Unicode version…

နာမည်ကျော်အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ Chevrolet မှ Pick up ထုတ်လုပ်ခြင်းနှစ် ၁၀၀ ပြည့်အထိမ်း အမှတ် အနေနဲ့ အကန့်အသတ်ဖြင့်သာထုတ်လုပ်သော Chevrolet Colorado High Country Centennial Edition ကို လာမယ့် ၂၀၁၈ ဇန်နဝါရီလမှစပြီး မြန်မာနို်င်ငံစျေးကွက်မှာ တင်သွင်းရောင်းချပေးနေပြီဖြစ်ပါတယ်။ Chevrolet ဟာ ၁၉၁၈ ခုနှစ်က သူ တို့ရဲ့ပထမဆုံး Pick up ဖြစ်တဲ့ ၁ တန်ကား 490 series ကိုထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ကားစျေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ Colorado High Country Centennial Edition ဟာ 1958 Apache 3100 Series, 1988 C/K1500 တို့ကိုအထိမ်းအမှတ်အဖြစ် ထုတ်လုပ်တဲ့ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ နှစ်တစ်ရာပြည့် အထိမ်းအမှတ်တံဆိပ်တွေဟာ ကားအရှေ့ရှဲလ် (Grille) ၊ကားအနောက်ဘက်အဖုံးလိုဂိုနေရာတွေနှင့် ဘေးတံခါးအတွင်း၊ အပြင်တွေမှာပါ ပါဝင်လာမှာဖြစ်ပြီး ရှေ့ဘောနက်ပေါ်မှာလည်း လှပစွာခြယ်မှုန်းထားတဲ့ စတေကာဒီဇိုင်းပုံစံလည်း ပါဝင်လာလို့အခြားထုတ်လုပ်တဲ့ Pick up တွေနဲ့မတူပဲလုံးဝကွဲပြားတဲ့ပုံစံတွေ၊တံဆိပ်တွေပါဝင်လာမှာဖြစ်ပါတယ်။ပြီးတော့ ၁၈လက်မ အနက်ရောင် Alloy ဘီးခွေနဲ့အတူ ကားဘော်ဒီအရောင်ကိုအဖြူတစ်မျိုးတည်းသာထုတ်လုပ်မှာဖြစ်ပါတယ်။ 2018 Colorado High Country Centennial Edition အကြောင်းဆက်လေ့လာကြည့်ရအောင်ပါ။

အပြင်ဘက်အပိုင်း

ရှေ့ရုပ်ထွက်ပိုင်းကတော့ Colorado High Country လိုမျိူးဖြစ်ပေမယ့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အမှတ်တံဆိပ်၊ အဖြူရောင်သီးသန့်အရောင် နဲ့ အနက်ရောင်ဘီးခုံး နဲ့ဘီးခွေတွေကြောင့် ထူးခြားဆန်းပြားတဲ့အသွင်အပြင်ကို မြင်တွေ့ရမှာပါ။ နောက်ပြီး ရှေ့ဘက် နဲ့ နောက်ဘက်မှာပါတဲ့ Chevrolet Logo ကလည်းကွဲပြားပေါ်လွင်နေမှာဖြစ်ပြီး ဘေးဘက်တံခါးပေါ်မှာတော့ နှစ် ၁၀၀ ဆိုတဲ့အမှတ်တံဆိပ်ကို Chevrolet Logo နဲ့တွဲဖက်သုံးစွဲထားပါတယ်။ လှပမှာရှိတဲ့ရှေ့ဘက်ရုပ်သွင်ကို အဓိကပံ့ပိုးပေးထားတာက LED Daytime Running Lights ပါဝင်တဲ့ Halogen Headlamps တွေဖြစ်ပြီး Fog Lamps ကတော့အောက်ဘက်ရှဲဘေး မှာပါဝင်ပါတယ်။ ပြီးတော့တောက်ပတဲ့ Chorme အုပ်ထားတဲ့ Dual Port ရှေ့Grille တွေအပြင် Chromeအုပ်ထားတဲ့ Side Mirrors တွေကြောင့်လည်း ဒီမော်ဒယ် ကအရမ်းကိုဝင့်ကြွားလှပပါတယ်။ သေသပ်ကျနတဲ့အနားရေးကြောင်း၊ ဘောနက်မှာခြယ်သထားတဲ့ အနက်ရောင်ဒီဇိုင်း၊ Chorme နဲ့ပြုလုပ်ထားတဲ့Roof railတွေကလည်း Centennial Edition ကိုပိုပြီးလှပနေစေပါတယ်။ နောက်ဘက်ပိုင်း မှာလည်း နောက်ဖုံးလက်ကိုင်ကအစ Chrome နဲ့ပြုလုပ်ထားတဲ့အပြင် Sport style အချိုးအဆစ်တွေကြောင့် ဒီမော်ဒယ်ရဲ့ဆွဲဆောင်နိုင်မှုကိုပိုပြီးတိုးလာစေခဲ့ပါတယ်။

