Unicode version…

ဆီဒင်ကားကောင်းတစ်စီးဆိုတာဒီဇိုင်းပိုင်း၊စွမ်းဆောင်ရည်၊ပါဝင်ပစ္စည်း၊နည်းပညာစွမ်းရည်၊လုံခြုံရေးစနစ်၊ကောင်းမွန်တဲ့မောင်းနှင်မှုပုံစံစတဲ့အရာတွေပြည့်စုံနေဖို့လိုအပ်ပါတယ်။ ဒါမှသာ မြို့တွင်း၊နယ်ဝေးအစုံအသုံးပြုလို့ရနိုင်မှာပါ။ ဒီတစ်ခေါက် Drive ရဲ့ Test Drive ကဏ္ဍ မှာပါဝင်လာတဲ့ Chevrolet Malibu ဟာဆိုရင်အထက်ပါအရည်အသွေးတွေနဲ့ပြည့်စုံတဲ့ကားကောင်းတစ်စီးလို့ဆိုရင်လည်းမမှားပါဘူး။ mid-size sedan အဖြစ်ဖန်တီးထားတဲ့ Malibu ဟာ ၁၉၆၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်မျိုးဆက် ၉ ဆက် တိုင် ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာကမ္ဘာအနှံ့ရောင်းအား ၁၀ သန်းကျော်သွားပြီဖြစ်တဲ့ Malibu ဟာပြည်တွင်းစျေးကွက်ထဲကို ရောက်ရှိနေတာ ၂ နှစ်ကျော်လောက်ရှိနေပါပြီ။ ဒါကြောင့် သူ့ရဲ့နောက်ဆုံးထွက်မော်ဒယ်နဲ့မိတ်ဆက်ပေးချင်သလို Test Drive လုပ်ခဲ့တဲ့ ကားကလည်း LTZ Grade ဖြစ်ပြီး US market မှာရရှိတဲ့ option တွေအတိုင်း ပြည်တွင်းကိုတင်သွင်းတာဖြစ်ပြီး စတီယာရင် အပူပေးတဲ့စနစ်တစ်ခုပဲ မပါဝင်တာဖြစ်ပြီး ကျန်တာတွေကတော့ အတူတူပဲဖြစ်ပါတယ်။ကဲ…သူ့အကြောင်းကို ဆက်ပြီးလေ့လာကြည့် ရအောင်ပါ။

အပြင်ဘက်ပိုင်း

သူ့ရဲ့ပုံစံက Sporty ဆန်နေပြီး Chrome တွေနဲ့ စီချယ်ထားတဲ့ရှေ့ရှဲနှစ်ထပ်ရဲ့အလယ်မှာပါတဲ့ Chevrolet Logo ၊ ဆန်းသစ်တဲ့ ရှေ့မီးကြီးဒီဇိုင်း၊ လင်းအားကောင်းအောင်ပြုုလုပ်ထားတဲ့ LED Projector Headlamp ၊အောက်ဘက်မှာ ပါလာတဲ့ LED Daytime Running Headlamps တွေနဲ့အတူနောက်ဆုံးပေါ် Aerodynamic ပုံစံမျိုးဖန်တီးထားတဲ့ ရှေ့ဘောနက်နဲ့ဘော်ဒီ အနားရေး ကြောင်း တွေကြောင့် Malibu ကလူတိုင်းငေးရမယ့် ကားဆိုတာလက်ခံလိုက်ပါတယ်။ ပြီးတော့ ရှေ့မီးကြီးတွေက အလိုအလျောက် အဖွင့် အပိတ်လုပ်နိုင်တယ်။Level ကိုလည်း auto ချိန်ညှိပေးနိုင်တယ်။ Sport ပုံစံ10 Spoke ပါတဲ့ ၁၈ လက်မအလွိုင်း ခွေကို သုံးထားတယ်။ ရှေ့ဘေးတံခါးနှစ်ဖက်ပေါ်မှာ Malibu ဆိုတဲ့စာသားကိုရေးထိုးပေးထားပါသေးတယ်။ ဘေးတံခါးပတ်လည်ကို Chrome နဲ့ပတ်လည် အုပ်ထားသေးတယ်။ စိုထိုင်းမှုကိုအာရုံခံနိုင်ပြီး အလိုအလျောက်အလုပ်လုပ်ပေးတဲ့ Wiper စနစ်လည်းပါရှိပြန်ပါတယ်။ နောက်ပိုင်း မှာလည်း LTZ ဆိုတဲ့ Grade ကိုယ်စားပြုစာသားပါဝင်သလိုလှပတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းမျိုးနဲ့LED Tail Lamps တွေကို သုံးစွဲ ထားပါ တယ်။ Dual exhaust ကိုသုံးထားပြီး Mid-size sedan ဖြစ်လို့ ကားကရှည်လျားပြီး ရှေ့နောက်အချိုးညီအောင်ပြုလုပ်ထားတာ ကိုတွေ့ရပါတယ်။

