Unicode version…
မင်္ဂလာပါ
“DRIVE” မဂ္ဂဇင်း ရဲ့ Brand Guide ကဏ္ဍမှ ကားချစ်သူ မိတ်ဆွေများကို ကြိုဆိုလိုက်ပါတယ်။ ပြည် တွင်းကား Model အသစ် အရောင်းပြခန်းတွေမှာ ရနိုင်တဲ့၊ Brand တစ်မျိုးစီကို ကျွန်တော်တို့ရဲ့ “Drive” ကားမဂ္ဂဇင်း တိုင်းမှာ၊ ရှာဖွေတင်ပြနေပါတယ်။ဘယ်လိုကားသစ် အမျိုး အစားတွေရနိုင်တယ်။ ကား Model တစ်စီးချင်းစီရဲ့ ကောင်းမွန်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ ဆိုတာတွေ ကို၊ သင်အတွက် အကောင်းဆုံး အမြန်ဆုံး ရှာဖွေတင်ပြ ပေးလိုက်ပါတယ်။
Chevrolet
ဒီနာမည် မူလအော်ရီဂျင်နယ်က ပြင်သစ်နာမည် ဖြစ်ပါတယ်။ General Motor ရဲ့ Sub – brand တစ်ခု လည်းဖြစ်ပါတယ်။G M (General Motor)ဆိုတာ U S A ဖြစ်ကြောင်း သင်္ကေတပြယုဒ်တစ်ခုပါဘဲ။ အမေရိကန် နာမည်ကြီး Brands တွေထဲက တစ်ခြားနှစ်မျိုး နှင့်လည်း ဒီလိုမျိုးအမေရိကန်လုပ် အမှတ်တံဆိပ်ဖြစ်ကြောင်း သက် သေထင်ရှားတဲ့ သင်္ကေတဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ သား ပြိုင်ကားဒရိုင်ဘာလည်းဖြစ် အင်ဂျင်နီယာတစ်ဦး လည်းဖြစ်တဲ့ မစ္စတာ Louis Chevrolet ဆိုသူနဲ့ စီးပွားရေးသမား Willam C. Durant တို့ ပူးပေါင်းပြီး ၁၉၁၁ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှာ ကုမ္ပဏီတစ်ခုကို စတင် တည်ထောင်ခဲ့ကြပါတယ်။ နှစ်အနည်းငယ်အတွင်း မှာဘဲ “General Motor” ကားကုမ္ပဏီ မှာ ထိန်းချုပ်ကြိုး ကိုင်နိုင်သော အစုရှယ်ယာကို ဝယ်ယူခဲ့တယ်။ General Motor ကုမ္ပဏီသည် ရောင်းအားအကောင်းဆုံး အကြီးဆုံး ဖြစ်လာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင် အောင် ဖြစ်ပါတယ်။
“Chvey” လို ချစ်စနိုးနာမည်လေး တစ်ခု ပေးထား တာ အမေရိကန်မှာ အောင်မြင်မှုကြီးမားတဲ့ တရားဝင် ကား Model တစ်ခုရဲ့ Brand နာမည်ကောင်း တစ်ခုဖြစ် ပေါ်စေခဲ့ပါတယ်။ တစ်ချို့ ကျေးလက်ဒေသတွေမှာ ဆိုရင် Chevy ကားအုံနာ တွေနဲ့ တစ်ခြားကား brand အုံနာတွေ အပြိုင်အဆိုင် ပွဲကျနေကြတာ ဆူညံနေတာပါပဲ။ သူတို့ရဲ့ ပစ်ကပ် (pickup) ကားပိုကောင်းကြောင်း ထိုက်တန် ကြောင်း စကားနိုင်လုပြီး ငြင်းခုံရတဲ့ အထိပါပဲ။
ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ ဒီကုမ္ပဏီ အနေနဲ့ ကြီးမားတဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး လူကြိုက်များတဲ့ Model ပုံစံတွေ ကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်လောက်က ပွဲထုတ်ပြသခဲ့တဲ့ ၂ယောက်စီး Corvette ကားလေးဆိုရင် အကောင်းဆုံး ထုတ်လုပ်ခဲ့တာပါ။ ၁၉၆၆ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ “Pony Car” လို ချစ်စနိုး ခေါ်ကြတဲ့ Camero ကားဆိုရင်လည်း လူကြိုက်များ ရေပန်း စားခဲ့တဲ့ အမေရိကန် လုပ်ကားတွေပါပဲ။ ဒီကား Model ၂စီးလုံး ဟာ အမေရိကန်ရဲ့ ကျော်ကြားပြီး ကြာရှည်ခိုင်ခန့်တဲ့ Sport ကားတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့အထိတောင် ထုတ် လုပ်ရောင်းချနေရဆဲ ကားတွေဖြစ်ပါတယ်။ ကမ္ဘာလုံး ဆိုင်ရာ မှတ်တမ်းဝင်ခဲ့တာကတော့ Nurbugring ကားပြိုင်ပွဲ ပတ်လမ်း အတွင်းမှာ အလွန်ခက်ခက်ခဲခဲ မောင်းပြနိုင်ခဲ့ လိုပါဘဲ။
“Chevy” ဆိုတဲ့ အမှတ်တံဆိပ်ဟာ လူအများ အထင်ကြီးလေးစားမှု မြင့်မားစွာရခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘရန်း (brand) တစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ယခုအခါ Chvey ကားတွေကို အသင့်ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ သတိပြုမိတာ တစ်ခုကတော့ Sedon ကားတွေထက်၊ ကြမ်းတမ်းတဲ့ လမ်းတွေမှာ ပိုပြီးအသုံး ဝင်တဲ့ SUVs ကားတွေ Truck ကားတွေကို ဝယ်လိုအား များနေတယ် ဆိုတဲ့အချက်ပါဘဲ။ မြန်မာနိုင်ငံရဲ့ လမ်းများ နှင့် အကောင်းဆုံးလိုက်ဖက်တဲ့ ကားဆိုတာ ကြီးမား တောင့်တင်းကြံ့ခိုင်တဲ့ ကားမျိုးဖြစ်ရမယ်။ အဖုအထစ် ချိုင့်ခွက်တွေများတဲ့ လမ်းတွေမှာ ဒီလိုကားမျိုးနဲ့ မှသင့် တော်မှာဖြစ်ပါတယ်။ လမ်းပေါ်မှာ မြင်ကွင်းကောင်း ကောင်း ကျယ်ကျယ် မြင်နိုင်စွမ်းရှိတဲ့ကား၊ မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တဲ့ ကား အမျိုးအစားကတော့ SUV ကားနဲ့ ထရပ်ကားတွေဘဲဖြစ်ပါတယ်။ အတိတ်ခေတ် ဟောင်း ကာလတွေမှာ Truck ကား၊ SUV ကားတွေကို ဇိမ်ခံကားလေးတွေ လောက် လူကြိုက် မများပါဘူး။ ဒါပေမယ့် ဒိီနေ့မျက်မှောက်ကာလ ခေတ်မှာတော့ SUV နဲ့ Truck ကာတွေဟာပိုပြီး သက်သောင့်သက်သာ ရှိလာ တယ်။ ကားမောင်းရတာ ချောမွေ့ညင်သာပြီး ဇိမ်ကျကျ စီးနိုင် တာကြောင့် ရွေးချယ်မှုပိုလာပါတယ်။
Chevrolet Brand (၇) မျိုးကို ဖော်ပြရလျှင်
Sail
Chevrolet Sail 3
စိတ်ဝင်စားဖွယ် စျေးနှုန်းနှင့် ရနိုင်တဲ့ entry level Sedan ဇိမ်ခံကားလေး ဖြစ်ပါတယ်။ The Sail ရွက်လွှင့်ခြင်း အပျော်ခရီးထွက်ခြင်းလို့ အဓိပ္ပယ်ရတဲ့ ဒီဇိမ်ခံ ဆီဒင်ကားလေး ဟာ Supermini ရှေ့ဘီးမောင်း( Front wheel drive) ရှေ့ှှယက်ကားလေး တစ်စီးဖြစ် ပါတယ်။ ဒီကားရဲ့ ကိုယ်ထည်က အပြင်မှာ မြင်တွေ့ရ တာထက် အထဲမှာ ပိုပြီး ကြီးနေတယ်လို့ ထင်ရပါတယ်။
