Unicode version…
Colorado High Country 2017 ဟာ လူလေးယောက်စီး ပစ်ကပ်ကားဆိုပေမယ့် Luxury ဆန်တဲ့ ရသမျိုးကို ပေးစွမ်းနိုင် ပြီး တည်ဆောက်ထားပုံကလည်း အဆင့်မြင့်ပါတယ်။
Colorado High Country 2017 မှာ ဆီစားနှုန်း၊ စွမ်းဆောင်ရည်တို့ကို မျှခြေညီ အောင် ဖန်တီးပေးထားတဲ့ 2.8L Duramax Four-cylinder Diesel အင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။ ဗား ၁၆ ခု (16 Valve) ပါဝင်တဲ့ DOHC အင်ဂျင်အမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည်အတွက် VGT (Variable Geometry Turbo-charger) စနစ်နဲ့ တွဲဖက်အားဖြည့်ပေးထားတယ်။ ဒီအင်ဂျင်ကနေ ရုန်းအား မြင်းကောင်ရေ 200 အထိ ထုတ်ပေးနိုင်ပြီး အင်ဂျင်ရဲ့ စွမ်းပကားကို ကားဘီးတွေဆီ ပို့ပေးဖို့အတွက် 6-speed အော်တိုဂီယာစနစ် တပ်ဆင်ပေးထားတယ်။ ဂီယာတံရဲ့နောက်မှာတော့ မြေမျက်နှာသွင်ပြင်ပေါင်းစုံပေါ် မောင်းနှင်ရာမှာ အဆင်ပြေစေဖို့ 2WD, 4WD Mode တွေ ပြောင်းလဲနိုင်တဲ့ခလုတ်ကို နေ ရာချပေးထားပါတယ်။
Colorado High Country ကို ထိန်းကျောင်းမောင်းနှင်ရာမှာ အဆင်ပြေချောမွေ့နေစေဖို့ Electric Power Steering စနစ် ပါဝင်ပြီး ဒီစနစ်က တိကျမှုအားကောင်းလှသလို ကားရဲ့အမြန်နှုန်းပေါ်မူတည်ပြီး လေးလံမှု/ပေါ့ပါးမှုကို အ လိုအလျောက်ပြောင်းပေးနိုင်စွမ်းရှိတယ်။ ဆိုလိုတာကခပ်နှေးနှေးမောင်းနေချိန်မှာ စတီယာရင်က ပေါ့နေပြီး အလွယ်တကူ ထိန်းချုပ်နိုင်စေတယ်။ မြန်နှုန်းမြင့်မောင်းနှင်ချိန်မှာတော့ စတီယာရင်က လေးသွားပြီး တည်ငြိမ်မှုကို ပိုအားကောင်းသွားစေ ပါတယ်။
Colorado High Country ရဲ့ အဆင့်မြင့်စနစ်တွေထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတွေက HAS နဲ့ HDC စနစ်တွေဖြစ်ပြီး မြင့်မားမတ်စောက်တဲ့ ကုန်းမြင့်တွေပေါ် အတက်၊ အဆင်းလုပ်ရာမှာ အန္တရာယ်ကင်းပြီး သက်တောင့် သက်သာရှိစေဖို့ ကူညီပေးနိုင်တယ်။ HAS (Hill Start Assist) စနစ်က ကုန်းမြင့်ပေါ် မောင်းတက်တဲ့အခါ ပြန်မလျှောကျ အောင် တားဆီးပေးပြီး HDC (Hill Descent Control) စနစ်က ကုန်းဆင်းတွေပေါ်က မောင်ဆင်းတဲ့အခါ ထိန်းချုပ်လို့မ ရတာမျိုး မဖြစ်စေဖို့ တားဆီးပေးနိုင်တယ်။
