Unicode version…
ပြင်သစ်နိုင်ငံ/ပါရီမြို့တွင် မကြာမှီကကျင်းပခဲ့သည့် (Paris Auto Show)တွင် ဂျာမနီအခြေစိုက် (Mercedes-Benz)မှ (GLC Coupe SUV) Model ၏ (Sporty Version)ဖြစ်သည့် (AMG GLC 43 Coupe) အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် (2015)ခုနှစ်တွင် စတင်မွေးဖွားခဲ့သည့် (GLC SUV)၏ (AMG Version)ဖြစ်ပြီးအဆင့်မြင့်တင်ထားသည့် အင်ဂျင်စနစ်ကိုအဓိကထည့်သွင်းထားကာ ပါ၀င်သည့် (Feature)များကိုလည်းထိပ်တန်းအဆင့်အနေဖြင့် ထည့်သွင်းထားပါသည်။ (AMG သည် 1998 ခုနှစ်မှ စတင်ကာ Mercedes-Benz ၏ Sub-Brand အနေဖြင့် အထူးစွမ်းအားဖြင့်အင်ဂျင်စနစ်များအားလူတစ်ဦးလျှင်အင်ဂျင်တစ်လုံးသီးသန့်ဖန်တီးခြင်းဖြင့်ထင်ရှားခဲ့သည့် အမျိုးအစားဖြစ်ပါသည်။)
(AMG GLC43 Coupe)တွင် အင်ဂျင်အနေဖြင့် (3.0L Twin-turbocharged V6 Engine)၊ (367 hp) အင်ဂျင်နှင့် (New 9-Speed Automatic Gear) စနစ်တို့အားတွဲဖက်တပ်ဆင်းထားပါမည်။ ၄င်းသည် (AWD System)သုံးကားဖြစ်ပြီးအင်ဂျင်၏ Performance မှာ (0 to 60 mph)အား (4.9 seconds)ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါမည်။
(AMG GLC 43 Coupe)အားယခုလာမည့် (2017) နွေဦးပေါက်ကာလတွင် စတင်ရောင်းချမည်ဖြစ် ပြီးရောင်းစျေးအနေဖြင့် (US $ 50000)ခန့်မှ စတင်ကာသတ်မှတ်ရောင်းချပါမည် ၄င်းတွင် (Sporty shape)(SUV Ground Clearance)နှင့် (Sporty Seats)များအားထူးခြားစွာထည့်သွင်းထားသည် ဖြစ်ပါသည်။
Zawgyi version..
(AMG GLC 43 Coupe)အားယခုလာမည့် (2017) နွေဦးပေါက်ကာလတွင် စတင်ရောင်းချမည်ဖြစ် ပြီးရောင်းဈေးအနေဖြင့် (US $ 50000)ခန့်မှ စတင်ကာသတ်မှတ်ရောင်းချပါမည် ၄င်းတွင် (Sporty shape)(SUV Ground Clearance)နှင့် (Sporty Seats)များအားထူးခြားစွာထည့်သွင်းထားသည် ဖြစ်ပါသည်။