CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံမော်တော်ယဉ်အရောင်းပြပွဲကြီး (CarsDB Auto Show Mandalay 2020) ကို ဒီကနေ့မနက် Mandalay Convention Center တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး မတ်လ (၆ ၊၇)နှင့် (၈)ရက်များတွင် မနက်(၁၀)နာရီမှ ည(၈)နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ကားပြပွဲကြီးတွင် နာမည်ကျော်ကားအမှတ်တံဆိပ်များဖြစ်သည့် Jaguar၊ Land Rover၊ Mazda၊ Mercedes Benz၊ Mitsubishi၊ Nissan၊ Suzuki၊ Volvo ၊ Hyundai ၊ Isuzu ၊BAIC ၊ DFSK ၊ Ford ၊ GAC နှင့် Gold AYA တို့မှ ပါဝင်ပြသနေပြီး စမ်းသပ်မောင်းနှင်ခွင့်များလည်း ရရှိနိုင်မည်ဖြစ်သည်။
(၃)ရက်တိုင်တိုင် ကျင်းပသွားမည့် CarsDB Auto Show Mandalay 2020 ပွဲကြီးကို လာရောက်ကြည့်ရှုသူများအတွက်လည်း မော်တော်ဆိုင်ကယ်(၃) စီး ကံထူးနိုင်ခွင့်အပြင် ကားဝယ်ယူသူများအတွက်လည်း ကံစမ်းမဲ အစီအစဉ်များပါဝင်ပြီး မော်တော်ယာဉ် အပိုပစ္စည်းအရောင်းဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သောဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများလည်း ပြသသွားမည်ဖြစ်သည်။
CarsDB Auto Show Mandalay 2020 မော်တော်ယာဉ်အရောင်းပြပွဲကို AYA Bank နှင့် MG(Morris Garages) တို့မှ Sponsors များအဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးထားသည်။
Zawgyi Version)
CarsDB မွ ႀကီးမႉးသည့္ ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲႀကီးကို မႏၲေလးၿမိဳ႕တြင္စတင္က်င္းပ
—————————————————————
CarsDB မွ ႀကီးမႉးက်င္းပသည့္ ႏိုင္ငံတကာအဆင့္မီ မိုးလုံေလလုံေမာ္ေတာ္ယဥ္အေရာင္းျပပြဲႀကီး (CarsDB Auto Show Mandalay 2020) ကို ဒီကေန႔မနက္ Mandalay Convention Center တြင္ စတင္ဖြင့္လွစ္က်င္းပခဲ့ၿပီး မတ္လ (၆ ၊၇)ႏွင့္ (၈)ရက္မ်ားတြင္ မနက္(၁၀)နာရီမွ ည(၈)နာရီထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္သည္။
အဆိုပါ ကားျပပြဲႀကီးတြင္ နာမည္ေက်ာ္ကားအမွတ္တံဆိပ္မ်ားျဖစ္သည့္ Jaguar၊ Land Rover၊ Mazda၊ Mercedes Benz၊ Mitsubishi၊ Nissan၊ Suzuki၊ Volvo ၊ Hyundai ၊ Isuzu ၊BAIC ၊ DFSK ၊ Ford ၊ GAC ႏွင့္ Gold AYA တို႔မွ ပါဝင္ျပသေနၿပီး စမ္းသပ္ေမာင္းႏွင္ခြင့္မ်ားလည္း ရရွိႏိုင္မည္ျဖစ္သည္။
(၃)ရက္တိုင္တိုင္ က်င္းပသြားမည့္ CarsDB Auto Show Mandalay 2020 ပြဲႀကီးကို လာေရာက္ၾကည့္ရႈသူမ်ားအတြက္လည္း ေမာ္ေတာ္ဆိုင္ကယ္(၃) စီး ကံထူးႏိုင္ခြင့္အျပင္ ကားဝယ္ယူသူမ်ားအတြက္လည္း ကံစမ္းမဲ အစီအစဥ္မ်ားပါဝင္ၿပီး ေမာ္ေတာ္ယာဥ္ အပိုပစၥည္းအေရာင္းဆိုင္မ်ား၊ ေမာ္ေတာ္ယာဥ္ႏွင့္ ဆက္စပ္ေသာဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို ေဆာင္႐ြက္ေပးသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားလည္း ျပသသြားမည္ျဖစ္သည္။
CarsDB Auto Show Mandalay 2020 ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲကို AYA Bank ႏွင့္ MG(Morris Garages) တို႔မွ Sponsors မ်ားအျဖစ္ ပူးေပါင္းပါဝင္ပံ့ပိုးထားသည္။