မော်တော်ကားမောင်းနှင်နေစဉ်မှာ ဂီတသံတွေကို ဇိမ်ကျကျနားဆင်နိုင်စေဖို့ Colorado High Country 2017 မှာ ပရီမီယံအဆင့်ရှိ စပီကာခုနစ်လုံး ထည့်သွင်းပေးထားပြီး Chevrolet ရဲ့ နာမည်ကျော် MyLink Infotainment စနစ်နဲ့ တွဲ ဖက်ပေးထားပါတယ်။ MyLink Infotainment စနစ်ကို Apple CarPlay, Android Auto စတဲ့ မိုဘိုင်းစနစ်တွေနဲ့ အလွယ် တကူ ချိတ်ဆက်နိုင်အောင် စီမံပေးထားပြီး Siri စနစ်ကတစ်ဆင့် အသံနဲ့ အမိန့်ပေးခိုင်းစေမှုတွေလုပ်နိုင်အောင်လည်း စီမံ ပေးထားတယ်။ Colorado High Country 2017 ကိုမြန်မာနိုင်ငံတင်သွင်းရောင်းချပေးနေပြီဖြစ်ပါတယ်။
အမေရိကန်စတိုင်လူခုနစ်ယောက်စီး Trailblazer SUV 2017
ဒီကားရဲ့ အရှေ့ဖက်က ရှဲ (Grill)၊ ဘမ်ပါနဲ့ မီးခွက်တွေက Trailblazer 2017 ရဲ့ ထူးခြားသစ်လွင်မှုကို အားဖြည့်ပေးနေသလိုပါပဲ။ အတွင်းခန်းကိုကြည့်မယ့်ဆိုရင် ဒက်ရှ်ဘုတ်ကို ခေတ်မီဆန်းသစ်တဲ့အသွင်ဖြစ်အောင် ဒီဇိုင်းပြင်ဆင်ပေးထားတဲ့အပြင် အဆင့်မြင့်ကုန်ကြမ်းတွေကို အသုံးပြုလို့ Luxury ဆန်အောင်လည်း စနစ်တကျ ပြုလုပ်တည်ဆောက်ပေးထားတယ်။ Trailblazer 2017 မှာ ဆီစားနှုန်း၊ စွမ်းဆောင်ရည်တို့ကို မျှခြေညီအောင် ဖန်တီးပေးထားတဲ့၊ ခေတ်မီနည်းပညာ တွေကို အသုံးပြုတည်ဆောက်ပေးထားတဲ့ 2.8L Duramax Four-cylinder Diesel အင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။ VGT (Variable Geometry Turbo-charger) ပါဝင်တဲ့ ဒီအင်ဂျင်က ရုန်းအား မြင်းကောင်ရေ 200 အထိ ထုတ်ပေးနိုင်ပြီး လိမ်အားက (Torque) က 500Nm ရှိတယ်။ စွမ်းဆောင် ရည်မြင့်တဲ့ အင်ဂျင်နဲ့ တွဲဖက်ပေးထားတာက 6-speed အော်တို ဂီယာစနစ်ဖြစ်ပြီး Manual ပုံစံမောင်းလိုသူတွေအ တွက် Manual Mode တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အ ပြင်ဘက်စုံသုံးနိုင်တဲ့ SUV တို့ရဲ့ ဝိသေသတစ်ခုဖြစ် တဲ့ 2WD, 4WD Mode တွေလည်း ပါဝင်ပြီး အဆင်ပြေပြေ အသုံးချ နိုင်စေဖို့ ဒီထိန်းချုပ်ခလုတ်ကို ဂီယာတံနောက်နားမှာတင် နေရာချပေးထားတယ်။
Trailblazer 2017 ရဲ့ အဆင့်မြင့်စနစ်တွေထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတွေက HAS နဲ့ HDC စနစ်တွေဖြစ်ပြီး မြင့်မားမတ်စောက်တဲ့ ကုန်းမြင့်တွေပေါ် အတက်၊ အဆင်းလုပ်ရာမှာ အန္တရာယ်ကင်းပြီး သက်တောင့် သက်သာရှိစေဖို့ ကူညီပေးနိုင်တယ်။ HAS (Hill Start Assist) စနစ်က ကုန်းမြင့်ပေါ် မောင်းတက်တဲ့အခါ ပြန်မလျှောကျ အောင် တားဆီးပေးပြီး