Unicode version…
CHEVROLET ၏ (၂၀၁၇) မော်ဒယ် Trailblazer အတွက် Brand Ambassador ခန့်အပ်ခြင်း
Chevrolet ၏ SUV အမျိုးအစား (၂၀၁၇) မော်ဒယ် Trailblazer အသစ်အတွက် Brand Ambassador အဖြစ် တေးသံရှင် R ဇာနည်အားခန့်အပ်
(၂၀၁၇)ခုနှစ် တစ်နှစ်လုံးအတွက် Trailblzer အတွက် တေးသံရှင် R ဇာနည်နှင့်အတူ လှုပ်ရှားမှုများပြုလုပ် သွားမည်
ရန်ကုန်၊ မြန်မာ။ ယနေ့ (၂၀၁၇) ခုနှစ်၊ မေလ(၂၂)ရက်နေ့တွင် Chevrolet ၏ SUV အမျိုးအစား (၂၀၁၇) မော်ဒယ် Trailblazer ကားသစ်၏ Brand Ambassador ခန့်အပ်ခြင်းနှင့် ကားပေးအပ်လွှဲပြောင်းခြင်းအခမ်းအနားကို Pacific Alpine Myanmar Ltd တည်ရှိရာ အမှတ် (၂၄၂)၊ အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ကျင်းပပြုလုပ်သည်။
Chevrolet Trailblazer မော်ဒယ်သည် မြန်မာနိုင်ငံစျေးကွက်အတွက် အရေးပါပြီး ရောင်းချရမှုအားကောင်းသော SUV အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ (၂၀၁၇) မော်ဒယ် Trailblazer အသစ်တွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ အဆင့်မြှင့်တင်မှုများအပြင် အဆင့်မြင့်နည်းပညာများ၊ ကားတစ်စီးအတွက် လုံခြုံစိတ်ချရသော လုံခြံုမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများ ပါဝင်လာသည်။
“ Chevrolet Myanmar အနေနဲ့ (၂၀၁၇) မော်ဒယ် Trailblazer အသစ်ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်တဲ့အချိန်မှာ တခြားနိုင်ငံတွေမှာ Brand Ambassador ခန့်အပ်သလို Tralblazer အတွက်လည်း ထူးထူးခြားခြားနဲ့ အမှတ်တရဖြစ်သွားအောင် Brand Ambassador ခန့်ဖို့ စဉ်းစားရင်း အခုလိုအကောင်ထည်ဖော်ဖြစ် သွားတာပါ” ဟု Pacific Alpine Myanmar Ltd ၏ အမှုဆောင်ဒါရိုက်တာ ဒေါတ်တာစောနေနွယ်မှ ပြောပါသည်။
Brand Ambassador ရွေးခြယ်မှုနှင့်ပတ်သက်၍လည်း “ Chevrolet Trailblazer ကားက မိသားစုစီး ဘက်စုံသုံးနိုင် တဲ့ SUV ကားအမျိုးအစားဖြစ်ပါတယ်။ အဆိုတော် R ဇာနည်နဲ့ မိသားစုကိုရွေးခြယ်ဖြစ်တာကလည်း သူတို့မိသားစုက ပြည်သူသိတဲ့ ချစ်တဲ့ နာမည်ကျော်အနုပညာရှင်မိသားစုလည်းဖြစ်တယ်။ ပြီးတော့ ဘယ်သွားသွား မိသားစုအတူတူ သွားတတ်တယ်။ Trailblazer ကလည်း ဒီလိုမျိုးမိသားစုတွေ အတူတကွစီးနှင်းနိုင်ပြီး လုံခြံုစိတ်ချရတဲ့ နည်းပညာတွေပါဝင်တဲ့ကားဖြစ်လို့ သူတို့မိသားစုနဲ့ သင့်လျော်ကိုက်ညီတယ်လို့ သတ်မှတ်တဲ့အတွက် Brand Ambassador ရွေးခြယ်ခန့်အပ်ဖြစ်သွားတာပါ” ဟု ဒေါတ်တာစောနေနွယ်မှ ပြောပါသည်။
တေးသံရှင် R-ဇာနည်အား (၂၀၁၇) မော်ဒယ် Chevrolet Trailblazer ကားသစ်၏ Brand Ambassador အဖြစ် ခန့်အပ်ပြီး (၂၀၁၇) မော်ဒယ် Chevrolet Trailblazer ကားသစ်ကို တစ်နှစ်တာစီးနှင်းနိုင်ရန်အတွက် ပေးအပ်မည် ဖြစ်သည်။
တေးသံရှင် R-ဇာနည်အနေနှင့် ယခုပေးအပ်သော 2017 Chevrolet Trailblazer ကို Show ပွဲများ၊ အခြားအခမ်းအနားများသို့သွားရောက်ခြင်းတို့အပါအဝင် တစ်နှစ်ပတ်လုံးစီးနှင်းပေးရန် နှင့် တေးသံရှင် R-ဇာနည်၏ လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် ယခုစီးနင်း နေသော Chevrolet Trailblazer နှင့်ပတ်သက်၍ ကိုယ်တိုင်ရိုက်ထားသောကားပါပါဝင်သည့် ဓါတ်ပုံနှင့်အတူ တစ်လလျှင် (၂)ကြိမ် Post တင်ပေးမည်ဖြစ်သည်။
