Unicode version…

မကြာသေးမှီကကျင်းပခဲ့သည့် အမေရိကန် နိုင်ငံလော့စ်အိန်ဂျယ်လိစ်မြို့ရှိ (L.A Auto Show) တွင် ဂျပန်အခြေစိုက် (Subaru)မှ ၄င်း၏ အနာဂတ်တွင် ထွက်ရှိမည့်ခရီးသည် (7)ယောက်စီး (3-Row seats) ဖြစ်သည့် (Subaru VIZIV-7 Concept)အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် (Subaru)၏ စျေးကွက်ယှဉ်ပြိုင်ဖက်များဖြင့်ကြသည့် (Ford Explorer)၊ (Honda Pilot)နှင့် (Toyota Highlander)တို့ အားယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ပြီးဖန်တီးထားခြင်းလည်း ဖြစ်ပါသည်။

(VIZIV-7 Concept Model)၏ အပြင်ဖက် ဒီဇိုင်းအား (Subaru)၏ ယခင် (SUV Concepts) များကဲ့သို့မဟုတ်ဘဲခေတ်ရှေ့ပြေးမှုကိုဦးစားပေးထားသည့် ဒီဇိုင်းအားကား၏ အရှေ့နှင့် အနောက်တို့တွင် ထည့်သွင်းထားပါသည် သို့သော် ၄င်း၏အတွင်းခန်းအနေအထား အသေးစိတ်အားယခုအချိန်အထိတိကျစွာထုတ်ဖော်ခြင်းမရှိသော်လည်း (VIZIV-7) Concept)သည် (Subaru)၏ အနာဂတ်တွင် အကြီးဆုံးနှင့် အကောင်းဆုံး (Large size Crossover)အနေဖြင့် ခေတ်အမှီ ဆုံးပါ၀င်မှုများ ထည့်သွင်းထားမည် ဖြစ်ပြီးစွမ်းရည်မြင့် အင်ဂျင်စနစ်ကိုပါ တွေ့မြင်ရမည်ဟုကြေ ငြာထားပါသည်။ (L.A Auto Show)တွင် ပြသထားသည့် (VIZIV-7 Concept)အလျားသည် (2014.7 inches) အရှည်ရှိပြီး (Subaru)၏ လက်ရှိ (Forester SUV)ထက် (24.0 inch)ခန့် ပိုမိုရှည်လျားသည်ကိုတွေ့ရပါသည်။

(Subaru)၏ (VIZIV-7 Concept Model)သည် ယခုအချိန်တွင် (Concept)အနေအထားသာရှိပြီးထုတ်လုပ်သည့် ကာလသို့ ရောက်ရှိရန် အချိန်ယူရမည်ဟုသုံးသပ်မိပါသည်။ သို့သော် (Subaru)သည် မဝေးလှသည့် အနာဂတ်အတွက် (3-Row Largesize SUV)အတွက် အစီအစဉ်များချမှတ်ထားသည်မှာအသေအချာပင် ဖြစ်ပါသည်။

ယခုလက်ရှိအချိန်တွင် (U.S Market)ရှိ (Subaru)တွင် (SUV)အနေဖြင့် (Midsize Crossover Forester SUV)သည် အကြီးဆုံးကားဖြစ်ပြီး ၄င်းသည် (Honda Pilot) (Ford Explorer)တို့ထက် အရွယ် ငယ်ပါသည်။ Subaru သည် (Forester SUV)ထက် ပို၍ အရွယ်ကြီးမားသည့် (Tribeca SUV)အား (Largesize)အနေဖြင့်ထုတ်လုပ်ခဲ့သော်လည်းရောင်းအားအထူးကျဆင်းသည့်အတွက် (2014)ခုနှစ်အထိသာထုတ်လုပ်ခဲ့ပြီးရပ်ဆိုင်းခဲ့ပါသည်။

အထက်ပါအချက်များကြောင့် (Subaru)သည် ၄င်း၏ (VIZIV-7 Concept)အားအခြေခံကာ(Largesize Crossover)အသစ်အားထုတ်လုပ်ရောင်းချမည်ဖြစ်ပါကြောင်းစီစဉ်တင်ဆက်အပ်ပါသည်။subaru-vizv-1 subaru-vizv-2 subaru-vizv-3 subaru-vizv-4 subaru-vizv-5 subaru-vizv-6

 

