Unicode version…
ဂျာမနီအခြေစိုက် (Volkswagen) သည် ၄င်း၏ နာမည်ကျော် (CC Sedan) အား Arteon အမည်သစ်ဖြင့် ပြောင်းလဲထုတ်လုပ်လိုက်ပါသည်။ ၄င်းသည် Couple-like Sedan ဖြစ်ပြီး (2015)ခုနှစ် ၌
မိတ်ဆက်ခဲ့သည့် VW Sport Coupe Concept GTE ၏ ဒီဇိုင်းအတိုင်း ဖန်တီးထားခြင်းဖြစ်ပါသည်။
VW Arteon ၏ အပြင်ဒီဇိုင်းအား လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပြီး Wheel base ကိုလည်း ကျယ်ဝန်းစွာ ဖန်တီးထားပါသည်။ကား၏အရှေ့ဖက် Fender များတွင် Silver Accents များ ထည့်သွင်းထားပါမည်။ ၄င်း၏ Grille Design အား Multi-slat Grille Design ဖြင့် ဖန်တိးထားမည်ဖြစ် ပါသည်။
New Arteon ၏ Design သည် Audi A5 နှင့် များစွာတူညီမှုရှိပါသည်။ သို့သော်၄င်း၏အတွင်းခန်း ဖွဲ့စည်းပုံအား VW ၏ Modern Design ပုံစံဖြင့် ဖွဲ့စည်းထားပါသည်။ New Arteon ၏ အတွင်းခန်းအား ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီး Dashboard တွင် အရွယ်အစားကြီးမားသည့် Touch screen Display ကို ထည့်သွင်းထားပြီး လေထွက်ပေါက် ဒီဇိုင်းများကိုလည်း ဆန်းသစ်စွာပြုလုပ်ထားပါသည်။၄င်းတွင် (VW) ၏ Digital Cockpit Display ကိုမိတ်ဆက်ထည့်သွင်းထားပါသည်။
New Arteon တွင် အင်ဂျင်အမျိုးအစား (၆)မျိုးထည့်သွင်းထားပြီး (Power output) အနေဖြင့် (148 hp) မှ (276 hp)အထိ ရနိုင်ပါမည်။ထို့အပြင် Gear Box (New 7-Speed DSG Transmission) နှင့် (4 Motion AWD System)တို့လည်းပါရှိပါသည်။
New Arteon အား ဥရောပစျေးကွက်တွင် ယခုနှစ်ကုန်ခန့် ၌ စတင်ရောင်းချမည်ဖြစ်ပြီး (ယူရို ၃၅၀၀၀)မှ စတင်စျေးသတ်မှတ်ပါမည်။မြောက်အမေရိကစျေးကွက်တွင်မူ (2018)တွင်ကျင်းပမည့် (New York)သို့ (Chicago) ကားပြပွဲများတွင် စတင်မိတ်ဆက်ပြသမည်ဖြစ်ပါသည်။
Zawgyi version…
New Arteon အား ဥရောပဈေးကွက်တွင် ယခုနှစ်ကုန်ခန့် ၌ စတင်ရောင်းချမည်ဖြစ်ပြီး (ယူရို ၃၅၀၀၀)မှ စတင်ဈေးသတ်မှတ်ပါမည်။မြောက်အမေရိကဈေးကွက်တွင်မူ (2018)တွင်ကျင်းပမည့်    (New York)သို့ (Chicago) ကားပြပွဲများတွင် စတင်မိတ်ဆက်ပြသမည်ဖြစ်ပါသည်။