Unicode version..
မကြာမှီအချိန်ကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (Chicago Auto Show)တွင် ကမ္ဘာကျော် (Volkswagen)မှ (VW Atlas Weekend Edition)အားမိတ်ဆက်ပြသခဲ့ပါသည်။ (VW Atlas)သည် ခရီးသည် (၇)ယောက်စီးခုံ(၃)တန်းပါသည့် (SUV)ဖြစ်ပြီး (All-New Medel)အနေဖြင့်ထွက်ရှိသည့် ကားဖြစ်ပါ သည်။ ပုံမှန် (2018 VW Atlas)ကားများအားယခု နွေရာသီတွင် စတင်ရောင်းချမည် ဖြစ်ပါသည်။
(VW Atlas)၏ (Weekend Edition)တွင် ထူးခြားမှုအနေဖြင့် ပုံမှန် (Atlas) ထက် (17.7 Cubic Feet) ပိုကျယ်ဝန်းသည့် ပစ္စည်းထည့်သည့်ဧရိယာပါရှိပြီး ၄င်းအား (Urban Loader Roof)ပုံစံဖြင့် ဖန်တီးထားပါသည်။ထို့အတူ ၄င်း၏ (Roof Rails)များကိုလည်း ကြီးမားခန့်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားပါ သည်။ အတွင်းခန်းဧရိယာအားလုံးတွင်(ရာသီမရွေး)အသုံးပြုနိုင်သည့်(Rubber Floor Mats)များခင်းထားပါမည်။ထို့အတူဒုတိယထိုင်ခုံတန်းအနောက်နှင့်ပစ္စည်းထားသည့်ဧရိယာပတ်လည်တွင်အကန့်အကာများချိတ်ဆွဲရန်အတန်းများကိုလည်းစုံလင်စွာထည့်သွင်းထားပါသည်။ထူးခြားမှုအနေဖြင့် ဒုတိယထိုင်ခုံများတွင် (Universal Tablet)များထည့်သွင်ထားပြီးအသုံးပြုသူများအနေဖြင့် ကား၏ (Wi- Fi System)ဖြင့် ချိတ်ဆက်၍ ဖျော်ဖြေမှုများခံစားနိုင်မည် ဖြစ်ပါသည်။
(VW Atlas Weekend Edition)တွင် (SEL)နှင့် (Premium)ဟူ၍ (Trims)များသတ်မှတ်မည် ဖြစ်ပြီး (AWD System)ကိုအသုံးပြုထားပါမည်။၄င်းတွင်အင်ဂျင်အနေဖြင့် (3.6 L V6 Engine)အားတပ်ဆင်ထားမည် ဖြစ်ပါသည်။
Zawgyi version..