HDC (Hill Descent Control) စနစ်က ကုန်းဆင်းတွေပေါ်က မောင်ဆင်းတဲ့အခါ ထိန်းချုပ်လို့မ ရတာမျိုး မဖြစ်စေဖို့ တားဆီးပေးနိုင်တယ်။ အန္တရာယ်ကင်းရှင်းရေးအတွက် နောက်ဆုံးပြောချင်တဲ့ Feature က Safety Cage ဒီဇိုင်းဖြစ်ပြီး Chevrolet က Trailblazer 2017 မှာ ယာဉ်ရဲ့အလေးချိန်ကို မတိုးစေဘဲ ကိုယ်ထည်ဖရိမ်ကို တောင့် တင်းအားကောင်းတဲ့ သံမဏိတွေနဲ့ အားဖြည့်ပေးထားပါတယ်။ အကျိုးဆက်အနေနဲ့ မတော်တဆဖြစ်တဲ့အခါ ယာဉ်တိုက် မှုကြောင့်ဖြစ်လာတဲ့ စွမ်းအင်တွေကို စီးနင်းသူတွေဆီမရောက်အောင် ကာကွယ်ပေးနိုင်စေတယ်။
Chevrolet Trailblazer 2017 က အလယ်အလတ်အရွယ် (Mid-size) SUV ကားကောင်းတစ်စီးဖြစ်ပြီး အပြင် ပန်းသွင်ပြင်အတွက် ဒီဇိုင်းဆန်းသစ်ပေးထားရုံသာမက စွမ်းဆောင်ရည်မြင့်မားမှု၊ နည်းပညာအဆင့်မြင့်မှုတွေနဲ့ နှစ်လိုဖွယ် ကောင်းအောင် အားဖြည့်တည်ဆောက်ပေးထားတဲ့ ကားတစ်စီးပါ။ အတွင်းခန်းဧရိယာကို လိုသလို ချိန်ဆနိုင်တာကြောင့် တစ်ကိုယ်တည်းသမားတွေ၊ လုပ်ငန်းမှာ သုံးချင်သူတွေအတွက် အဆင်ပြေသလို လူခုနစ်ယောက်တိတိ ချောင်ချောင်ချိချိ စီးနိုင်တာကြောင့် မိသားစုသုံးကားအဖြစ်လည်း အသုံးဝင်တာကြောင့် စျေးကွက်နေရာရလာနိုင်ပါတယ်။
TRAILBLAZER GMB
Zawgyi version…
Colorado High Country 2017 ဟာ လူေလးေယာက္စီး ပစ္ကပ္ကားဆိုေပမယ့္ Luxury ဆန္တဲ့ ရသမ်ဳိးကို ေပးစြမ္းႏိုင္ ၿပီး တည္ေဆာက္ထားပံုကလည္း အဆင့္ျမင့္ပါတယ္။
Colorado High Country 2017 မွာ ဆီစားႏႈန္း၊ စြမ္းေဆာင္ရည္တို႔ကို မွ်ေျခညီ ေအာင္ ဖန္တီးေပးထားတဲ့ 2.8L Duramax Four-cylinder Diesel အင္ဂ်င္ကို တပ္ဆင္ေပးထားပါတယ္။ ဗား ၁၆ ခု (16 Valve) ပါဝင္တဲ့ DOHC အင္ဂ်င္အမ်ဳိးအစားျဖစ္ၿပီး စြမ္းေဆာင္ရည္အတြက္ VGT (Variable Geometry Turbo-charger) စနစ္နဲ႔ တြဲဖက္အားျဖည့္ေပးထားတယ္။ ဒီအင္ဂ်င္ကေန ရုန္းအား ျမင္းေကာင္ေရ 200 အထိ ထုတ္ေပးႏုိင္ၿပီး အင္ဂ်င္ရဲ႕ စြမ္းပကားကို ကားဘီးေတြဆီ ပို႔ေပးဖို႔အတြက္ 6-speed ေအာ္တိုဂီယာစနစ္ တပ္ဆင္ေပးထားတယ္။ ဂီယာတံရဲ႕ေနာက္မွာေတာ့ ေျမမ်က္ႏွာသြင္ျပင္ေပါင္းစံုေပၚ ေမာင္းႏွင္ရာမွာ အဆင္ေျပေစဖို႔ 2WD, 4WD Mode ေတြ ေျပာင္းလဲႏိုင္တဲ့ခလုတ္ကို ေန ရာခ်ေပးထားပါတယ္။
