Zawgyi Version..
Chevrolet’s industry-first Buckle to Drive feature is available when the vehicle is in Teen Driver mode. If the vehicle is on and the driver’s seat belt is not buckled, the feature is designed to not allow the driver to shift out of park for up to 20 seconds. When the brake pedal is pressed, the driver will hear an audible alert and see a message in the driver information center that reads “Buckle seat belt to shift.” (Photo by John F. Martin for Chevrolet)
Unicode Version…
ဆယ်ကျော်သက်များအတွက် လုံခြုံရေးနည်းပညာသစ်ကို Chevrolet နှင့် GMC တွင် မြင်တွေ့ရမည်
Chevrolet နှင့် GMC တို့သည် နောက်ထပ် ထွက်ရှိလာမည့် မော်ဒယ်သစ်ကားများတွင် လူငယ်ဆယ်ကျော် သက်မောင်းနှင်သူများအတွက် လုံခြုံရေး အဆင့်မြင့်တင်ထားသည့် နည်းပညာသစ်ကို ထည့်သွင်းအသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုံခြုံရေးနည်းပညာသစ်မှာ ယာဉ်မောင်းနှင်သူအနေဖြင့် ခါးပတ်, ပတ်မှသာ ကားကို မောင်းနှင်နိုင်မှာ ဖြစ်ပြီး ယာဉ်မောင်းအနေဖြင့် ခါးပတ်, ပတ်ခြင်းမရှိပါက ကားကို ရွေ့လျားစေနိုင်မှာ မဟုတ်ပါဘူး။
ကားမောင်းနှင်ရာမှာ လုံခြုံစိတ်ချရစေရန်အတွက် အဆိုပါနည်းပညာကို ဖန်တီးခဲ့သည့် အင်ဂျင်နီယာများဟာ ဆယ်ကျော်သက်ယာဉ်မောင်းများကို အဓိက ရည်ရွယ်ဖန်တီးခဲ့တာဖြစ်ပြီး ကားပိုင်ရှင်အနေဖြင့် Car’s Teen Driver System ကို ဖွင့်ထားပါက အဆိုပါလုံခြုံရေးစနစ်မှာ အသက်ဝင်မည်ဖြစ်သည်။
စစ်တမ်းများအရ ဆယ်ကျော်သက်ယာဉ်မောင်းများဟာ ကားမောင်းနှင်ရာတွင် ခါးပတ် အသုံးပြုမှု အနည်းဆုံး ဖြစ်ပြီး မတော်တဆဖြစ်မှုများတွင် ထိခိုက်မှုနှင့် သေဆုံးမှုနှုန်း အများဆုံးဖြစ်နေသည်။
GM ၏ မော်တော်ယာဉ်အင်ဂျင်နီယာက “ လုံခြုံရေးဟာ ကျွန်တော်တို့အတွက် ပထမဦးစားပေးပါ။ ကျွန်တော် မနက်တိုင်း အလုပ်ကို မိသားစုနဲ့လာတိုင်း အနာဂတ်မှာ မိသားစုအတွင်း ကားမောင်းနှင်မယ့် လူငယ်တွေ ရှိလာမယ်ဆိုတာ တွေးမိပါတယ်။ သူတို့ရဲ့ လုံခြုံရေးထက် ဘယ်အရာကမှ အရေးမကြီးပါဘူး။
ကျွန်တော်မျှော်လင့်ချက်ကတော့ မောင်းနှင်ဖို့ ခါးပတ်, ပတ်ရမယ်ဆိုတဲ့ နည်းပညာဟာ လူငယ်တွေကို ခါးပတ်, ပတ်ဖို့ ပိုမိုလမ်းညွန်သွားမှာဖြစ်ပြီး ဆယ်ကျော်သက်မိသားစုတွေအကြား အကောင်းမြင်မှုတွေ ဖြစ်ပေါ်စေမှာပါ။” ဟု ဆိုခဲ့သည်။
Teen Driver System နည်းပညာသစ်ကို ၂၀၂၀ မော်ဒယ်များဖြစ်သည့် Chevrolet Traverse၊ Chevrolet Malibu၊ Chevrolet Colorado၊ GMC Canyon၊ GM Buick နှင့် GMC Cardillac luxury များတွင် ထည့်သွင်းအသုံးပြုသွားဖို့ ရှိနေသည်။