အတွင်းခန်း

ဒီကားက အပြင်ကနေ Remote မှတစ်ဆင့်စက်နှိုးလို့ရပါတယ်။ Push Start ဖြစ်တယ်။ နောက်ပြီးတော့ သီချင်းတွေ၊ တည် နေရာတွေ၊ဖုန်းပြောဖို့နဲ့ Adaptive Cruise Control တွေကိုထိန်းချူပ်နိုင်တဲ့ Control တွေပါတဲ့ လည်သာနဲ့အုပ်ထားတဲ့ 3 Spokes Steering Wheel ပါပါတယ်။ နောက်ပြီး Dashboard ပုံစံကလည်း အကောင်းစားသားရေနဲ့ချူပ်လုပ်ထားသလို နူးည့ံပြီးအရည် အသွေး ကောင်းတဲ့အညိုရောင်လည်သာတွေနဲ့လည်း တန်ဆာဆင်ထားပါသေးတယ်။ တစ်ဆက်တည်းထိုင်ခုံပိုင်းကိုပြောရမယ်ဆိုရင် တော့ ရှေ့ထိုင်ခုံ ၂ ခုံက အပူပေးစနစ်ပါတယ်။နောက်ပြီး Driver ခုံက စိတ်ကြိုက်ပုံစံကို Memory နဲ့မှတ်ထားလို့ရပါတယ်။ ဒါ့အပြင် Driver seat ကို ပါဝါနဲ့ပုံစံ ၈ မျိုး၊ရှေ့ Passenger seat ကို ပါဝါနဲ့ပုံစံ ၄ မျိုး ချိန်ညှိနိုင်ပါသေးတယ်။ နောက်ထိုင်ခုံတွေကလည်း မြင့်မား ကျယ်ဝန်းပြီး အရွယ်ရောက်ပြီး လူ ၃ ဦးသက်တောင့်သက်သာလိုက်ပါစီးနင်းနိုင်အောင်ပြုုလုပ်ပေးထားသလို နောက်ခန်း အတွက်လည်း လေအေးပေးစနစ်တစ်ခုပါဝင်ပါသေးတယ်။ Driver ရှေ့က ဒိုင်ခွက်ကလည်း လှပပြီးလင်းအားကောင်းတဲ့ပုံစံမျိုးဖြစ်သလို လက်ကျန် ဆီနဲ့မောင်းနှင်လို့ရမယ့် ကီလိုတွေ၊ တာယာ အပူချိန်နဲ့လေပေါင်ချိန်၊ ပြင်ပ အပူချိန်တွေကို ဖော်ပြပေးထားပြီး HAVC System Air Conditioner တွေကလည်း အလိုအလျောက် အာရုံခံစနစ်နဲ့ ကားအတွင်းလေကိုပြန့်နှံ့စေဖို့ ပြုလုပ်ပေးနိုင်သလို ဇုန်ခွဲပြီး Air Con ထုတ်လွှတ်ပေးနိုင်တဲ့ Dual Air Con စနစ်လည်း သုံးထားပါသေးတယ်။ အခုထပ်ပြောရမှာက ကားရဲ့အရေးပါတဲ့နည်းပညာ တစ်ခုဖြစ်တဲ့ Chevrolet MyLink ပါတဲ့ ၈ လက်မရှိတဲ့ Diagonal Color Touch-Screen ဖြစ်ပါတယ်။ အဲဒီမှာ Bluetooth နဲ့ချိတ်ဆက်ပြီး ဖုန်းနဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုမှုတွေ၊ သီချင်းနားထောင်မှုတွေ၊ လမ်းကြောင်းပြစနစ်တွေကို အသုံးပြုနိုင်သလို ကိုယ့်ရဲ့မိုဘိုင်း ဖုန်းနဲ့ ချိတ်ဆက်ပြီး Tablet တစ်လုံးလိုအသုံးပြုလို့ရပါတယ်။ Malibu မှာဆန်းသစ်အပြင်အဆင်တစ်ခုက ဒတ်ရှ်ဘုတ်ပေါ်က Control Button တွေကို စန္ဒရားခလုတ်ပုံစံပြုလုပ်ထားခြင်းပါပဲ။အဲဒီအပြင် Premium စနစ်သုံး စပီကာ ၉ လုံး ၊ USB Port နဲ့ Wireless Charger စနစ်သုံးပြီးဖုန်းအားသွင်းလို့ရသလို Panoramic sunroof လည်းပါဝင်ပါသေးတယ်။ နောက်ပြီးတော့ Cargo Trunk ကလည်း 447 liters အထိဝင်ဆံ့ပြီး ပစ္စည်းအများအပြားထည့်ယူသွားလို့ရပါတယ်။

