ပျော်ရွှင်စရာတွေနဲ့လမ်းကြမ်း

Range Rover Evoque Review

 

DRIVE မဂ္ဂဇင်း အယ်ဒီတာ မစ္စတာ ကင်မရွန်ကော်ပါးသည် ရန်ကုန်ရဲ့ ကြမ်းတမ်းတဲ့လမ်းတွေကိုဖြတ်ပြီး  ရန်ကုန်-မန္တလေး လမ်းတစ်လျှောက် 2016 Range Rover Evoque ကို မောင်းနှင်ခဲ့ပါတယ်။ ပြီးတော့ ပြန်မရနိုင်တဲ့အချက်တွေကို တွေးမိပါတယ်။

 

၁၉၄၈ ခုနှစ်တွင် ဗြိတိန်ကား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Rover သည် ပထမဦးဆုံး SUV ကားတစ်ခုဖြစ်ပြီး ယခု  Defender လို့လည်း လူသိများတဲ့ ၄င်းရဲ့ ပတမဦးဆုံး လမ်းကြမ်းမောင်းနှင်နိုင်သည့်ကားကို ထုတ်ဖော်  မိတ်ဆက်ခဲ့ပါတယ်။ အချိန်ကာလအကြာကြီးဖြစ်သော်လည်း ၄င်းသည် ခိုင်မာတဲ့ကားတစ်စီးဖြစ်ပြီး တခြားကားတွေ မသွားနိုင်တဲ့နေရာတွေကိုသွားလာနိုင်ပြီး လေးဘီးမောင်းစနစ်ကို အလွယ်တကူရနိုင်ပါတယ်။ နှစ်ပေါင်း (၃၀) လောက်ကြာမြင့်ပြီးတဲ့အခါ Range rover သည် ၄င်းရဲ့ရှေ့က သန်မာခိုင်ခံ့တဲ့ကားတွေလို

လုပ်နိုင်စွမ်းနီးနီးရှိတဲ့ လမ်းကြမ်းတွေမှာ မောင်းနှင်နိုင်တဲ့ ဇိမ်ခံကားတွေကို ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အတွင်းထဲမှာ ဇိမ်ခံပုံစံပြုလုပ်ထားပြီး အပြင်ဘက်မှာ ပိုပြီး စတိုင်ကျအောင် ပြုလုပ်ထားတာမျိုးဖြစ်ပါတယ်။ ဒီလိုကားမျိုးတွေကို မြို့ထဲမှာရှိတဲ့လူတွေနဲ့ နိုင်ငံအနှံ့မှာရှိတဲ့လူတွေ အများဆုံးဝယ်ယူစီးနင်းကြပါတယ်။  drive-test-21

တကယ့် လယ်ယာလုပ်ကိုင်တဲ့သူတော်တော်များများသည် ခိုင်ခံ့တဲ့ Defender ကိုပိုပြီး နှစ်သက်ကြပါတယ်။ (နှစ်ပေါင်း ၆၈ နှစ်ကြာပြီး ဒီနှစ် ဆက်လက်မထုတ်လုပ်တော့သည့် ကား၊ ဒါပေမဲ့ သင့် ရန်ကုန်အရောင်းပြခန်းတွေမှာ တစ်စီးလောက်ကို ရှာဖွေနိုင်သေးပါတယ်။)

 

၉၀ ပြည့်နှစ်များမှာတော့ အတွင်းဘက်နေရာကောင်းမွန်မှု၊ လမ်းမထက်မှာ ကြည့်ကောင်းမှု၊ လုံခြုံမှုကို ခံစားရမှုတို့ကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်များသည် SUV များကို ၄င်းတို့ကလေးများ ကျောင်းလိုက်ပို့ဖို့ အတွက် ရွေးချယ်မောင်းနှင်ခဲ့ကြပါတယ်။ နောက်ပြီး SUV များဟာ လမ်းပေါ်က လူတွေကို ရှိန်စေတယ်လေ။drive-test-22

 

ကားဘရန်းတော်တော်များများသည် အနည်းငယ်လမ်းကြမ်းမှာပဲ မောင်းနှင်နိုင်တဲ့ တကယ့် soft-roaders တွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ဝယ်လိုအားမြင့်တက်ပြီး ကားဘရန်းတိုင်းနီးပါးလိုလို SUV စတိုင်ကား ဝယ်လိုအားကို ရရှိခဲ့ပါတယ်။ ပြီးတော့ SUV အသေးစား “Crossover” စတိုင် ပေါ်လာခဲ့ပါတယ်။