အင်ဂျင်ပါဝါစီစီ – 1500CC
အင်ဂျင်မြင်းကောင်ရေ – 109hp
ဂီယာ Automatic 4-Speed)
တင်ဆောင်နိုင်သော ဝန်အား 1100kg
လူကြီး၄-ယောက်ကိုတော့ သက်သောင့်သက်သာ ဖြစ်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ၅ယောက်စီးရင် တော့ နည်းနည်းကျပ်တာပေါ့။ ဒါပေမဲ့ ဆီစားနှုန်းကတော့ တကယ့်ကို သက်သာပါတယ်။
Malibu
ဒီ Model ကားကို အမေရိကန်မှာ mid-size Sedan ကားလို့ ခေါ်ပါတယ်။ Chevy Malibu model ဟာ နဝမမြောက် မျိုးဆက်ဖြစ်ပါတယ်။ အာရှဒေသမှာတော့ Chevy Malibu အရွယ်အစားဟာ Larger Luxury ကားအရွယ်အစားနဲ့ ညီမျှပါ တယ်။ ဒီကားရဲ့ Featuring တွေကတော့
အင်ဂျင်ထုတည် -2.0 liter
အင်ဂျင်မြင်းကောင်ရေ -253hp
Transmission (Automatic,6-Spped)
Drive – Front-wheel drive
Chevy Malibu ကားမှာ All ပါဝါသုံးထားပါတယ်။ ကားဒီဇိုင်းပုံစံက စတိုင်ကျပြီး ချောမွေ့တောက်ပြောင်လှပ ခန့်ညားနေပါတယ်။ အတွင်းပိုင်း interior အလှဆင် ထားတာလည်း တော်တော်ကောင်းပါတယ်။ ဒတ်ချ်ဘုတ် မှာ အလှဆင်ထားတာလည်း အောချလောက်အောင် ကောင်းလွန်းပါတယ်။
Suburban
ဒီကားပုံစံက Full-sized SUV ဒီဇိုင်းပါ။ ခါးလျားရှည်ပါတယ်။ အိမ်ကား (Estate Car) တစ်စီး နဲ့လည်းတူနေပါတယ်။ Suburban ကားမှာ ခေါက်သိမ်း လို့ရတဲ့ ဒုတိယ ခုံတန်း နဲ့ တတိယခုံတန်း ပါဝင်ပါတယ်။
အင်ဂျင်အမျိုးအစားက V-8၊ ထုတည် 5.3 liter ဆိုတော့ တော်တော် ကြီးပါတယ်။ မြင်းကောင်ရေ ပါဝါ 355hp ထွက်ပြါတယ်။ ဂီယာဘောက်က 6- speed Auotamatic ဖြစ်ပြီး All 4-Wheels drive ဖြစ်ပါတယ်။ ကားကြီးက ထုထည် ကြီးတော့ အလေးချိန် 2500 kg ရှိပါတယ်။ မိသားစုလိုက် ခရီးဝေး သွားတာမျိုးမှာ ဒီလို ကားကြီးနဲ့မှ အဆင်ပြေပါတယ်။ ဒီ ကားရဲ့ အီလက်ထရွန် နစ် Features တွေ၊ နည်းပညာ မြင့်မားပြီး လုံခြုံစိတ်ချ ရမှုတွေ ကောင်းတဲ့အချက်တွေကို လေ့လာကြည့်ရ အောင် တစ်ခေါက်လောက်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ။
2016-chevrolet-suburban-suv-performance-740×440
Captiva
