Unicode version…
Some Crazy Features Missing From Base Model Cars
(Latest Models)များ ဖြစ်ကြသည့် (2016/2017) (Model)ကားများအား ၀ယ်ယူပါက ငွေကြေး အရ များစွာအသုံးခွဲလိုသူများသည် (Base Models)များကိုလည်း ၀ယ်ယူကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့ ရွေးချယ်မည့် (Base Model)များသည်အခြေခံအကျဆုံးဖြစ်သော်လည်း ခေတ်မှီပါ၀င်မှုများအား စုံလင်စွာ ထည့်သွင်းထားမည်ဟု ယုံကြည်ကြပါသည်။ သို့သော်အချို့သော (Brands)များ၏ အချို့သော (Models) များသည် အံ့သြဖွယ်ကောင်းလောက်အောင် အခြေခံကျသည့် ပါ၀င်မှုများအား ထည့်သွင်းထားခြင်းမရှိသည် ကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့ (Base Features Missing)ဖြစ်သည် ကားများအား စုစည်းတင်ပြပါ သည်။
Chevrolet Spark: (Power Lock)
Chevrolet ၏ (Subcompact Hatchback)ဖြစ်သည့် (Spark)၏ (Base Model)တွင် (Side Curtain Airbags)၊ (GM’s Onstar System)၊ (Wi-Fi hotspot)နှင့် (Power windows)စသည့် ခေတ်မှီ ပါ၀င်မှုများကို ထည့်သွင်းထားသော်လည်း ရိုးရှင်းလှသည့် (Power Lock)စနစ်အား မထည့်သွင်းထားပါ။ ထို (Power-lock)အား (Upscale Levels) များတွင်သာမှာ ယူရနိုင်မည် ဖြစ်ပါသည်။
Dodge Journey (Floor Mats)
(U.S)၏ စျေးအချိုဆုံး(Midisize SUV)တစ်မျိုး ဖြစ်သည့် (Dodge Journey)တွင် (Steel Wheels)၊ (Hubcaps)၊ (Plastic exterior mirror caps)အစရှိသည့် (SUV)သုံးပစ္စည်းများအား စုံစုံလင်လင်ထည့် သွင်းထားသော်လည်း (Floor Mats – ခြေနင်းကြမ်းခင်း)အား ထည့်သွင်းရန် မေ့လျော့နေသည်ကို တွေ့မြင် ရပါသည်။
Hyundai Accent : (Center-console Storage Box)
(Hyundai Accent)သည် လူသုံးများသည့် (Economy Car)အမျိုးအစားဖြစ်ပြီး ၄င်း၏ (Base-madel)တွင် ကားတစ်စင်းအတွက် အခြေခံပါ၀င်မှုများဖြစ်ကြသည့် – (Air-con)၊ (Keyles entry)၊ (Split-folding rear seat)စသည်ပါ၀င်မှုများအား ထည့်သွင်းသော်လည်း ကားအရှေ့ဖက်ရှိ (Center-console Storage Box)မပါရှိမှုသည် အံသြဖွယ်ဖြစ်ပါသည်။
Jeep Renegade: (Air Conditioning)
ယခုမှောက်ကာလတွင် မော်တော်ယာဉ်ဆိုင်း၌ (Air-con)စနစ်အား (Standard)အနေဖြင့် ထည့်သွင်းထားမှုသည် ပုံမှန်ဖြစ်ပါသည်။ သို့သော် (Jeep)၏ (Economy Model)တစ်မျိုးဖြစ်သည့် (Jeep Renegade)၏ (Base Model)တွင် (Air-con system)အား မပါရှိသည်ကို အံ့အားသင့်ဖွယ်တွေ့မြင်ရပါ သည်။ ၄င်းတွင် (Air-con)စနစ်မပါရှိသော်လည်း (Power windows / door locks)ကဲ့သို့ ပါ၀င်မှုများအား (Standard)အနေဖြင့် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။
Toyota Corolla: (Transmission)
လူကြိုက်များထင်ရှားသည့် (Toyota Corolla)တွင် (CVT-Automatic Gear)ကို ယခုအခါ ကျယ်ပြန့်စွာ အသုံးပြုထည့်သွင်းထားပါသည်။ သို့သော် ထို (CVT-Gear)သည် (Corolla)၏ (Optional Features)ဖြစ်ပြီး (Base-level)တွင် မပါ၀င်ပါ။ (Base Corolla)တွင် (4-Speed Automatic Gear)ကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုအချက်သည့် အံ့သြဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် (4-Seed Automatic) ဂီယာစနစ်အား ယခုအခါ ကားကုမ္ပဏီ အားလုံးတွင် အသုံးပြုထည့်သွင်းခြင်း မရှိကြ၍ ဖြစ်ပါ သည်။
အထက်ပါ အံ့သြဖွယ်အချက်များပါရှိသည့် (Brands)အချို့မှ ကားအချို့အား စိတ်ဝင်စားဖွယ် အနေဖြင့် တင်ဆက်အပ်ပါသည်ခင်ဗျား။crazy-features-missing-3 crazy-features-missing-1 crazy-features-missing-2 crazy-features-missing-5 crazy-features-missing-4
Zawgyi version…
Some Crazy Features Missing From Base Model Cars
(U.S)၏ ဈေးအချိုဆုံး(Midisize SUV)တစ်မျိုး ဖြစ်သည့် (Dodge Journey)တွင် (Steel Wheels)၊ (Hubcaps)၊ (Plastic exterior mirror caps)အစရှိသည့် (SUV)သုံးပစ္စည်းများအား စုံစုံလင်လင်ထည့် သွင်းထားသော်လည်း (Floor Mats – ခြေနင်းကြမ်းခင်း)အား ထည့်သွင်းရန် မေ့လျော့နေသည်ကို တွေ့မြင် ရပါသည်။