စွမ်းဆောင်ရည်

ဒီကားမှာ 2.0 L DOHC I-4 VVT DI Turbo စနစ်ပါ Petrol အင်ဂျင်ကိုသုံးထားပြီး ဂီယာကလည်း 6 Speed A/T ဖြစ်ပါ တယ်။အမြင့်ဆုံးစွမ်းအင်ထွက်ရှိမှုက rpm 5,300 မှာ မြင်းကောင်ရေ 253 ထွက်ရှိပြီး အမြင့်ဆုံးရုန်းအား 353 Nm ဖြစ်ပါတယ်။ Front Wheel Drive စနစ်ဖြစ်ပြီး SUSPENSIONS စနစ်က ရှေ့ကို McPherson Strut နဲ့နောက်ဘက်ကတော့ 4 Link Suspension စနစ်ကို သုံးထားပါတယ်။ ဘရိတ်စနစ်ကလည်းရှေ့နောက် Discဘရိတ်တွေကို ABSနဲ့တွဲသုံးပေးထားပါတယ်။ အရှိန်မြှင့်တင်မောင်းနှင်နိုင်မှုက 0 to 60 မိုင်ကို 5.7 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး ဆီစားနှုန်းကလည်း ၁၀၀ ကီလိုကို ပျှမ်းမျှ ၈.၀ လီတာပဲဖြစ်ပါတယ်။

လုံခြုံရေး

အမေရိကန် Standard နဲ့ထုတ်ထားတဲ့ကားပီပီ Safety features တွေကတော့ အတော်လေးပါဝင်နေတာကိုတွေ့ရပါတယ်။ ပထ မဆုံးအနေနဲ့ ဘေးတံခါးဘောင်တွေရော၊နောက်မှလိုက်ပါသူတွေအတွက်ပါကာကွယ်ပေးနိုင်တဲ့လေအိတ်တွေအပါအဝင် စုစုပေါင်း လေ အိတ် ၈ လုံးပါဝင်ပါတယ်။ နောက်တစ်ခါ အမြင့်ဆုံးသောခံနိုင်ရည်စွမ်းရှိတဲ့ စတီးလ်တွေကိုသုံးထားတဲ့ ဘော်ဒီပိုင်းကလည်း ကားပေါ် ကလူတွေကို မတော်တဆမှုဖြစ်ရင် ထိခိုက်မှုလျော့နည်းအောင်ကာကွယ်ပေးပါလိမ့်မယ်။ နောက်ပြီးတော့ Cruise Control ၊ ဟိုင်းဝေး တွေမှာ အသုံးတည့်စေတဲ့ Forward Collision Alert ၊ လိုင်းတွေမကျော်အောင်ကာကွယ်ပေးမယ့် Lane Keep Assist with Lane Departure Warning စနစ်၊ ခြေလျင်လျှောက်သူများ၊တိရိစ္ဆာန်များကို ခြေရာခံပြီး လိုအပ်ပါက အလိုလျောက်အရှိန်လျှော့ပေးမယ့် Pedestrian Detection စနစ် ၊ Electronic Parking Brake ၊ လမ်းမချော်စေဖို့အတွက် Traction Control စနစ်၊ တည်ငြိမ် သောမောင်းနှင်မှုကိုရရှိဖို့အတွက် Brake Assist နဲ့တွဲပေးထားတဲ့ Stability Control System ၊ Anti-Lock Braking System(ABS) ၊ semi-auto parking စနစ် ၊ Rear Cross Traffic Alert ၊ Seat Belt တပ်ဖို့သတိပေးတဲ့စနစ်၊ တာယာ အခြေအနေကိုဖော်ပြပေးနိုင်တဲ့ Tire Pressure Indicator တို့လိုစနစ်တွေပါလို့အရမ်းကို Safety ကောင်းတဲ့ကားတစ်စီးလို့ ဆိုရ မှာဖြစ်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