တေးသံရှင် R-ဇာနည်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ကုမ္ပဏီမှ Chevrolet Trailblazer ယာဉ်အား တစ်ကြိမ် ခင်းကျင်းပြသခြင်း (သို့မဟုတ်) တေးသံရှင် R-ဇာနည်၏ Music Video တစ်ပုဒ်တွင်ထည့်သွင်း အသုံးပြုခြင်း ကို ပြုလုပ်ပေးမည် ဖြစ်သည်။
(၂၀၁၇) ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် Chevrolet ၏ အခမ်းအနားပွဲများသို့ တေးသံရှင် R-ဇာနည်မှ အားလပ်မှုရှိပါကတက်ရောက်ပေးမည် ဖြစ်ပြီး Trailblazer ၏ကြော်ငြာများတွင်
Chevrolet Myanmar
Chevrolet Myanmar ကို (၂၀၁၃)ခုနှစ်၊ ဧပြီလတွင် AA Medical Group နှင့် Alpine Group Singapore တို့မှ အကျိုးတူပူးပေါင်း ကာ Pacific Alpine Company အနေနှင့် စတင်တည်ထောင်ခဲ့သည်။ Alpine Group သည် စင်္ကာပူနိုင်ငံတွင် Alpine Motors အမည်ဖြင့် Chevrolet ကားတင်သွင်းရောင်းချနေသော ကုမ္ပဏီဖြစ်ပြီး AA Medical Group မှာ မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်ကုန်များကို အောင်မြင်စွာတင်သွင်းဖြန့်ချိနေပြီး မော်တော်ယာဉ်သုံး စက်ဆီ၊ချောဆီများကိုလည်း ဖြန့်ချိနေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
Pacific Alpine သည် မြန်မာနိုင်ငံအတွက် Chevrolet ကားများကို တရားဝင်တင်သွင်းဖြန့်ချိခွင့် ရရှိထားပြီး မြန်မာနိုင်ငံတွင် Spark, Spin, Cruze, Malibu, Captiva, Trailblazer နှင့် Colorado အစရှိသောကားများကို တင်သွင်းထားပါသည်။ Pacific Alpine အနေနှင့် အရည်အသွေးကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်ကာ ဆီစားနှုန်း သက်သာသောကားများကို တင်သွင်းရောင်းချပေးနေပြီး After Sales ပိုင်းတွင်လည်း Customer များအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပါသည်။
www.chevrolet.com.mm တွင် အသေးစိတ် အချက်အလက် များကို လေ့လာနိုင်သည်။ Facebook နှင့် Instagram တို့တွင်လည်း Chevrolet Myanmar ကို follow လုပ်နိုင်ပါသည်။
Ye Phyo Htun
Marketing Manager
Pacific-AA Motor Ltd.
Pacific Alpine Myanmar Ltd.
Office: (+95) 1-9000621 (ext 324)
Mobile: (+95) 9-43174355
[email protected]
.
 Zawgyi version..
Chevrolet Trailblazer မော်ဒယ်သည် မြန်မာနိုင်ငံဈေးကွက်အတွက် အရေးပါပြီး ရောင်းချရမှုအားကောင်းသော SUV အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ (၂၀၁၇) မော်ဒယ် Trailblazer အသစ်တွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ အဆင့်မြှင့်တင်မှုများအပြင် အဆင့်မြင့်နည်းပညာများ၊ ကားတစ်စီးအတွက် လုံခြုံစိတ်ချရသော လုံခြုံမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများ ပါဝင်လာသည်။
Chevrolet Myanmar
Ye Phyo Htun
Marketing Manager
Pacific-AA Motor Ltd.
Mobile: (+95) 9-43174355
yephyo@pacificalpine.com.mm
.