2022 ခုနှစ် နိုဝင်ဘာလ 11 ရက်နေ့တွင် Chery International သည် Performance Auto International Co.,Ltd(PAI) နှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး PAI သည် မြန်မာနိုင်ငံတွင် Chery Automobile ကိုစတင်ဖြန့်ဖြူးရောင်းချသူဖြစ်လာပါသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ Chery International ၏ အထွေထွေမန်နေဂျာ Zhang Guibing နှင့် အခြားအကြီးတန်းအမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြသည်။ “မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ အလွန်အလားအလာရှိတဲ့ စျေးကွက်တစ်ခုအဖြစ် အမြဲတန်းမှတ်ထားပါတယ်” ဟု အထွေထွေမန်နေဂျာ Zhang ကအခမ်းအနားတွင် ပြောကြားခဲ့သည်။
Performance Auto International Co., Ltd. (PAI) သည် မြန်မာနိုင်ငံအတွက် Chery ၏စံပြအတွေ့အကြုံကိုဖန်တီးရန်ကျွမ်းကျင်မှုနှင့် အသိပညာများကို အသုံးပြု၍ အကောင်းဆုံးအတွေ့အကြုံကို ပေးအပ်ရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မော်တော်ယာဥ် အလယ်အလတ်ကဏ္ဍတွင် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် Chery Cars ၏ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဒါရိုက်တာ မနွေးနွေးလှိုင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
သဘောတူညီချက်၏ နိဂုံးပိုင်းနှင့်အတူ မြန်မာနိုင်ငံတွင် အားကောင်းသည့် ပြည်တွင်းလုပ်ငန်းတစ်ခုဖြစ်သည့် PAI သည် Chery နှင့်တရားဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ Chery နှင့် PAI တို့သည် မြန်မာနိုင်ငံအား ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အခြေခံအားဖြင့် Win-Win ပူးပေါင်းဆောင်ရွက်မှုများရရှိစေရန် ရည်ရွယ်ချက်ဖြင့်အဖွဲ့တစ်ဖွဲ့ကို တည်ဆောက်သွားရန် ကတိပြုပါသည်။ Chery သည်နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် မြှုပ်နှံထားသောကြောင့် မော်တော်ယာဥ်လုပ်ငန်းတွင် “Technology Chery” ဟူသော ခေါင်းစဉ်ကို အမြဲပေးထားသည်။ အထူးသဖြင့် Chery ၏ TIGGO family product များသည် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဆုများစွာကို ရရှိခဲ့ပြီးနေရာများစွာတွင် လူကြိုက်အများဆုံး SUV မော်ဒယ်များဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံဈေးကွက်တွင် လပေါင်းများစွာကြာသော သုတေသနပြုချက်များအရ Chery သည် မြန်မာနိုင်ငံအတွက်မိတ်ဆက်ပေးရန် SUV မော်ဒယ်လေးမျိုး (TIGGO 8 PRO၊ TIGGO 7 PRO၊ TIGGO 4 PRO နှင့် TIGGO 2 PRO) တို့ကိုရွေးချယ်ကမ်းလှမ်းလာပါသည်။ Chery Automobile သည်ပထမဆုံး တရုတ်မော်တော်ကားအမှတ်တံဆိပ် ထိပ်တန်းတင်ပို့သူဖြစ်ပြီး နှစ်စဉ်ပြည်ပရောင်းအားပမာဏ ၂၀၀,၀၀၀ ခန့်ရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ ယခုအချိန်အထိ မော်တော်ယာဉ် ပိုင်ဆိုင်မှု ၁၀ သန်းကျော်ဖြင့် Chery ၏ထုတ်ကုန်များကို ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံနှင့် ဒေသပေါင်း 80 ကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အရှေ့တောင်အာရှဈေးကွက်သည် Chery အတွက်အလားအလာရှိသော စျေးကွက်တစ်ခုဖြစ်ကြောင်း၊ အရှေ့တောင်အာရှဈေးကွက်ကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန် Chery ၏သန္နိဋ္ဌာန်ကို သရုပ်ပြသမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။