အတွင်းခန်း

အတွင်းခန်းကိုဝင်ဝင်ချင်း မြင်တွေ့မိတာက အတွင်းတံခါးဘောင်မှာ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်နှင့်အတူ ထုတ်လုပ်တဲ့ ကားစီးရေမြောက် (Serial နံပါတ်) နှင့်အတူ ယှဉ်တွဲ ဖော်ပြထားတဲ့ Badge ကိုစတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြိုးချုပ်လည်သာသုံးစွဲထားတဲ့အဆင့်မီစတီယာရင်မှာ ဖုန်းနဲ့Audioကိုထိန်းချူပ်နိုင်တဲ့ Button တွေပါဝင်မှာဖြစ်ပါတယ်။ 8” Touch Screen Display ပါဝင်ပြီး Chevrolet ရဲ့ MyLink နဲ့ချိတ်ဆက်ကာ Bluetooth Handsfree with Apple CarPlay ကိုသုံးနိုင်ပါတယ်။ Back Camera ပါဝင်ပြီးတော့ Navigation System ၊ Cruise Control ၊ Automatic Air Conditioning တွေလိုအဆင့်မြင့်နည်းပညာတွေလည်းသုံးစွဲထားပါတယ်။ ဒါ့အပြင် ပုံစံ ၆ မျိုးပြောင်းလို့ရတဲ့ Electronic Driver Seat လည်းပါဝင်ပြီး ကောင်းမွန်တဲ့ထိုင်ခုံတွေက မောင်းနှင်သူရော၊ စီးနင်းသူကိုပါ သက်တောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။ အတွင်းခန်းလည်းကျယ်ဝန်းပြီး ပစ္စည်းထည့်ဖို့နေရာအလုံအလောက်လည်း ပါရှိပါတယ်။ Entertainment အနေနဲ့ Premium Sound System အတွက် Speaker (၇)လုံး ပါဝင်မှာဖြစ်လို့ Pick up ကားပေမယ့် ဇိမ်ရှိရှိလိုက်ပါနိုင်အောင်ပြုလုပ်ပေးထားတယ်လို့ဆိုရမှာပါ။

စွမ်းဆောင်ရည်

Chevrolet Colorado High Country Centennial Edition မှာ 2.8L Duramax Diesel အင်ဂျင်တစ်မျိုး တည်းကိုပဲထုတ်မှာဖြစ်ပြီး ဒီစနစ်မှာ turbo direct injection ပါသလို 16-valve, in-line ဖြစ်လို့စွမ်းဆောင် ရည်နဲ့ဆီစားနှုန်းက Customer စိတ်ကြိုက်ဖြစ်စေပါလိမ့်မယ်။ မြင်းကောင်ရေ ၂၀၀ အားထွက်ရှိမှာဖြစ်ပြီး Manual Mode ပါတဲ့ 6-Speed Automatic Transmission ကိုသုံးစွဲထားပါတယ်။ Four Wheel Drive ဖြစ်ပြီး လမ်းကြမ်းပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့အတွက် ရှေ့ Suspension ကို coilover twin tube shock absorbers နဲ့ Double Wishbone Independent ကိုသုံးစွဲထားသလို နောက်ဘက်ကိုတော့ Axle Suspension with Leaf Spring ဖြစ်ပါတယ်။

