Unicode verison…
Zawgyi version..
ဂျပန်အခြေစိုက်ကမ္ဘာကျော် (Mitsubishi) ၏ ထင်ရှားလှသည့် (Lancer Evolution Sedan)အား ပြိုင်ကားနှစ်သက်သည့် ကားချစ်သူများသိရှိကြပါသည်။ ၄င်းသည် စွမ်းဆောင်ရည်အထူးကောင်းသည့် အမျိုးအစားဖြစ်ပြီး (Mitsubishi)၏ အထင်ရှားဆုံးကားတစ်မျိုးလည်း ဖြစ်ပါသည်။ (Lancer Evolution)၏ (SUV Version)တစ်မျိုးလုံးကိုလည်း(Mitsubishi)မှ ထုတ်လုပ်ခဲ့ပါသည်။ ၄င်းမှာ (Pajero Evolution) ပင် ဖြစ်ပါသည်။
(Mitsubishi Pajero Evolution)အား (1997) (1999)ကာလများတွင် (Lancer Evolution)ကိုအခြေခံ၍ တံခါး (၂)ပေါက်ပါ (SUV)ပုံစံဖြင့် (Japan)ဈေးကွက် အတွက် ထုတ်လုပ်ခဲ့ပါသည်။ ၄င်းတွင် (3.5 L V6 Engine) (276 hp)အင်ဂျင်စနစ်ကိုတပ်ဆင်ခဲ့ပါသည်။
(Pajero Evolution)အား ကြီးမားကားထွက်နေသည့် ဘေးဘောင်ဒီဇိုင်း/ကြီးမားသည့် တာယာများ နှင့် ဘန်ဘာဒီဇိုင်းများဖြင့် ဖန်တီးထားပါသည်။ နှင်းခွဲမီးကိုလည်း (၄)လုံးထည့်သွင်းထားပါသည်။
ထိုသို့ ထူးခြားစွာဖန်တီးရခြင်းမှာ ၄င်းအား (Evolution) အမည်နှင့်လျှော်ညီစွာကားပြိုင်ပွဲများတွင် အဓိကအသုံးပြုရန်အတွက်ဖြစ်ပါသည်။၎င်းသည်ကမ္ဘာကျော် (Daker Rally)ကားပြိုင်ပွဲများ၌ ပထမဆုများလည်းဆွတ်ခူးရရှိခဲ့ပါသည်။ထို့အတူ(ဂျပန်ဈေးကွက်)တွင်အထူးအောင်မြင်ခဲ့သည့် (Model) လည်း ဖြစ်ပါသည်။
(Pajero Evolution)အား (2014)တွင် ထုက်လုပ်မှုရပ်ဆိုင်းခဲ့ပါသည်။ ၄င်း၏ မူရင်းဖြစ်သည့် (Lancer Evolution)ကိုမူဆက်လက် ထုတ်လုပ်လျှက်ရှိပါသည်။