Colorado High Country ကို ထိန္းေက်ာင္းေမာင္းႏွင္ရာမွာ အဆင္ေျပေခ်ာေမြ႕ေနေစဖို႔ Electric Power Steering စနစ္ ပါဝင္ၿပီး ဒီစနစ္က တိက်မႈအားေကာင္းလွသလို ကားရဲ႕အျမန္ႏႈန္းေပၚမူတည္ၿပီး ေလးလံမႈ/ေပါ့ပါးမႈကို အ လိုအေလ်ာက္ေျပာင္းေပးႏုိင္စြမ္းရွိတယ္။ ဆိုလိုတာကခပ္ေႏွးေႏွးေမာင္းေနခ်ိန္မွာ စတီယာရင္က ေပါ့ေနၿပီး အလြယ္တကူ ထိန္းခ်ဳပ္ႏုိင္ေစတယ္။ ျမန္ႏႈန္းျမင့္ေမာင္းႏွင္ခ်ိန္မွာေတာ့ စတီယာရင္က ေလးသြားၿပီး တည္ၿငိမ္မႈကို ပိုအားေကာင္းသြားေစ ပါတယ္။
Colorado High Country ရဲ႕ အဆင့္ျမင့္စနစ္ေတြထဲမွာ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာေတြက HAS နဲ႔ HDC စနစ္ေတြျဖစ္ၿပီး ျမင့္မားမတ္ေစာက္တဲ့ ကုန္းျမင့္ေတြေပၚ အတက္၊ အဆင္းလုပ္ရာမွာ အႏၲရာယ္ကင္းၿပီး သက္ေတာင့္ သက္သာရွိေစဖို႔ ကူညီေပးႏိုင္တယ္။ HAS (Hill Start Assist) စနစ္က ကုန္းျမင့္ေပၚ ေမာင္းတက္တဲ့အခါ ျပန္မေလွ်ာက် ေအာင္ တားဆီးေပးၿပီး HDC (Hill Descent Control) စနစ္က ကုန္းဆင္းေတြေပၚက ေမာင္ဆင္းတဲ့အခါ ထိန္းခ်ဳပ္လို႔မ ရတာမ်ဳိး မျဖစ္ေစဖို႔ တားဆီးေပးႏုိင္တယ္။
ေမာ္ေတာ္ကားေမာင္းႏွင္ေနစဥ္မွာ ဂီတသံေတြကို ဇိမ္က်က်နားဆင္ႏုိင္ေစဖို႔ Colorado High Country 2017 မွာ ပရီမီယံအဆင့္ရွိ စပီကာခုနစ္လံုး ထည့္သြင္းေပးထားၿပီး Chevrolet ရဲ႕ နာမည္ေက်ာ္ MyLink Infotainment စနစ္နဲ႔ တြဲ ဖက္ေပးထားပါတယ္။ MyLink Infotainment စနစ္ကို Apple CarPlay, Android Auto စတဲ့ မိုဘိုင္းစနစ္ေတြနဲ႔ အလြယ္ တကူ ခ်ိတ္ဆက္ႏုိင္ေအာင္ စီမံေပးထားၿပီး Siri စနစ္ကတစ္ဆင့္ အသံနဲ႔ အမိန္႔ေပးခိုင္းေစမႈေတြလုပ္ႏိုင္ေအာင္လည္း စီမံ ေပးထားတယ္။ Colorado High Country 2017 ကုိျမန္မာႏုိင္ငံတင္သြင္းေရာင္းခ်ေပးေနျပီျဖစ္ပါတယ္။
အေမရိကန္စတိုင္လူခုနစ္ေယာက္စီး Trailblazer SUV 2017
ဒီကားရဲ႔ အေရွ႕ဖက္က ရွဲ (Grill)၊ ဘမ္ပါနဲ႔ မီးခြက္ေတြက Trailblazer 2017 ရဲ႕ ထူးျခားသစ္လြင္မႈကို အားျဖည့္ေပးေနသလိုပါပဲ။ အတြင္းခန္းကိုၾကည့္မယ့္ဆိုရင္ ဒက္ရွ္ဘုတ္ကို ေခတ္မီဆန္းသစ္တဲ့အသြင္ျဖစ္ေအာင္ ဒီဇိုင္းျပင္ဆင္ေပးထားတဲ့အျပင္ အဆင့္ျမင့္ကုန္ၾကမ္းေတြကို အသံုးျပဳလို႔ Luxury ဆန္ေအာင္လည္း စနစ္တက် ျပဳလုပ္တည္ေဆာက္ေပးထားတယ္။ Trailblazer 2017 မွာ ဆီစားႏႈန္း၊ စြမ္းေဆာင္ရည္တို႔ကို မွ်ေျခညီေအာင္ ဖန္တီးေပးထားတဲ့၊ ေခတ္မီနည္းပညာ ေတြကို အသံုးျပဳတည္ေဆာက္ေပးထားတဲ့ 2.8L