လုံခြုံရေး

ပထမဆုံး Airbag ပါဝင်မှုက ရှေ့ Driver နဲ့ Passengerအတွက် ၂ လုံးပါဝင်ပြီး 3-Point ပါတဲ့အဆင့်မြင့် Seat Belt တွေပါဝင်ပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ရင်လိုက်ပါသူတွေထိခိုက်မှုနည်းပါးအောင် အဆင့်မြင့်မာကျောတဲ့ Body Frame ကိုသုံးစွဲထားပါတယ်။ ဒီမော်ဒယ်မှာ အထူးခြားဆုံးလို့ဆိုနိုင်တာက အမေရိကထုတ်ကားပီပီ Safety ပိုင်းကို အပြည့်အဝအာမခံနိုင်ဖို့ System တွေအများကြီးနဲ့ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Anti-lock Braking System (ABS) and Electronic Brake Force Distribution (EBD), Panic Brake Assist (PBA)& Hydraulic Brake Assist (HBA), Electronic Stability Control (ESC), Anti Rolling Protection (ARP), Trailer Sway Control (TSC) & Traction Control System (TCS), Hill Descent Control (HDC) and Hill Start Assist (HSA) တို့လိုမျိုး နည်းပညာတွေသုံးထားလို့အရမ်းကိုလုံခြံုစိတ်ချရမှုမြင့်မားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Forward Collision Alert ၊ Lane Departure Warning ၊ Anti-Theft Alarm တို့အတွက် ဆင်ဆာတွေလည်းပါဝင်သေးတာမို့ဒီမော်ဒယ်က လုပ်ငန်းသုံး Pick up တစ်စီးဆိုတာထက်ပိုတဲ့အရာတွေကို ရရှိနိုင်ပါလိမ့်မယ်။

နိဂုံးချူပ်အနေနဲ့ဆိုရရင် Pick up လောကမှာနှစ်ပေါင်းအတော်ကြာလွှမ်းမိုးထားနိုင်တဲ့အပြင် Safety ပိုင်း၊နည်းပညာပိုင်းမှာ နာမည်ကျော်လှတဲ့ Chevrolet ရဲ့ Colorado High Country Centennial Edition က Limited Edition ဖြစ်လို့ထူးခြားတဲ့ အသွင်အပြင်ကွဲပြားခြားနားမှုတွေကြောင့် Chevrolet ချစ်သူများအတွက်စိတ်လှုပ်ရှားမှုတွေပေးစွမ်းနိုင်မယ့် ကားကောင်း တစ်စီးလို့ဆိုရမှာဖြစ်ပါတယ်။

Zawgyi version….