ဒီအပိုင်းကတော့ အရေးကြီးတဲ့အပိုင်းတစ်ခုဆိုလည်းမမှားပါဘူး။ ဒီကားက 2.0 L ဆိုတော့ Sport ဆန်တဲ့အင်ဂျင်မျိုးသုံးထားတာမို့ ကားစထွက်ကတည်းက အရှိန်နဲ့မောင်းတဲ့အခါမှာ ခဏလေးအတွင်းကို rpm တက်လာပြီး ကီလို ၈၀ ၊ ၁၀၀ ရောက်သွားတယ်။ Turbo လည်းပါတော့ Sport ကားတွေမောင်းရသလို ခံစားမှုမျိုးကိုရရှိနိုင်မှာပါ။အင်ဂျင်အသံထွက်ညက်ညောပြီး ဆူညံသံသိပ်မထွက်ဘူး။ စတီယာရင်ကလည်း စီးစီးပိုင်ပိုင်ရှိပြီး နည်းနည်းလေးကစားပေးရုံနဲ့ အကွေ့အပြုလုပ်လို့ရသွားတယ်။ Stability Control ကောင်း လွန်းတော့ ထိန်းချူပ်မောင်းနှင်ရတာ ကောင်းပါတယ်။ ရုတ်တရက်အထွက်တွေကလည်းညင်သာပြီး Suspension စနစ်ကလည်း ကောင်းမွန်ကာ ငြိမ့်ညောင်းမှုကို ခံစားရတယ်။ ပြီးတော့ ဘရိတ်စနစ်ကလည်းကောင်းတယ်၊ အရှိန်နဲ့မောင်းနေရာကနေရုတ်တရက် ရပ်တန့်ရင်လည်း ညင်သာမှုရှိပြီး တည်ငြိမ်တယ်။ ကားကရှည်ပေမယ့် Turning Radius က 2.89 ပဲရှိလို့တော်ရုံကျဉ်းတဲ့လမ်း တွေမှာလည်း ကောင်းကောင်းချိုးကွေ့လို့ရပါတယ်။ Ground clearance ကလည်းမြင့်တော့ မြို့တွင်းလမ်းတွေမှာ ဗိုက်တိုက်မှာစိုးလို့ ပူပန်ရတာတွေမရှိတော့ဘူးပေါ့။ စာရေးသူရဲ့ ပုဂ္ဂလိကခံစားချက်အရဆိုရင်တော့ ဒီကားကမောင်းနှင်မှုပုံစံမှာ ကောင်းမွန်တဲ့ ဖီလင်ကို ရရှိစေနိုင်မယ့် ကားတစ်စီးလို့ဆိုနိုင်ပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