Duramax Four-cylinder Diesel အင္ဂ်င္ကို တပ္ဆင္ေပးထားပါတယ္။ VGT (Variable Geometry Turbo-charger) ပါဝင္တဲ့ ဒီအင္ဂ်င္က ရုန္းအား ျမင္းေကာင္ေရ 200 အထိ ထုတ္ေပးႏုိင္ၿပီး လိမ္အားက (Torque) က 500Nm ရွိတယ္။ စြမ္းေဆာင္ ရည္ျမင့္တဲ့ အင္ဂ်င္နဲ႔ တြဲဖက္ေပးထားတာက 6-speed ေအာ္တို ဂီယာစနစ္ျဖစ္ၿပီး Manual ပံုစံေမာင္းလိုသူေတြအ တြက္ Manual Mode တစ္ခုလည္း ထည့္သြင္းေပးထားပါတယ္။ ဒါ့အ ျပင္ဘက္စံုသံုးႏုိင္တဲ့ SUV တို႔ရဲ႕ ဝိေသသတစ္ခုျဖစ္ တဲ့ 2WD, 4WD Mode ေတြလည္း ပါဝင္ၿပီး အဆင္ေျပေျပ အသံုးခ် ႏိုင္ေစဖို႔ ဒီထိန္းခ်ဳပ္ခလုတ္ကို ဂီယာတံေနာက္နားမွာတင္ ေနရာခ်ေပးထားတယ္။
Trailblazer 2017 ရဲ႕ အဆင့္ျမင့္စနစ္ေတြထဲမွာ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာေတြက HAS နဲ႔ HDC စနစ္ေတြျဖစ္ၿပီး ျမင့္မားမတ္ေစာက္တဲ့ ကုန္းျမင့္ေတြေပၚ အတက္၊ အဆင္းလုပ္ရာမွာ အႏၲရာယ္ကင္းၿပီး သက္ေတာင့္ သက္သာရွိေစဖို႔ ကူညီေပးႏိုင္တယ္။ HAS (Hill Start Assist) စနစ္က ကုန္းျမင့္ေပၚ ေမာင္းတက္တဲ့အခါ ျပန္မေလွ်ာက် ေအာင္ တားဆီးေပးၿပီး HDC (Hill Descent Control) စနစ္က ကုန္းဆင္းေတြေပၚက ေမာင္ဆင္းတဲ့အခါ ထိန္းခ်ဳပ္လို႔မ ရတာမ်ဳိး မျဖစ္ေစဖို႔ တားဆီးေပးႏုိင္တယ္။ အႏၲရာယ္ကင္းရွင္းေရးအတြက္ ေနာက္ဆံုးေျပာခ်င္တဲ့ Feature က Safety Cage ဒီဇိုင္းျဖစ္ၿပီး Chevrolet က Trailblazer 2017 မွာ ယာဥ္ရဲ႕အေလးခ်ိန္ကို မတိုးေစဘဲ ကိုယ္ထည္ဖရိမ္ကို ေတာင့္ တင္းအားေကာင္းတဲ့ သံမဏိေတြနဲ႔ အားျဖည့္ေပးထားပါတယ္။ အက်ဳိးဆက္အေနနဲ႔ မေတာ္တဆျဖစ္တဲ့အခါ ယာဥ္တိုက္ မႈေၾကာင့္ျဖစ္လာတဲ့ စြမ္းအင္ေတြကို စီးနင္းသူေတြဆီမေရာက္ေအာင္ ကာကြယ္ေပးႏုိင္ေစတယ္။
Chevrolet Trailblazer 2017 က အလယ္အလတ္အရြယ္ (Mid-size) SUV ကားေကာင္းတစ္စီးျဖစ္ၿပီး အျပင္ ပန္းသြင္ျပင္အတြက္ ဒီဇိုင္းဆန္းသစ္ေပးထားရံုသာမက စြမ္းေဆာင္ရည္ျမင့္မားမႈ၊ နည္းပညာအဆင့္ျမင့္မႈေတြနဲ႔ ႏွစ္လိုဖြယ္ ေကာင္းေအာင္ အားျဖည့္တည္ေဆာက္ေပးထားတဲ့ ကားတစ္စီးပါ။ အတြင္းခန္းဧရိယာကို လိုသလို ခ်ိန္ဆႏိုင္တာေၾကာင့္ တစ္ကိုယ္တည္းသမားေတြ၊ လုပ္ငန္းမွာ သံုးခ်င္သူေတြအတြက္ အဆင္ေျပသလို လူခုနစ္ေယာက္တိတိ ေခ်ာင္ေခ်ာင္ခ်ိခ်ိ စီးႏိုင္တာေၾကာင့္ မိသားစုသံုးကားအျဖစ္လည္း အသံုး၀င္တာေၾကာင့္ ေစ်းကြက္ေနရာရလာႏုိင္ပါတယ္။