နာမည္ေက်ာ္အေမရိကန္ကားထုတ္လုပ္ေရးကုမၸဏီ Chevrolet မွ Pick up ထုတ္လုပ္ျခင္းႏွစ္ ၁၀၀ ျပည့္အထိမ္း အမွတ္ အေနနဲ႔ အကန္႔အသတ္ျဖင့္သာထုတ္လုပ္ေသာ Chevrolet Colorado High Country Centennial Edition ကို လာမယ့္ ၂၀၁၈ ဇန္နဝါရီလမွစျပီး ျမန္မာႏုိ္င္ငံေစ်းကြက္မွာ တင္သြင္းေရာင္းခ်ေပးေနျပီျဖစ္ပါတယ္။ Chevrolet ဟာ ၁၉၁၈ ခုႏွစ္က သူ တုိ႕ရဲ႕ပထမဆုံး Pick up ျဖစ္တဲ့ ၁ တန္ကား 490 series ကုိထုတ္လုပ္ခဲ့တာျဖစ္ျပီး ကမာၻ႕ကားေစ်းကြက္ကုိ ထုိးေဖာက္ႏုိင္ခဲ့ပါတယ္။ Colorado High Country Centennial Edition ဟာ 1958 Apache 3100 Series, 1988 C/K1500 တုိ႕ကိုအထိမ္းအမွတ္အျဖစ္ ထုတ္လုပ္တဲ့ကားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ျပီျဖစ္ပါတယ္။ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္တံဆိပ္ေတြဟာ ကားအေရွ႕ရွဲလ္ (Grille) ၊ကားအေနာက္ဘက္အဖံုးလိုဂိုေနရာေတြႏွင့္ ေဘးတံခါးအတြင္း၊ အျပင္ေတြမွာပါ ပါဝင္လာမွာျဖစ္ၿပီး ေရွ႕ေဘာနက္ေပၚမွာလည္း လွပစြာျခယ္မွဳန္းထားတဲ့ စေတကာဒီဇုိင္းပုံစံလည္း ပါဝင္လာလုိ႕အျခားထုတ္လုပ္တဲ့ Pick up ေတြနဲ႕မတူပဲလုံးဝကြဲျပားတဲ့ပုံစံေတြ၊တံဆိပ္ေတြပါဝင္လာမွာျဖစ္ပါတယ္။ျပီးေတာ့ ၁၈လက္မ အနက္ေရာင္ Alloy ဘီးေခြနဲ႕အတူ ကားေဘာ္ဒီအေရာင္ကိုအျဖဴတစ္မ်ိဳးတည္းသာထုတ္လုပ္မွာျဖစ္ပါတယ္။ 2018 Colorado High Country Centennial Edition အေၾကာင္းဆက္ေလ့လာၾကည့္ရေအာင္ပါ။

အျပင္ဘက္အပုိင္း

ေရွ႕ရုပ္ထြက္ပုိင္းကေတာ့ Colorado High Country လုိမ်ိဴးျဖစ္ေပမယ့္ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္ အမွတ္တံဆိပ္၊ အျဖဴေရာင္သီးသန္႕အေရာင္ နဲ႕ အနက္ေရာင္ဘီးခံုး နဲ႕ဘီးေခြေတြေၾကာင့္ ထူးျခားဆန္းျပားတဲ့အသြင္အျပင္ကုိ ျမင္ေတြ႕ရမွာပါ။ ေနာက္ျပီး ေရွ႕ဘက္ နဲ႔ ေနာက္ဘက္မွာပါတဲ႔ Chevrolet Logo ကလည္းကြဲျပားေပၚလြင္ေနမွာျဖစ္ျပီး ေဘးဘက္တံခါးေပၚမွာေတာ့ ႏွစ္ ၁၀၀ ဆုိတဲ့အမွတ္တံဆိပ္ကို  Chevrolet Logo နဲ႕တြဲဖက္သုံးစြဲထားပါတယ္။ လွပမွာရွိတဲ့ေရွ႕ဘက္ရုပ္သြင္ကုိ အဓိကပံ့ပုိးေပးထားတာက LED Daytime Running Lights ပါဝင္တဲ့ Halogen Headlamps ေတြျဖစ္ျပီး Fog Lamps ကေတာ့ေအာက္ဘက္ရွဲေဘး မွာပါဝင္ပါတယ္။ ျပီးေတာ့ေတာက္ပတဲ့ Chorme အုပ္ထားတဲ့ Dual Port ေရွ႕Grille ေတြအျပင္ Chromeအုပ္ထားတဲ့ Side Mirrors ေတြေၾကာင့္လည္း ဒီေမာ္ဒယ္ ကအရမ္းကုိဝင့္ၾကြားလွပပါတယ္။ ေသသပ္က်နတဲ႕အနားေရးေၾကာင္း၊ ေဘာနက္မွာျခယ္သထားတဲ့ အနက္ေရာင္ဒီဇုိင္း၊ Chorme  နဲ႕ျပဳလုပ္ထားတဲ႕Roof railေတြကလည္း Centennial Edition ကုိပုိျပီးလွပေနေစပါတယ္။ ေနာက္ဘက္ပုိင္း မွာလည္း ေနာက္ဖုံးလက္ကုိင္ကအစ Chrome နဲ႕ျပဳလုပ္ထားတဲ့အျပင္ Sport style အခ်ိဳးအဆစ္ေတြေၾကာင့္ ဒီေမာ္ဒယ္ရဲ႕ဆဲြေဆာင္ႏုိင္မွဳကုိပုိျပီးတုိးလာေစခဲ့ပါတယ္။

