Unicode version..
အင်ဂျင်တစ်လုံး၏ အလုပ်လုပ်သည့် စနစ်ကြီးသည် လူသားတစ်ဦး၏ အသက်ရှုစနစ် (နှလုံးခုန် စနစ်)နှင့် များစွာတူညီပါသည်။ အင်ဂျင်တစ်လုံးသည် လောင်စာဆီမှ တဆင်စွမ်းအင်ရရှိစေရန် အင်ဂျင် အတွင်းရှိ (Pistion)များမှ လေကို စုပ်ယူပြီး လေဟာနယ် တစ်ခုဖြစ်ရန် ဖန်တီးပါသည်။ ထို့နောက် လောင်စာဆီနှင့် ရောနှောပြီး လောင်ကျွမ်းခြင်းမှတဆင့် (Power-စွမ်းအင်)ကို ထုတ်လုပ်ပါသည်။ ထိုအခြေ ခံသဘောမှ တဆင့်သိရှိရသည့် အချက်တစ်ခုမှာ လောင်စာဆီနှင့် လေတို့၏ အချိုးသည် ခိုင်မြဲသော စပ်ဆက်မှုရှိပြီး အင်ဂျင်တစ်လုံးသည် လေရှုသွင်းခြင်း ထိုသို့ပြုလုပ်နိုင်ပါက လောင်စာကို ပိုမိုလောင်ကျွမ်း နိုင်မည်ဖြစ်ပြီး စွမ်းအင်ကိုလည်း ပိုမိုထုက်လုပ်နိုင်ပါသည်။
ပုံမှန်ထက်ပိုမို စွမ်းအင်မြင့်သည့် အင်ဂျင်စနစ်များအတွက် ယခုအချိန်အထိ အသုံးပြုသည့်နည်း လမ်း (2)ခုရှိပါသည်။ ထိုနည်းလမ်း (2)ခုမှာ – (Supercharging)နှင့် (Turbocharging)တို့ဖြစ်ကြပါ သည်။
(Turbocharger Engine)၏ အခြေခံသဘောမှာ – ၄င်း၏ (Air pump-လေစုသပ်စနစ်)အား အင်ဂျင်၏ (Exhaust)မှ မောင်းနှင်ခြင်းဖြစ်ပြီး၄င်းတွင် (Turbine) (2)လုံးပါ၀င်ပါသည်။ ထို(Turbines)များ အနက် တစ်လုံးသည် (Exhaust)အထဲတွင်ရှိပြီး လေအတိပ်အနက်ကို တိုင်းတာပြီး အခြားတစ်လုံးသည် အင်ဂျင်၏ (Intake)အတွင်းသို့ ၀င်ရောက်မည်ဖြစ်ပါသည်။ အင်ဂျင်မှ စွမ်းအင်ကို တိုးမြင့်လည်ပတ်လိုက်ပါ က (Engine Exhaust)အတွင်းရှိ (Turbine)တစ်ခုမှ လှည့်လည်ပေးပြီးအခြားတစ်ခုသို့လည်း စွမ်းအင် အဖြင့် ပြောင်းလဲပေးစေပါသည်။ ထိုအခါအခြား (Turbine)မှ (Compressor) တစ်ခုအနေဖြင့် လေဖိအား များစွာကို အင်ဂျင်အတွင်း ထိုသို့ လွှတ်ပေးပါသည်။ နှင့် (Remote keyless entry)ကဲ့သို့ ပါ၀င်မှု များအား (Standard)တွင် ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိရပါသည်။
(Turbocharged Engine)၏ အကျိုးကျေးဇူးအနေဖြင့် စွမ်းအင်လိုအပ်မှု ပိုမိုများပါက အင်ဂျင်၏ (Turbo pump)များမှ လေများကို အင်ဂျင်သို့ ပိုမို မို့လွှတ်ပေးနိုင်မည်ဖြစ်ပြီး အင်ဂျင်မှလည်း လောင်စာကို ပိုမိုလောင်ကျွမ်းစေမည်ဖြစ်ပြီး စွမ်းအင်ကို သဘောသည် သေးငယ်သည့် အင်ဂျင်စနစ်များကို ယာဉ်မောင်း ဆန္ဒအရ စွမ်းအင်မြင့်မားစွာ အသုံးပြုလိုပါက ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် (Turbocharged I 4 Engine)သည် ပုံမှန် (V 6 Engine)ကဲ့သို့ စွမ်းဆောင်ရည်ကို လုပ်ဆောင်နိုင်ပါမည်။
သို့သော် (Turbocharger)စနစ်တွင် (Turbo)ဖြစ်စေရန် နှောင့်နှေးခြင်းအား သတိပြုဖွယ် တွေ့မြင်ရပါမည်။ ဆိုလိုရင်းမှာ ယာဉ်မောင်းမှ ရောက်ရှိလိုသည့် အရှိန်သို့ ချက်ချင်း မြင့်တင်သော်လည်း (Turbocharged Enginer)သည် ရည်မှန်ချက်အား လျှင်မြန်စွာ ပြည့်စုံအောင် မဆောင်ရွက်ပေးနိုင်ပါ။
ထိုပြဿနာအား (Supercharged Engine Type)မှ ကျော်လွှားပေးသည်ကို တွေ့ရပါမည်။ (Supercharger)၏ အခြေခံသဘောသည်။ (Pump)မှ စွမ်းအင်ကို လွှတ်မှုသည် အင်ဂျင်သို့ တိုက်ရိုက်သွား သည့်စနစ်ဖြစ်ပြီး အင်ဂျင်အတွက် လိုအပ်သည့် လေဖိအားကိုလည်း ချက်ချင်းမြင့်တင်ပေးနိုင်မည်ဖြစ်ပါ သည်။ အဓိကအားဖြင့် (Supercharged Type)သည် အင်ဂျင်အတွက် လိုအပ်သည့် စွမ်းအင်အား အမြန်ဆုံးနှင့် အပြည့်ဝဆုံး ပေးနိုင်သည့် စနစ်ဖြစ်ပါသည်။
(Supercharged Engines)များအား (Car Racing)များနှင့် (Auto drag Show)များတွင် အဓိက စွမ်းရည်ပြသကြပါသည်။
အထက်ပါ (turbocharged Engine)နှင့် (Supercharged Engine)တို့၏ ခြားနားမှုများအား လေ့လာတင်ဆက်အပ်ပါသည် ခင်ဗျာ။turbocharged-vs-supercharged-4 turbocharged-vs-supercharged-3 turbocharged-vs-supercharged-2turbocharged-vs-supercharged-1
Zawgyi version…