Unicode verison..
အမေရိကန်နိုင်ငံ၏ သမ္မတအသုံးပြုသည် သမ္မတမော်တော်ယာဉ် (Presidential Limo) အား (The Beast) အနေဖြင့် ကားချစ်သူများရင်းနှှီးကြပါသည်။ ထိုကားသည် အထူးဖန်တီထားသည့် ဇိမ်ခံကား (Limousine) အမျိုးအစားဖြစ်ပြီး (Sedan) ပုံစံ ဖြစ်ပါသည်။ အမေရိကန်သမ္မတအတွက် (မော်တော်ယာဉ်) သည် ယခုမျက်မှောက်တွင် ထင်ရှားသည့် (SUV) ပုံစံ (သို့) (Truck) ပုံစံများဖြင့် ထုတ်လုပ်ခြင်းအသုံးပြု ခြင်းမရှိပဲ (Sedan) ကိုအခြေခံသည့် ဇိမ်ခံကားအရှည်ဖြင့်သာဖန်တီးထားသည်ကိုတွေ့ရပါသည်။
ယခုလက်ရှိအသုံးပြုသည့် (The Beast) ယာဉ်များအားအမေရိကန်၏ ထင်ရှားသည့် (General Motor) ၏ (Luxury Branch) ဖြစ်သည့် (Cadillac) မှ တာဝန်ယူထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ၄င်းအား (GMC Top Kick) သို့မဟုတ် (Chevrolet Kodiak) အမည်ရှိသည့် (Truck) များ၏ (Chassic) ကိုအခြေခံကာအထူးဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
ယခင်ကအမေရိကန်သမ္မတများသည် ၄င်းတို့အသုံးပြုသည့်ကားများအား (Lincoln) အမျိုးအစား (Special Limo) များကိုအသုံးပြုခဲ့ကြပါသည်။ သို့သော် (1984)ခုနှစ်မှစ၍ (Cadillac Fleetwood) အမည် ရသည့် (Limousine) အား (Presidential Limo) အနေဖြင့် ပြောင်းလဲအသုံးပြုလာကြပါသည်။
ယခုလက်ရှိအချိန်တွင် (The Best) သည် (Sedan) ပုံစံအဖြစ် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး (GM) အနေဖြင့် အခြားသော (SUV) (Truck) ပုံစံများပြောင်းလဲခြင်းမရှိပါ။
ယခုလက်ရှိ (Cadillac Beast) အား (2013) တွင် စတင်တည်ဆောက်ခဲ့သည် (New Model) ကိုအသုံးပြုထားပါသည်။ ၄င်းတွင် (Cadillac CTS) နှင့် (Cadillac Escalade) တို့၏ သင်္ကေတများပေါင်းစပ် ထားပြီးမျက်မှောက်ခေတ် (Cadillac Models) များအားအခြေခံကာအထူးပြုလုပ်တပ်ဆင်ထားပါသည်။ (New Models) အား (2017) (January 20) တွင်ကျင်းပခဲ့သည့် သမ္မတအသစ် (Mr Donald Trump) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပွဲဦးထွက်အနေဖြင့် စတင်အသုံးပြုခဲ့ပါသည်။
Zawgyi version…