Unicode version…
ဂျပန်အခြေစိုက်ကမ္ဘာကျော် (Nissan)မှ (Self-driving)နည်းပညာအသုံးပြုထားသည့် ကားဖြစ် သည့် (Nissan Serena)အား ပြည်တွင်းစျေးကွက်သို့ (2016 August)တွင် စတင်ဖြန့်ချီလိုက်ပါသည်။ ၄င်းသည် (Minivan) အမျိုးအစားကားဖြစ်ပြီး (Autonomous Driving)နည်းပညာတစ်မျိုးဖြစ်သည့် (Pro PILOT System)ကိုမိတ်ဆက်ထည့်သွင်းထားမည်ဖြစ်ပါသည်။ ထိုစနစ်သည် အဝေးပြေးလမ်းမများတွင် မောင်းနှင်ရန် အထူးသင့်တော်မှုရှိသည့် စနစ်ဖြစ်ပြီးလမ်း၏ အခြေအနေ (Steering) နှင့်ယဉ်၏ ဟန်ချက် တို့အားကောင်းစွာချိတ်ဆက်ထားပြီးယာဉ်မောင်းမှ (Steering Wheel)ကိုသာအဓိကအသုံးပြုနေထိုင်ရန် လိုအပ်ပြီးအားစိုက်မှုများစွာအသုံးမပြုရခြင်း၊ (Steering Wheel)နှင့် ချိတ်ဆက်ထားသည့် အာရုံခံကိရိယာများမှ လမ်းနှင့် အရှေ့မြင်ကွင်းအနေအထားများအားတိုင်းတာပေးခြင်းနှင့် အရှိန်လွန်မောင်းနှင်မှု အပါအဝင် လမ်းအထက်ရှိဘေးအန္တာရာယ်များကိုလည်းသတိပေးအလင်းရောင်၊ အသံတို့ဖြင့် ယာဉ်မောင်းအားသတိပေးမည်ဖြစ်ပါသည်။
(Nissan)၏ (Pro PILOT System)သည် ဂျပန်နိုင်ငံရှိကားကုမ္ပကီးများတွင် ပထမဆုံးတီထွင် သည့်စနစ်ဖြစ်ပြီးယခုလက်ရှိစနစ်ကိုအခြေခံကာ (2018)ခုနှစ် နောက်ဆုံးထား၍ လမ်းဖြတ်များ၊ လမ်းဆုံများနှင့် ရှုပ်ထွေးသောလမ်းအနေအထားများအထိကောင်းစွာအသုံးပြုနိုင်သည့် (Advance Pro PILODT System)အားတီထွင်နိုင်မည်ဟု (Nissan)၏ (Executive Vice President)ဖြစ်သူ (Mr Hideyuki Sakamoto)မှ ပြောကြားခဲ့ပါသည်။ ထို (pro PILOT System)နှင့် နည်းပညာတူညီမှုရှိသည့် (Pilot Assist)အား (Cadillac CT6)နှင့်(Volvo S 90 Sedan)တို့တွင် ထည့်သွင်းထားပါသည်။
Zawgyi version…