 

ထို့နောက် ၂၀၁၁ ခုနှစ်တွင် Range Rover Evoque ပေါ်လာပါတယ်။ ၄င်းကို crossover လို့လည်းခေါ်ပါ တယ်။ ဒါပေမဲ့ တကယ်တော့ အသေးစိတ်ကျရမယ်ဆိုလျှင် Range Rover အသေးစားဖြစ်ပါတယ်။ ပြီးတော့ ၄င်းသည် စီးနင်းမောင်းနှင်ဖို့ ရယ်ရွှင်စရာတစ်ခုတော့ဖြစ်ပါတယ်။

 

အပြင်ဘက်

SUV များသည် အမြဲတမ်း စတိုင်ဒီဇိုင်းကို ဦးစားပေးလျက်ရှိပါတယ်။ ဒါပေမဲ့ Range Rover ကထုတ်တဲ့ ကားမော်ဒယ်များကတော့ အမိုက်စား LEC မီးလုံး၊ LED နောက်မီးတွေနဲ့အတူ တောကောင်တစ်ကောင်နဲ့ အနည်းငယ်ဆင်ပြီး တော်တော်ဆွဲဆောင်မှုရှိအောင် ပြုလုပ်ထားပါတယ်။ ၄င်းရဲ့ပုံစံက မာန်ဖီနေတဲ့ ခွေးဘီလူး

တစ်ကောင်လိုမျိုးပါပဲ။ ခိုင်ခံ့ပါတယ်။ ဒါပေမဲ့ ၄င်းရဲ့ မြင့်မားပြီး ထိုင်ခုံပိုမြင့်ကာ နိမ့်တဲ့အမိုးတွေဟာ အထက်တန်းမကျတဲ့ ပုံစံတစ်ခုကို ပေးနေခြင်းမျိုးတော့ မဟုတ်ပါဘူး။ အမည်းရောင် Range Rover လေးဆို ငယ်ရွယ်တဲ့လူတစ်ယောက်ရဲ့ စနေနေ့ည ဆံပင်ပုံစံလေးနဲ့တူပါတယ်။drive-test-24

 

အတွင်းဘက်

အတွင်းဘက်ကတော့ ဆန်းပြီး သင်တွေးထားတာထက် ပိုပြီးကြီးမားပါတယ်။ အပေါ်ဘက်က နိမ့်တဲ့အမိုးလိုင်း

က သင့်ကို သင့်နဖူးနဲ့ မျက်နှာကျက်တိုက်မိလိမ့်မယ်လို့ ထင်မှတ်စေပါတယ်။ ပြီးတော့ အလျားတိုတိုနဲ့ အနောက်

Cargo space နဲ့ နောက်ထိုင်ခုံ ခြေထည့်တဲ့နေရာသည် သေးငယ်မယ်လို့လည်း သင်ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အနောက်ဘက်မှာ အရွယ်ရောက်ပြီးသူ ၂ယောက်အတွက် ကောင်းကောင်းဆန့်မဲ့ နေရာအများကြီးရှိပါတယ်။

(တစ်ယောက်ကတော့ သောင်းကျန်းနေတဲ့ကလေး) ပြီးတော့ တစ်ပတ်စာ အိတ်တွေအတွက် နေရာလုံလုံလောက်လောက်ရှိပါတယ်။drive-test-23

 

ဗြိတိန်ရဲ့အစဉ်အလာအားဖြင့် ကားမောင်းဒရိုင်ဘာရဲ့ ထိုင်ခုံကို လက်အိတ်တစ်ခုလို တပ်ဆင်ထားပါတယ်။

