မကြာမီကကျင်းပခဲ့သည့် (Geneva Auto Show)တွင် ကမ္ဘာကျော် Land Rover မှ Model အသစ်ဖြစ်သည့် Range Rover Velar အား မတိဆက်ပြသခဲ့ပါသည်။ ၄င်းသည် Range Rover Evoque နှင့် Range Rover Sport တို့၏ အကြားအရွယ်အစားရှိသည့် ကားဖြစ်ပြီး Land Rover ၏ ခြောက်မျိုးမြောက် Luxury SUV Model လည်းဖြစ်ပါသည်။
New Rang Rover Velar ၏ ဒီဇိုင်းနှင့် လက္ခဏာသွင်ပြင်များအား Range Rover Sport နှင့် Range Rover Evoque တို့နှင့် တူညီစွာ ဖန်တီးထားပါသည်။၎င်းအား လှပဆန်းသစ်သည့် ဒီဇိုင်းပုံစြုံဖင့် ဖန်တီးထားပြီး ၄င်း၏ အမိုးပြင်၊ ရှေ့မီးလုံးနှင့် (Grille)တို့အား အနက်ရောင်သီးသန့်ဖြင့်လည်း ရရှိနိုင် မည်ဖြစ်ပါသည်။ ထို့အတူ ၄င်း၏ အတွင်းခန်းကိုလည်း ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီး (Dual- Screen Controls) ပုံစံကိုလည်းထည့်သွင်း ထားပါသည်။၎င်းသည် ခရီးသည် (၇)ယောက်စီး ခုံ(၃)တန်း ပုံစံကားဖြစ်ပြီး (Range Rover Sport)ကဲ့သို့ ကျယ်ဝန်းသည့် Cargo Space လည်းပါရှိပါသည်။
Range Rover Velar တွင် အင်ဂျင်စနစ်(၃)မျိုးထည့်သွင်းထားပါသည်။၎င်းတို့မှာ – (I4 Turbo diesel Engine)၊ (180hp) အင်ဂျင်/ (I4 Turbocharged Petrol Engine)၊ (247 hp) အင်ဂျင်နှင့် (V6 Supercharged Petrol Engine)၊ (380 hp) အင်ဂျင်တို့တပ်ဆင်ထားပါသည်။ အဆိုပါအင်ဂျင်(၃)မျိုး သည် (Jaguar F- PACE)တွင် ပါရှိသည့် အင်ဂျင်များဖြစ်ကြပါသည်။
Range Rover Velar တွင် (Unique item) များစုံလင်စွာပါဝင်ပြီး (Adaptive Cruise Control)၊ (Forward collision warning) အစရှိသည့် နည်းပညာသုံးပါဝင်မှုများစွာကိုလည်း ထည့်သွင်းထားပါသည်။ New Velar အား (US$ 51000) ၀န်းကျင်ခန့်ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ရောင်းချမည်ဖြစ်ပါသည်။၎င်းနှင့် နှိုင်းယှဉ်ရွေးချယ်နိုင်မည့် အခြားသော Brands များမှာ (BMW X 5)၊ (Audi Q 7)၊ (Mercedes – Benz GLE)၊ (Volvo XC 90) တို့ဖြစ်ကြပါသည်။