ဒီကား ပုံစံကတော့ Suburban ကားထက် နည်းနည်း ပိုသေးပါတယ်။ Captive ကားပုံစံက Crossover SUV ကားတစ်စီးလောက် ကြံ့ခိုင်တောင့် တင်းပါတယ်။ ကားမောင်းရ တဲ့ ခံစားမှုကတော့ တကယ့်ကို ကျေနပ်စရာပါဘဲ။ ဒီဇယ်အင်ဂျင် 2.0 liter တပ်ဆင်ထားပြီး မြင်းကောင်ရေပါဝါ 165hp ရှိပါတယ်။ ဂီယာက Auotomatic 6-Speed ဖြစ်ပါတယ်။ Four wheel Drive ကားပါ။ ထိုင်ခုံ သုံးတန်ပါရှိပြီး ခေါက်သိမ်းလို့ရပါတယ်။ နောက်ခုံတန်းတွေကို ခေါက် သိမ်းနိုင်လို့ ကုန်ပစ္စည်းများများ တင်နိုင်ပါတယ်။
Orlando
Orlando ကားက MPV (multi-purpose vehicle) အမျိုး အစားဖြစ်ပါတယ်။ တံခါး ၅ပေါက် (5-doors) ပါပြီး လူ ရ -ယောက် စီးနိုင်ပါတယ်။ ရှေ့ဘီးမောင်း (Front wheel drive) အမျိုးအစားပါ။ အင်ဂျင်က 1.8 liter ရှိပြီး ဆလင်ဒါ ၄လုံးထိုး ဓါတ်ဆီ အင်ဂျင်ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ မြင်း ကောင်ရေက 141 hp ရှိပြီး ဂီယာ ၆ချက် ပါတဲ့ Auto Gear ဖြစ်ပါတယ်။ ဒီကားရဲ့ ဘေးကင်းလုံခြံုရေး (Safety feature) အချက်အလက် အဆင့်မြင့်နည်းပညာတွေ သိရှိ ရအောင် တစ်ခါတစ်ခေါက် လာပြီး လေ့လာ ကြည့်ပါ။
Trailblazer (SUV)
Trailblazer ကို mid-sized SUV ကားလို့လည်း ခေါ်ပါတယ်။ Off-road မှ 4-WD ပုံစံနဲ့ မောင်းနိုင်စွမ်း ရှိအောင် 2.8 liter ဒီဇယ်ဆီ အင်ဂျင်တပ်ဆင်ထား ပါတယ်။ အင်ဂျင် ပါဝါက မြင်းကောင်ရေ 200 hp ထွက်ပြီး၊ ရုန်းအားက 500 Nm Torque (@ 2,000 rpm) ရှိပါတယ်။ လမ်းချော်နိုင်တဲ့ တောင်တတ်၊ တောင်ဆင်း လမ်းကြမ်းတွေမှာ ကောင်းမွန်စွာ မောင်း သွားနိုင်ပါတယ်။ အတွင်းပိုင်း ဒီဇိုင်း အလှဆင်ထားတာတွေ အတော် ကောင်းပါတယ်။ ခုံတန်းသုံးတန်းပါပြီး၊ ကျယ်ကျယ် ဝန်းဝန်းရှိပါတယ်။
Colorado
ဒီကားက အင်ဂျင်ရော ဂီယာဘောက်ရော Trailblazer ထက်ပို သေးပါတယ်။ ကားပုံစံ ဒီဇိုင်းက Pickup Truck ပုံစံ ဖြစ်ပါတယ်။ ဘယ်လိုမြေပြင် အနေအထားမျိုးမှာဘဲဖြစ်ဖြစ် မောင်းနိုင်စွမ်းရှိအောင် တည်ဆောက်ထားပါတယ်။ အတွင်း ၊ အပြင် ဒီဇိုင်းက တော့ စတိုင်ကျ ဟန်ပန်လှတဲ့ Four Doors ပစ်ကပ်ကား တစ်စီး ဖြစ်ပါတယ်။ ဆွဲအားကောင်းတဲ့ ကားတစ်စီး ဖြစ်တာကြောင့် ကမ္ဘာ့အကောင်းဆုံး ပစ်ကပ် (Pickup) ကားတွေထဲက ကားတစ်စီးဖြစ်အောင် အကောင်းဆုံး တီထွင်ထားတဲ့ လက်ရာဖြစ်ပါတယ်။
Zawgyi  version….
မဂၤလာပါ
 Chevrolet
  1. Sail
Chevrolet Sail 3
ဂီယာ                           Automatic 4-Speed)
  1. Malibu
အင်ဂျင်ထုတည်             -2.0 liter
  1. Suburban
  1. Captiva
  1. Orlando
  1. Trailblazer (SUV)
  1. Colorado