အမေရိက ကားလောကမှာနာမည်ကောင်းတွေနဲ့အတူကျော်ကြားနေတဲ့ Malibu က နေရာကျယ်ဝန်းတယ်၊လုံခြုံစိတ်ချရတယ်၊ မောင်း နှင်ရမှုမှာစိတ်ကြိုက်တွေ့စေမှာဖြစ်သလို Luxury လည်းဖြစ်တယ်။ သုံးထားတဲ့ features တွေကလည်း အဆင့်မြင့်လွန်းတယ်။ ပြီးတော့ Grade အမြင့်ဆုံးကိုလည်းရမယ်။ ကောင်းတာတွေပဲလိုချင်တော့လည်း သူရဲ့တန်ရာတန်ကြေးလေးတော့ ပေးဖို့လိုတာပေါ့ နော်။ စျေး တန်းကတော့ USD 53000 ရှိပါတယ်။ ဒါကကားတန်ဖိုးချည်းပါနော်။ ရေရှည်အတွက်စိတ်ချရပြီး ပွဲတက်ရော၊မြို့တွင်းရော၊ ဟိုင်းဝေး အတွက်ပါ ကောင်းမွန်တဲ့ကားမျိုးလို့ ဆိုချင်ပါတယ်။

Specification

Engine Type – 2.0 L DOHC I-4 VVT DI Turbo

Engine Power-2.0L/ 1,998 cc

Fuel –Petrol

Engine Drive- FWD

Maximum Power(Km/rpm)- 253 / 5,300

Maximum Torque(Nm/rpm)- 353 / 2,000 ~ 5,000

Transmission-6 speed AT

Fuel Consumption (L/100km)- 8.0

Fuel Tank (liters) – 62

Zawgyi version…

ဆီဒင္ကားေကာင္းတစ္စီးဆုိတာဒီဇုိင္းပုိင္း၊စြမ္းေဆာင္ရည္၊ပါဝင္ပစၥည္း၊နည္းပညာစြမ္းရည္၊လုံျခဳံေရးစနစ္၊ေကာင္းမြန္တဲ့ေမာင္းႏွင္မွဳပုံစံစတဲ့အရာေတြျပည့္စုံေနဖုိ႕လုိအပ္ပါတယ္။ ဒါမွသာ ျမိဳ႕တြင္း၊နယ္ေဝးအစုံအသုံးျပဳလုိ႔ရႏုိင္မွာပါ။ ဒီတစ္ေခါက္ Drive ရဲ႕ Test Drive က႑ မွာပါဝင္လာတဲ့ Chevrolet Malibu ဟာဆုိရင္အထက္ပါအရည္အေသြးေတြနဲ႕ျပည့္စုံတဲ့ကားေကာင္းတစ္စီးလုိ႕ဆုိရင္လည္းမမွားပါဘူး။ mid-size sedan အျဖစ္ဖန္တီးထားတဲ့ Malibu ဟာ ၁၉၆၄ ခုႏွစ္ကတည္းက ထုတ္လုပ္ခဲ့တာျဖစ္ျပီး အခုဆုိရင္မ်ိဳးဆက္ ၉ ဆက္ တုိင္ ခဲ့ျပီျဖစ္ပါတယ္။ လက္ရွိမွာကမာၻအႏွံ႔ေရာင္းအား ၁၀ သန္းေက်ာ္သြားျပီျဖစ္တဲ့ Malibu ဟာျပည္တြင္းေစ်းကြက္ထဲကုိ ေရာက္ရွိေနတာ ၂ ႏွစ္ေက်ာ္ေလာက္ရွိေနပါျပီ။ ဒါေၾကာင့္ သူ႕ရဲ႕ေနာက္ဆုံးထြက္ေမာ္ဒယ္နဲ႕မိတ္ဆက္ေပးခ်င္သလုိ Test Drive လုပ္ခဲ့တဲ့ ကားကလည္း LTZ Grade ျဖစ္ျပီး US market မွာရရွိတဲ့ option ေတြအတုိင္း ျပည္တြင္းကုိတင္သြင္းတာျဖစ္ျပီး စတီယာရင္ အပူေပးတဲ့စနစ္တစ္ခုပဲ မပါဝင္တာျဖစ္ျပီး က်န္တာေတြကေတာ့ အတူတူပဲျဖစ္ပါတယ္။ကဲ…သူ႕အေၾကာင္းကုိ ဆက္ျပီးေလ့လာၾကည့္ ရေအာင္ပါ။