ကြပ်ကြပ်ကြီးတပ်ထားတာမျိုး မဟုတ်ပါဘူး။ ဇိမ်ကျကျနဲ့ သက်သောင့်သက်သာလေးဖြစ်စေရုံအတွက်သာ ဖြစ်ပါတယ်။ ထိုင်ခုံများသည် လယ်သာ (သားရေ) သားများဖြစ်ပြီး ဇိမ်ခံပုံစံမျိုးဖြစ်ပါတယ်။ ထိန်းချုပ်မှု ကိရိယာတွေကို ကောင်းမွန်စွာ ခင်ကျင်းထားပါတယ်။ ပြီးတော့ ၄င်းရဲ့ မောင်းနှင်မှုပုံစံကို ပြောင်းလဲရာတွင် အသုံးပြုဖို့ touchscreen တစ်ခု ၊ ခလုတ်များ၊ မောင်းနှင်မှု ပုံစံများကို ပါဝင်ပေးထားပါတယ်။

 

အင်ဂျင်နှင့် စွမ်းဆောင်ရည်

၂.ဝ လီတာရှိတဲ့ တာဘို ဒီဇယ်အင်ဂျင်သည် သေးငယ်ပေမဲ့ အင်ဂျင်မြန်နှုန်းနည်းနည်းမှာ လိမ်အားအများကြီးဖြင့် မြင်းကောင်ရေ ၁၉၀ ထုတ်လုပ်နိုင်တဲ့ စွမ်းအားပြည့်ဝတဲ့ မော်တော်အင်ဂျင်ဖြစ်ပါတယ်။ Range Rover တွင် တခြားဈေးကြီးတဲ့ ဒီဇယ်ကားတွေမှာ ဖြစ်ပေါ်တတ်တဲ့၊ ဘတ်စ်ကားတွေမှာ ထွက်လေ့ထွက်ထရှိတဲ့ ဒီဇယ်အင်ဂျင်က ထွက်တတ်တဲ့ ဆူညံသံများကို ဖယ်ရှားထားပါတယ်။ Range Rover Evoque

ကို မောင်းနှင်သောအခါ အမြင့်ဆုံးမြန်နှုန်းမှာတောင် တေးဂီတ အိတ်ဇောအသံကို ရရှိမှာဖြစ်ပါတယ်။

 

ပရမ်းပတာမောင်းတဲ့ ကားမောင်းသူကိုတောင် Evoque သည် စိတ်ပါဝင်စားစွာဆွဲဆောင်စေမှာဖြစ်ပါတယ်။

တခြား များစွာသှော့ဠ တွေမှာပါတဲ့ ထိန်းချုပ်မှုတွေနဲ့မတူဘဲ သင့် နလသဆကန ရဲ့ ဆိုင်းငံ့နဲ့ ဘရိတ်တွေကို

ခံစားနိုင်မှာဖြစ်ပါတယ်။ ၆ ဒသမ ၈ စက္ကန့်ဖြင့် ၁ နာရီ ၁၀ဝ ကီလိုမီတာကို ရောက်ဖို့ဆိုတာ ဒီနေ့တွေမှာ တကယ်မရှိနိုင်ပါဘူး။ ဒါပေမဲ့ ဒါဟာ မနှေးလှပါဘူး။ ဒါဟာ ၁၉၈၀ ပြည့်နှစ်များမှ င်္နမမမေင ၃၀၈ ထက် မြန်ဆန်ပါတယ်။

 

၎င်းသည် ကိုယ်ထည်မှာ သင့်တင့်တဲ့အလေးချိန်ရှိပါတယ်။ ဝဖိုင့်ဖိုင့်မဟုတ်ဘဲ တောင့်တင်းခိုင်မာမှုကဲ့သို့

ခံစားမှုမျိုးကို ခံစားရမှာဖြစ်ပါတယ်။ အလေးချိန်ကို လျှော့ချဖို့ အလူမီနီယံနဲ့ အရည်အသွေးမြင့် ပလတ်စတစ်တွေကို သုံးထားသော်ငြား ကားပိုင်ရှင်တော်တော်များများ ဘယ်မှာမှ ရှာဖွေမှာမဟုတ်တဲ့ လမ်းကြမ်းသွား  အစိတ်အပိုင်းများကို ၄င်းရဲ့အစိတ်အပိုင်းတွေထဲမှာ များစွာအသုံးပြုထားပါတယ်။

 

