မကြာမီကကျင်းပခဲ့သည့် Geneva ကားပြပွဲတွင် ကမ္ဘာကျော် Opel မှ ၄င်း၏ All-new 2018 Insignia အားမိတ်ဆက်ပြသခဲ့ပါသည်။ Opel အနေဖြင့် ယခင်ပိုင်ရှင် (GM) မှ ပြင်သစ်အခြေစိုက်      (PSA Group) သို့ရောင်းချပြီးနောက်ပိုင်း ယခု Insignia Midsize အားဖန်တီးခြင်းဖြစ်ကာ ၄င်းသည် (Buick Regal) ၏ ရှေ့ပြေးတမန်အနေဖြင့် ထုတ်လုပ်ခြင်းလည်းဖြစ်ပါသည်။

Opel Insignia အား (Grand Sport) နှင့် (Sports Tour) ဟူ၍ ပုံစံ(၂)မျိုးထုတ်လုပ်မည်ဖြစ်ပြီး (Midsize Wagon) အနေဖြင့် ထုတ်လုပ်ပါမည်။ ၄င်းအား ဂျာမနီနိုင်ငံရှိ ( Russelsheim) ဒေသတွင် တပ်ဆင်ပါသည်။

GM-PSA  Deal အရ PSA အနေဖြင့် Holden နှင့် Buick တို့၏ ထုတ်လုပ်တပ်ဆင်မှုများအား ထောက်ပံ့ပေးရန်ရှိ၍ Opel အနေဖြင့် ၄င်း၏ကားများအား Buick ၏ Encore Crossover နှင့် Regal Sedan တို့နှင့် တူညီစွာ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Opel Insignia အား Buick ၏ La Crosse Platform ကို အခြေခံကာ ဖန်တီးထားပြီး အဆိုပါ Platform အား Chevrolet ၏ Malibu နှင့် Impala Models များကိုလည်း ခွဲဝေပေးထားပါသည်။ Insignia အား ရှေ့ဘီးယက် (သို့) AWD System ပုံစံဖြင့် ထုတ်လုပ်ထားပါသည်။

Opel Insignia အား US$ 25500 ခန့်မှစတင်ရောင်းချမည်ဖြစ်ပါသည်။ ၄င်းတွင် Active Lane Keeping / Heads- up display / 360- degree view camera / Opel On Star Personal Assistant စသည့် ခေတ်မှီပါဝင်မှုများထည့်သွင်းထားပါသည်။အင်ဂျင်အနေဖြင့် (Turbocharged I 4 Engine) နှင့် (8- Speed Automatic Gearbox) တို့အား တပ်ဆင်ထားပါသည်။

Opel Insignia တွင် ( Custom  Paint colors) များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ခေတ်မှီ နည်းပညာသုံးပါဝင်မှုများစွာကိုလည်း မှာယူနိုင်ရန် စီစဉ်ထားပါသည်။