အတြင္းခန္း

အတြင္းခန္းကုိဝင္ဝင္ခ်င္း ျမင္ေတြ႕မိတာက အတြင္းတံခါးေဘာင္မွာ ႏွစ္ ၁၀၀ ျပည့္အထိမ္းအမွတ္ႏွင့္အတူ ထုတ္လုပ္တဲ့ ကားစီးေရေျမာက္  (Serial နံပါတ္) ႏွင့္အတူ ယွဥ္တြဲ ေဖာ္ျပထားတဲ့  Badge ကုိစတင္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ၾကိဳးခ်ဳပ္လည္သာသုံးစြဲထားတဲ့အဆင့္မီစတီယာရင္မွာ ဖုန္းနဲ႕Audioကုိထိန္းခ်ဴပ္ႏုိင္တဲ့ Button ေတြပါဝင္မွာျဖစ္ပါတယ္။ 8” Touch Screen Display ပါဝင္ျပီး Chevrolet ရဲ႕ MyLink နဲ႕ခ်ိတ္ဆက္ကာ Bluetooth Handsfree with Apple CarPlay ကုိသုံးႏုိင္ပါတယ္။ Back  Camera ပါဝင္ျပီးေတာ့ Navigation System ၊ Cruise Control ၊ Automatic Air Conditioning ေတြလုိအဆင့္ျမင့္နည္းပညာေတြလည္းသုံးစြဲထားပါတယ္။ ဒါ့အျပင္ ပုံစံ ၆ မ်ိဳးေျပာင္းလုိ႕ရတဲ့ Electronic Driver Seat လည္းပါဝင္ျပီး ေကာင္းမြန္တဲ့ထုိင္ခုံေတြက ေမာင္းႏွင္သူေရာ၊ စီးနင္းသူကုိပါ သက္ေတာင့္သက္သာ ရွိေစမွာျဖစ္ပါတယ္။ အတြင္းခန္းလည္းက်ယ္ဝန္းျပီး ပစၥည္းထည့္ဖုိ႕ေနရာအလုံအေလာက္လည္း ပါရွိပါတယ္။ Entertainment အေနနဲ႕ Premium Sound System အတြက္ Speaker (၇)လံုး ပါဝင္မွာျဖစ္လုိ႕ Pick up ကားေပမယ့္ ဇိမ္ရွိရွိလုိက္ပါႏုိင္ေအာင္ျပဳလုပ္ေပးထားတယ္လုိ႕ဆုိရမွာပါ။

စြမ္းေဆာင္ရည္

Chevrolet Colorado High Country Centennial Edition မွာ 2.8L Duramax Diesel အင္ဂ်င္တစ္မ်ိဳး တည္းကုိပဲထုတ္မွာျဖစ္ျပီး ဒီစနစ္မွာ turbo direct injection ပါသလုိ 16-valve, in-line ျဖစ္လုိ႕စြမ္းေဆာင္ ရည္နဲ႕ဆီစားႏွဳန္းက Customer စိတ္ၾကိဳက္ျဖစ္ေစပါလိမ့္မယ္။ ျမင္းေကာင္ေရ ၂၀၀ အားထြက္ရွိမွာျဖစ္ျပီး Manual Mode ပါတဲ့ 6-Speed Automatic Transmission ကုိသုံးစြဲထားပါတယ္။ Four Wheel Drive ျဖစ္ျပီး လမ္းၾကမ္းပုိင္းမွာ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ဖုိ႕အတြက္ ေရွ႕ Suspension ကုိ coilover twin tube shock absorbers နဲ႕ Double Wishbone Independent ကုိသုံးစြဲထားသလုိ ေနာက္ဘက္ကုိေတာ့ Axle Suspension with Leaf Spring ျဖစ္ပါတယ္။

