ဂျာမနီအခြေစိုက် Smart သည် ၄င်း၏ New for two အား Fully Electric Car အနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ယခင်က For Two Model တွင် ပုံမှန် (Inefficient Gasoline Engine)စနစ်ကို အသုံးပြုထားပြီး ၄င်းအင်ဂျင်သည် ဓါတ်ဆီတစ်ဂါလံအား ခရီးမိုင် ၃၃မိုင်ခန့်အထိအသုံးပျြုနိုင်ပါသည်။ အဆိုပါ For two တွင် 3-cylinder engine 89hp အင်ဂျင်စနစ်အား အဓိကအသုံးပြုထားပါသည်။ သို့သော်၎င်း၏ New For two အား လျှပ်စစ်ကား အနေဖြင့် အစားထိုးထုတ်လုပ်ထားမည်ဖြစ်ပြီး မြောက်အမေရိကဈေးကွက် သို့ 2018 တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။ အလားတူ Smart ၏ Model အားလုံးအား မဝေးလှသည့် အနာဂတ်ကာလတွင် Fully Electric Vehicles များအဖြစ် ပြောင်းလဲ ထုတ်လုပ် မည် ဖြစ်ပါသည်။
2018 For Two Model သည် လျှပ်စစ်သီးသန့်အနေဖြင့် 74 မိုင် ခန့်အထိ အမြင့်ဆုံးအသုံးပြုနိုင် မည်ဖြစ်ပါသည်။ထို့အထူ ၄င်း၏ လျှပ်စစ်မော်တာသည် ဓါတ်ဆီအင်ဂျင်စနစ်ထက် Low Speed အခြေအနေတွင် Torque ပိုမိုရရှိနိုင်မည်လည်းဖြစ်ပါသည်။
Smart သည် ၄င်း၏ကားများအား အရွယ်အစားသေးငယ်ပြီး လျှင်မြန်သွက်လက်သည့် ဒီဇိုင်းပုံစံ ဖြင့် အဓိကဖန်တီးထားပြီး တိုတောင်းသည့်ခရီးများ မြို့တွင်းအသုံးပြုခြင်းများ၊ လူငယ်များအသုံးပြုခြင်းများ အတွက် အဓိကရည်ရွယ်ကာ ဖန်တီးထားခြင်းဖြစ်ပါသည်။ ထိုသို့ အလွန်သေးငယ်ပြီး သွက်လက်သည့် Smart Cars များအား Electric Car များအဖြစ် တိုးတက်ပြောင်းလဲလိုက်ခြင်းသည် Smart ၏ရည်မှန်းချက် ဖြစ်သည့် City Car ဟု အမှန်တကယ်သတ်မှတ်နိုင်မည်ဖြစ်ပြီး နေရာမရွေး၊ အရွယ်မရွေး အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။