Zawgyi version…

မၾကာေသးမွီကက်င္းပခဲ့သည့္ အေမရိကန္ ႏိုင္ငံေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕ရွိ (L.A Auto Show) တြင္ ဂ်ပန္အေျခစိုက္ (Subaru)မွ ၄င္း၏ အနာဂတ္တြင္ ထြက္ရွိမည့္ခရီးသည္ (7)ေယာက္စီး (3-Row seats) ျဖစ္သည့္ (Subaru VIZIV-7 Concept)အားမိတ္ဆက္ျပသခဲ့ပါသည္။ ၄င္းသည္ (Subaru)၏ ေစ်းကြက္ယွဥ္ၿပိဳင္ဖက္မ်ားျဖင့္ၾကသည့္ (Ford Explorer)၊ (Honda Pilot)ႏွင့္ (Toyota Highlander)တို႔ အားယွဥ္ၿပိဳင္ႏိုင္ရန္ ရည္ရြယ္ၿပီးဖန္တီးထားျခင္းလည္း ျဖစ္ပါသည္။

(VIZIV-7 Concept Model)၏ အျပင္ဖက္ ဒီဇုိင္းအား (Subaru)၏ ယခင္ (SUV Concepts) မ်ားကဲ့သို႔မဟုတ္ဘဲေခတ္ေရွ႕ေျပးမႈကိုဦးစားေပးထားသည့္ ဒီဇိုင္းအားကား၏ အေရွ႕ႏွင့္ အေနာက္တို႔တြင္ ထည့္သြင္းထားပါသည္ သို႔ေသာ္ ၄င္း၏အတြင္းခန္းအေနအထား အေသးစိတ္အားယခုအခ်ိန္အထိတိက်စြာထုတ္ေဖာ္ျခင္းမရွိေသာ္လည္း (VIZIV-7) Concept)သည္ (Subaru)၏ အနာဂတ္တြင္ အႀကီးဆံုးႏွင့္ အေကာင္းဆံုး (Large size Crossover)အေနျဖင့္ ေခတ္အမွီ ဆံုးပါ၀င္မႈမ်ား ထည့္သြင္းထားမည္ ျဖစ္ၿပီးစြမ္းရည္ျမင့္ အင္ဂ်င္စနစ္ကိုပါ ေတြ႔ျမင္ရမည္ဟုေၾက ျငာထားပါသည္။ (L.A Auto Show)တြင္ ျပသထားသည့္ (VIZIV-7 Concept)အလ်ားသည္ (2014.7 inches) အရွည္ရွိၿပီး (Subaru)၏ လက္ရွိ (Forester SUV)ထက္  (24.0 inch)ခန္႔ ပိုမုိရွည္လ်ားသည္ကိုေတြ႔ရပါသည္။

(Subaru)၏ (VIZIV-7 Concept Model)သည္ ယခုအခ်ိန္တြင္ (Concept)အေနအထားသာရွိၿပီးထုတ္လုပ္သည့္ ကာလသို႔ ေရာက္ရွိရန္ အခ်ိန္ယူရမည္ဟုသံုးသပ္မိပါသည္။ သို႔ေသာ္ (Subaru)သည္ မေ၀းလွသည့္ အနာဂတ္အတြက္ (3-Row Largesize SUV)အတြက္ အစီအစဥ္မ်ားခ်မွတ္ထားသည္မွာအေသအခ်ာပင္ ျဖစ္ပါသည္။

ယခုလက္ရွိအခ်ိန္တြင္ (U.S Market)ရွိ (Subaru)တြင္ (SUV)အေနျဖင့္ (Midsize Crossover Forester SUV)သည္ အႀကီးဆံုးကားျဖစ္ၿပီး ၄င္းသည္ (Honda Pilot) (Ford Explorer)တို႔ထက္ အရြယ္ ငယ္ပါသည္။ Subaru သည္ (Forester SUV)ထက္ ပို၍ အရြယ္ႀကီးမားသည့္ (Tribeca SUV)အား (Largesize)အေနျဖင့္ထုတ္လုပ္ခဲ့ေသာ္လည္းေရာင္းအားအထူးက်ဆင္းသည့္အတြက္ (2014)ခုႏွစ္အထိသာထုတ္လုပ္ခဲ့ၿပီးရပ္ဆိုင္းခဲ့ပါသည္။

အထက္ပါအခ်က္မ်ားေၾကာင့္ (Subaru)သည္ ၄င္း၏ (VIZIV-7 Concept)အားအေျခခံကာ(Largesize Crossover)အသစ္အားထုတ္လုပ္ေရာင္းခ်မည္ျဖစ္ပါေၾကာင္းစီစဥ္တင္ဆက္အပ္ပါသည္။subaru-vizv-1 subaru-vizv-2 subaru-vizv-3 subaru-vizv-4 subaru-vizv-5 subaru-vizv-6