနိုင်ငံ (စတူးဝက်မြို့)ရှိ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် (Mr Ferdinand Porsche)မှ (1931)ခုနှစ်တွင် စတင်တည်တောင်ခဲ့ပါသည်။ (Mr Ferdinand)သည် (1920)ပြည့်နှစ်ကာ လများမှ စတင်ကာ (Daimler)၏ အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦးအဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး (Mercedes-Benz)၏ (SS)နှင့် (SSK)၊ (Sports Car)များကို ဖန်တီးခဲ့သူလည်း ဖြစ်ပါသည်။ (Prosche Brand)သည် ကနဦးကာလများတွင် (Volkswagen)မှ နည်းပညာများခွဲဝေရယူခဲ့ပြီး ၎င်း၏ ပထမဆုံး (Models)များဖြစ်ကြသည့် (Small < Sport Cars)များအား (Classic)အား အခြေခံကာ ထုတ်လုပ်ထား ပါသည်။ (1948-50)ကာလများ၌ (Porsche Cars)များသည် (Mr Ferdinand)နှင့် သူ၏သား ဖြစ်သူတို့၏ ကိုယ်ပိုင်စိတ်ကူးဉာဏ်များဖြင့် အဓိက ဖန်တီးထားပြီး (Austria) နိုင်ငံတွင် အဓိက ထုတ်လုပ်ခဲ့ပါသည်။
(1950)ပြည့်ကာလများတွင် (Porsche)မှ (Low-cut windshield) (356 Speedster Model)နှင့် (Lightweight < Spyder > Model)ဟူ၍ အထူးထင်ရှားခဲ့သည့် ကားနှစ်မျိုးအားထုတ်လုပ်ခဲ့ပြီး ၎င်းတို့ သည် ပြိုင်ကားလောကတွင် အလွန်ထင်ရှားခဲ့သည့် ကားများဖြစ်ခဲ့ပါသည်။ (1965)ခုနှစ်ခန့်တွင် (Porsche 356)အား (Porsche 911)အမည်သစ်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။ (New 911)တွင် (All-new 6-cylinder engine)အား ပထမဆုံးအနေဖြင့် (Porsche Sports Cor)များသည် (Monte Carlo)ကားပြိုင် ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ပါသည်။ ထိုမှ တဖန် (Air-cooled Flat-six engine)ကို (911)တွင် ထပ်မံ ထိုးချဲထည့်သွင်းခဲ့ပါ။
(1970)ပြည့်နှစ်ကာလများတွင် (914 Sport Cor)အား မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် (911 Turbo)၊ (924-water-cooled I4)နှင့် (928-V8Engine, 4-Seat coupe)တို့အား ဆက်လက်ထုတ် လုပ်ခဲ့ပါသည်။ (1980)ဖြည့်လွန်နှစ်များတွင် (Porsche 956)အားထုတ်လုပ်ခဲ့ပြီး ၎င်းသည် (Porsche)၏ အောင်မြင်မှုအရှိဆုံး (Racecar)အဖြင့်ထင်ရှားခဲ့ပါသည်။ ထို့အတူ (Twin-turbo AWD 959 model)တို လည်းထုတ်လုပ်ခဲ့ပြီး ၎င်းသည် (Paris-Dakar Rally)ပွဲကြီးတွင် အမြန်ဆုံး (195 mph)ခန့် မောင်းနှင်နိုင် ခဲ့ပြီး ပထမဆုလည်းရရှိခဲ့ပါသည်။ (1984)ခုနှစ်တွင် (Athletic 944)အားထပ်မံထုတ်လုပ်ခဲ့ပြီး ၎င်းသည် (911)၏ (Convertible Version)ဖြစ်ပါသည်။ ထို့အပြင် (924)နှင့် (944)တို့ကိုလည်း ဆက်လက်ထုတ်လုပ် ခဲ့ပါသည်။ (1990)ဖြည့်ကာလများတွင် (968 Model)အား (944 Model)အစားထုတ်လုပ်ခဲ့ပါသည်။ (1997)ခုနှစ်တွင် (Boxster Roadster)အားထုတ်လုပ်ခဲ့ပါသည်။ (2003)ခုနှစ်တွင် (Porsche)၏ ပထမဆုံး (Sport SUV)ဖြစ်သည့်။ (Cayenne SUV)အား မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။
ယခုအချိန်တွင် (Porsche)သည် (Sport Cars)များကို အဓိကထုတ်လုပ်ပြီး (Panamera Sedan) နှင့် (SUVs)များ ကိုလည်း ထုတ်လုပ်သည့် ကမ္ဘာ့ကျော် (Brond)တစ်မျိုးဖြစ်ပါသည်။ (Porsche Models) များသည် ဇိမ်ခံပစ္စည်းများ စုံလင်စွာပါ၀င်ခြင်း အသုံးပြုရန် အဆင်ပြေမှုရှိခြင်းသည့် (Handling Performence) အထူးကောင်းမွန်မှုရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့ကားလောကတွင် ထင်ရှားပြီး လူကြိုက်များသည့် (Brand)တစ်ခုအနေဖြင့် ရပ်တည်နေသည်ကို တွေ့ရပါမည်။porsche-5 porsche-1 porsche-2 porsche-3 porsche-4
Zawgyi version…