Chevrolet သည် ၎င်း၏ နာမည်ကျော် Bolt EV Model ၏ Alternative Version အသစ် ဖြစ်သည့် Bolt EUV ၏ Front End Photo ကို မိတ်ဆက်ပြသလိုက်ပါသည်။ New Bolt EUV ကို လက်ရှိ Model ထက်များစွာ ဆန်းသစ်သည့် ပုံစံဖြင့် ဖန်တီးထားမည်မှာ သံသယဖြစ်စဖွယ် မရှိပါ။ Model အသစ်၏ ရှေ့မီးသည် LED DRL Type ဖြစ်ပြီး အလွန်ဆန်းသစ်ပြီး Stylish ဖြစ်သည့် ပုံစံ ရှိကာ Chevy Trailblazer နှင့်များစွာ တူညီပါမည်။ EUV သည် ( Electric Utility Vehicle ) ကိုဆိုလိုပြီး Bolt EV Model ထက် Size ပိုကြီးပြီး Wheelbase သည် (၃) လက်မခန့် ပိုရှည်မည်ဟု Chevrolet မှ ပြောထားပါသည်။ Chevrolet သည် 2020 အစောပိုင်းတွင် New Bolt EUV ၏ Dark Photo အချို့ကို ထုတ်ဖော်ပြသခဲ့ပြီး ဓာတ်ပုံများအနက် အတွင်းခန်းဓာတ်ပုံအချို့ ပါဝင် ပါသည်။ New EUV ၏ အတွင်းခန်းအား အလွန်ကျယ်ဝန်းစွာ ဖန်တီးထားမည်ဖြစ်ပြီး New Touchscreen နှင့် HVAC Control ကဲ့သို့ ပါဝင်မှု အသစ်အဆန်းများကိုလည်း တွေ့မြင်ရပါမည်။ အထူးခြားဆုံးအချက် အနေဖြင့် GM ၏ နာမည်ကျော် Super Cruise Technology အား New Bolt EUV တွင် စတင်ထည့်သွင်းမည်ဖြစ်ပြီး Chevrolet ၏ Super Cruise ပါဝင်သည့် ပထမဆုံး EV Model ဖြစ်ပါမည်။ လက်ရှိထုတ်လုပ်ထားသည့် Bolt Model သည် Chevrolet ၏ ထင်ရှားသည့် ကားများတွင် ပါဝင်ပြီး 2019 စာရင်းအရ ( U.S.A ) တွင် အစင်းရေ ( 17900 ) ကျော် ရောင်းချနိုင်ခဲ့ပါသည်။ New Bolt EUV ၏ အသေးစိတ်အချက်အလက်များအား 2021 January တွင် တင်ဆက်ပြသမည်ဟု Chevrolet မှ ပြောကြားထားပြီး ထုတ်လုပ်မှုကို 2021 နွေရာသီတွင် စတင်မည်ဟု အလားတူ ပြောကြားပါသည်။