လုံျခံဳေရး

ပထမဆုံး Airbag ပါဝင္မွဳက ေရွ႕ Driver နဲ႕ Passengerအတြက္ ၂ လုံးပါဝင္ျပီး 3-Point ပါတဲ့အဆင့္ျမင့္ Seat Belt ေတြပါဝင္ပါတယ္။ ယာဥ္မေတာ္တဆမွဳျဖစ္ရင္လုိက္ပါသူေတြထိခုိက္မွဳနည္းပါးေအာင္ အဆင့္ျမင့္မာေက်ာတဲ့ Body Frame ကုိသုံးစြဲထားပါတယ္။  ဒီေမာ္ဒယ္မွာ အထူးျခားဆုံးလုိ႔ဆုိႏုိင္တာက အေမရိကထုတ္ကားပီပီ Safety ပုိင္းကုိ အျပည့္အဝအာမခံႏုိင္ဖုိ႕ System ေတြအမ်ားၾကီးနဲ႕ထုတ္လုပ္ထားျခင္းျဖစ္ပါတယ္။ Anti-lock Braking System (ABS) and Electronic Brake Force Distribution (EBD), Panic Brake Assist (PBA)& Hydraulic Brake Assist (HBA), Electronic Stability Control (ESC), Anti Rolling Protection (ARP), Trailer Sway Control (TSC) & Traction Control System (TCS), Hill Descent Control (HDC) and Hill Start Assist (HSA) တုိ႕လုိမ်ိဳး နည္းပညာေတြသုံးထားလုိ႔အရမ္းကုိလုံျခံဳစိတ္ခ်ရမွဳျမင့္မားေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ Forward Collision Alert ၊ Lane Departure Warning ၊ Anti-Theft Alarm တုိ႕အတြက္ ဆင္ဆာေတြလည္းပါဝင္ေသးတာမုိ႕ဒီေမာ္ဒယ္က လုပ္ငန္းသုံး Pick up တစ္စီးဆုိတာထက္ပုိတဲ့အရာေတြကို ရရွိႏုိင္ပါလိမ့္မယ္။

နိဂုံးခ်ဴပ္အေနနဲ႕ဆုိရရင္ Pick up ေလာကမွာႏွစ္ေပါင္းအေတာ္ၾကာလႊမ္းမုိးထားႏုိင္တဲ့အျပင္ Safety ပုိင္း၊နည္းပညာပုိင္းမွာ နာမည္ေက်ာ္လွတဲ့ Chevrolet ရဲ႕ Colorado High Country Centennial Edition က Limited Edition ျဖစ္လုိ႕ထူးျခားတဲ့ အသြင္အျပင္ကြဲျပားျခားနားမွဳေတြေၾကာင့္  Chevrolet ခ်စ္သူမ်ားအတြက္စိတ္လွဳပ္ရွားမွဳေတြေပးစြမ္းႏုိင္မယ့္ ကားေကာင္း တစ္စီးလုိ႕ဆုိရမွာျဖစ္ပါတယ္။

Specs..

Engine                                           – 2.8L Duramax Diesel, turbo direct injection

Maximum Power (HP/rpm)               – 200/3,800

Maximum Torque (Nm/rpm)             – 500/2,000

Wheelbase (mm)                             – 3,096

Front/Rear Track Width (mm)            – 1,570

Fuel Tank (liters)                               – 76

Transmissions              –  6-Speed Automatic Transmission with Manual Mode Function Air

Entertainment               –  Premium Sound System  with 7 Speakers

မွတ္ခ်က္ ။           ။ ျမန္မာႏိုင္ငံအတြက္ (၁၀)စီးသာေရာက္ရွိပါတယ္။