မကြာမီက ကျင်းပခဲ့သည့် Geneva Motor Show တွင် အိန္ဒိယအခြေစိုက် ကမ္ဘာကျော် (Tata)- (၄င်းသည် အိန္ဒိယထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းစုကြီးဖြစ်ပြီး ကမ္ဘာကျော် Land Rover နှင့် Jaguar တို့ကိုလည်းပိုင်ဆိုင်ထားပါသည်။) မှ (New Tamo Racemo) နှင့် (Racemo +) တို့အား မိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းတို့သည် ( 2 Doors ) ကားများဖြစ်ကြပါသည်။ (Tamo Racemo/ Racemo +)တို့အား ဖန်တီးမှု အသစ်များစွာ ထည့်သွင်းပြီး ထူးခြားစွာထုတ်လုပ်ထားပါသည်။
Racemo Model အား ပြိုင်ကားပုံစံကို အခြေခံကာ ဖန်တီးထားပြီး (U.S Market)ရှိ Mazda Miata ပုံစံကဲ့သို့ ဒီဇိုင်းထုတ်ထားပါသည်။၎င်းသည် (နောက်ဘီးယက်စနစ်)သုံး ကားဖြစ်ပြီး (Double wishbone suspension) စနစ်ကိုတပ်ဆင်ထားပါသည်။ ၄င်းတွင် အင်ဂျင်အနေဖြင့် (1.2 L Turbocharged I 3 Engine)၊ (187 hp) အင်ဂျင်အား တပ်ဆင်ထားပါသည်။အဆိုပါအင်ဂျင်သည် သေးငယ်သော်လည်း ( 0 to 60 mph) အား (6.0 Seconds) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည်လည်းဖြစ်ပါသည်။ Gear box အနေဖြင့် (6 – Speed Automated Manual Gearbox) အားတပ်ဆင်ထားမည်ဖြစ်ပါသည်။
Racemo Design အား ဆန်းသစ်လှပသည့်ပုံစံဖြင့် ဖန်တီးထားကာ ၄င်းတွင် ကြီးမားသည့် လေထွက်ပေါက်/လိပ်ပြာပုံသဏ္ဍာန်တံခါးများစသည်ဖြင့်ထူးခြားစွာဖန်တီးထားပါသည်။ ထို့အတူ အတွင်းခန်း ကိုလည်း ကျယ်ဝန်းသပ်ရပ်စွာပြုလုပ်ထားပြီး (Fabric door pulls)၊ (Bright red switches)၊ (Massive shift paddles) (Racing seats) (Harnesses) စသည့် ပါဝင်မှုများ ထည့်သွင်းထားပါသည်။ ၄င်း၏ Dashboard အား (3 Ractangular LCD display) ဒီဇိုင်းဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။
Tata Tamo Racemo အား အစင်းရေစုစုပေါင်း (၂၅၀)သာ ထုတ်လုပ်မည်ဖြစ်ပါသည်။ Tata အနေဖြင့် ၄င်း၏ Tamo Racemo / Racemo + ကားများအား အရည်အသွေးမြင့်မားစွာဖြင့် ဖန်တီးလို၍ ထိုကဲ့သို့ အစင်းရေနည်းပါးစွာ ထုတ်လုပ်ခြင်းဖြစ်ပါသည်။