လမ်းကြမ်းမောင်းနှင်မှု

Evoque သည် အကောင်းဆုံးမော်တော်ကားဖြစ်ပေမဲ့ ဈေးသက်သာတဲ့ SUV အမျိုးအစားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လမ်းကြမ်းမောင်းနှင်တဲ့ကားစစ်စစ်ဖြစ်ပါတယ်။ ရေမီတာ တစ်ဝက်လောက်ထဲမှာ ဖြတ်ပြီးမောင်းနှင်နိုင်ပါတယ်။ (မြစ်တွေဘာတွေ ဖြတ်ဖို့လိုတဲ့အခါပေါ့) touchscreen က ရေအနက်ကိုပြပေးမှာ ဖြစ်ပါတယ်။ မညီညာတဲ့ ကျောက်တုံးမျက်နှာပြင်တွေကိုတက်နိုင်ဖို့အတွက်ကိုလည်း

ဘီး ၃ ဘီးမှာ တပ်ဆင်ထားပါတယ်။ ချောမွတ်တဲ့ လမ်းတွေပေါ်မှာ ဘီးတစ်ဘီးချင်းစီက ဦးတည်ချက်တွေကိုရောက်ရှိအောင်  ဖက်တွယ်ပေးမဲ့ ပါဝါဖြန့်ဖြူးခြင်းလည်း ပါဝင်ပါတယ်။

 

လေးဘီးမောင်းစနစ် handware တွင် Terrain Response ကွန်ပျူတာထိန်းချူပ်စနစ်ကို အဓိကပြုလုပ်ထားပါတယ်။ သင်သည် လမ်းမျက်နှာပြင်အမျိုးအစားကို ရွေးလိုက်တာနဲ့ စနစ်သည် ညှစ်အား တုံ့ပြန်ပြီး ပါဝါဖြန့်ဖြူးမှု၊ ဆိုင်းငံ့ချိန်ညှိမှုတို့သည် ကိုက်ညီစေမှာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြို့ထဲမှာစီးရတာ

ကောင်းမွန်ကာ သက်သောင့်သက်သာရှိစေပြီး လမ်းကြမ်းမှာတော့ ရုန်းအားအလွန်ကောင်းပါတယ်။

 

၎င်းတွင် ကျောက်စရစ် အစောင်းအငဲ့တွေပေါ်မှာ သင့်ကို ဝိုင်းထိန်းပေးဖို့ တောင်ကုန်းအဆင်း ထောက်ကူမှု

တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လိုအပ်လျှင် Shock absorbers တွေရဲ့ တည်ငြိမ်မှန်ကန်မှုကို လုံးဝပြောင်းလဲပေးနိုင်တဲ့ ManageRide ဆိုင်းငံ့လည်း ပါဝင်ပါတယ်။

 

ပြောရမယ်ဆိုသော် Evoque မှာ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးအချို့ရှိပါတယ်။ Sport ဆီဒန်လည်းဖြစ်၊

လမ်းကြမ်းမောင်းနှင်တဲ့ကားလည်းဖြစ်၊ (သို့) ခရီးသွားဖို့ ကောင်းတဲ့ကားတစ်စီးဖြစ်ပါတယ်။ နောက်ပြီး အခြေအနေမျိုးစုံတွင် စွမ်းရည်ရှိတာထက် ပိုပြီးစွမ်းဆောင်နိုင်ပါတယ်။ ကားက အမြင်မှာလည်း တင့်တယ်ပြီး ( ၄င်းက အမျိုးသမီးတွေကိုလည်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကိုမစမ်းသပ်ခဲ့ရပါဘူး)

ပြီးတော့ ပိုပြီးအရေးကြီးတဲ့အချက်အနေနဲ့ Evoque သည် မောင်းနှင်ဖို့အကောင်းဆုံး ပျော်စရာတွေကို ဖြစ်စေပါတယ်။…. ဒါကို သင်ကိုယ်တိုင် ဘယ်မှာပဲဖြစ်ဖြစ် ရှာဖွေနိုင်မှာဖြစ်ပါတယ်။

 

SPEC SHEET 2016

Range Rover Evoque

 

အင်ဂျင်

၂.၀ လီတာ ဒီဇယ်

 

မြင်းကောင်ရေ

190hp/140Kw

 

လိမ်အား

300 ft-lbs/420 Nm

 

ဂီယာ

၉  ချက် အော်တိုမက်တစ်

 

အလေးချိန်

1685kg

 

Boot

575lt

 

0-100km/hr

6.8 seconds  

 

လောင်စာသုံးစွဲမှု

6lt/100km