Unicode version…
Honda သည် ၄င်း၏ Latest SUV Model ဖြစ်သည့် Honda Element တွင် အိမ်မွေးတိရိစ္ဆာန်ဖြစ်သည့် ခွေးများအတွက် များစွာအဆင်ပြေမှုရှိမည့် Dog Friendly အမည်ရှိ Option Package အားထည့်သွင်းထားပါသည်။
၄င်း Dog Friendly Package အတွက် ပုံမှန်ထက်ကျယ်ဝန်းသည့် အနောက်ဖုံး တံခါး/ အလွယ်တကူသန့်ရှင်းစေနိုင်သည့် ရာဘာဖုံးအုုပ်ထားသည့်အတွင်းခန်းများ စသည့် ခွေးများလိုက်ပါစီးနင်းရန် အဆင်ပြေစေမည့်ဖွဲ့စည်းပုံများဖြင့် ဖန်တီးထားပါသည်။Honda မှ (Dog Friendly Concept Car)ဖြစ်သည့် Element Model အား 2009တွင် ကျင်းပခဲ့သည့် New York Auto Show တွင် စတင်မိတ်ဆက် ပြသခဲ့ပြီး 2011 Element Model များတွင် ထည့်သွင်းခဲ့ပါသည်။ ထိုကာလများအတွင်း ကမ္ဘာအနှံ့ရှိ ခွေးချစ်သူများမှ ၀မ်းမြောက်စွာ ၀ယ်ယူထည့်သွင်းထားပါသည်။
Honda သည် ၄င်း၏ Dog Friendly Package တွင် ပါ၀င်မှုအသစ်ဖြစ်သည့် ဆင်ခြေလျောပါ၀င်သည့် ရေခွက်အားထပ်မံထည့်သွင်းထားပါသည်။ ၄င်းပစ္စည်းသည် ကားရပ်၍ နောက်ဖုံးရှိခွေးအား ဆင်ခြေလျောအတိုင်းအောက်ဆင်း၍ ရေခွက်ထဲသို့ ကျရောက်ရန် ပြုလုပ်ထားခြင်းဖြစ်ပြီး အန္တရာယ်လည်း ကင်းဝေးစေမည်ဖြစ်ပါသည်။ ထို့အပြင် အရိုးပုံပါရှိသည့် ကြမ်းခင်းများပါ၀င်ပြီး ကားမောင်းနေစဉ် နောက်ခန်းရှိခွေး များ အအေးဓါတ်ရစေမည့် လျှပ်စစ်ပန်ကာလည်းပါရှိမည်ဖြစ်ပါသည်။
အဆိုပါထပ်ဆောင်းပါ၀င်မှု Water bowl အားယခုနှစ်ထွက်ရိထားသည့် Honda Element ၏ Dog Friendly Package တွင် ထည့်သွင်းထားမည်ဖြစ်ပြီး (US$ 995)ခန့်ဖြင့် မှာယူနိုင်မည်ဖြစ်ပါသည်။
Zawgyi version…