အျပင္ဘက္ပုိင္း

သူ႕ရဲ႕ပုံစံက Sporty ဆန္ေနျပီး Chrome ေတြနဲ႔ စီခ်ယ္ထားတဲ့ေရွ႕ရွဲႏွစ္ထပ္ရဲ႕အလယ္မွာပါတဲ့ Chevrolet Logo ၊ ဆန္းသစ္တဲ့ ေရွ႕မီးၾကီးဒီဇုိင္း၊ လင္းအားေကာင္းေအာင္ျပဳုလုပ္ထားတဲ့ LED Projector Headlamp ၊ေအာက္ဘက္မွာ ပါလာတဲ့ LED Daytime Running Headlamps ေတြနဲ႕အတူေနာက္ဆုံးေပၚ Aerodynamic ပုံစံမ်ိဳးဖန္တီးထားတဲ့ ေရွ႕ေဘာနက္နဲ႕ေဘာ္ဒီ အနားေရး ေၾကာင္း ေတြေၾကာင့္ Malibu ကလူတုိင္းေငးရမယ့္ ကားဆုိတာလက္ခံလုိက္ပါတယ္။ ျပီးေတာ့ ေရွ႕မီးၾကီးေတြက အလုိအေလ်ာက္ အဖြင့္ အပိတ္လုပ္ႏုိင္တယ္။Level ကုိလည္း auto ခ်ိန္ညွိေပးႏိုင္တယ္။ Sport ပုံစံ10 Spoke ပါတဲ့ ၁၈ လက္မအလိြဳင္း ေခြကုိ သုံးထားတယ္။ ေရွ႕ေဘးတံခါးႏွစ္ဖက္ေပၚမွာ Malibu ဆုိတဲ့စာသားကုိေရးထုိးေပးထားပါေသးတယ္။ ေဘးတံခါးပတ္လည္ကုိ Chrome နဲ႕ပတ္လည္ အုပ္ထားေသးတယ္။ စုိထုိင္းမွဳကုိအာရုံခံႏိုင္ျပီး အလုိအေလ်ာက္အလုပ္လုပ္ေပးတဲ့ Wiper စနစ္လည္းပါရွိျပန္ပါတယ္။ ေနာက္ပုိင္း မွာလည္း LTZ ဆုိတဲ့ Grade ကိုယ္စားျပဳစာသားပါဝင္သလုိလွပတဲ့ ေနာက္ဆုံးေပၚဒီဇုိင္းမ်ိဳးနဲ႕LED Tail Lamps ေတြကုိ သုံးစြဲ ထားပါ တယ္။ Dual exhaust ကုိသုံးထားျပီး Mid-size sedan ျဖစ္လုိ႔ ကားကရွည္လ်ားျပီး ေရွ႕ေနာက္အခ်ိဳးညီေအာင္ျပဳလုပ္ထားတာ ကုိေတြ႔ရပါတယ္။

အတြင္းခန္း

ဒီကားက အျပင္ကေန Remote မွတစ္ဆင့္စက္ႏွဳိးလုိ႔ရပါတယ္။ Push Start ျဖစ္တယ္။ ေနာက္ျပီးေတာ့ သီခ်င္းေတြ၊ တည္ ေနရာေတြ၊ဖုန္းေျပာဖုိ႔နဲ႕ Adaptive Cruise Control ေတြကုိထိန္းခ်ဴပ္ႏိုင္တဲ့ Control ေတြပါတဲ့ လည္သာနဲ႔အုပ္ထားတဲ့ 3 Spokes Steering Wheel ပါပါတယ္။ ေနာက္ျပီး Dashboard ပုံစံကလည္း အေကာင္းစားသားေရနဲ႕ခ်ဴပ္လုပ္ထားသလုိ ႏူးည့ံျပီးအရည္ အေသြး ေကာင္းတဲ့အညိဳေရာင္လည္သာေတြနဲ႕လည္း တန္ဆာဆင္ထားပါေသးတယ္။ တစ္ဆက္တည္းထုိင္ခုံပုိင္းကုိေျပာရမယ္ဆုိရင္ ေတာ့ ေရွ႕ထုိင္ခုံ ၂ ခုံက အပူေပးစနစ္ပါတယ္။ေနာက္ျပီး Driver ခုံက စိတ္ၾကိဳက္ပုံစံကုိ Memory နဲ႕မွတ္ထားလုိ႔ရပါတယ္။ ဒါ့အျပင္ Driver seat ကုိ ပါဝါနဲ႕ပုံစံ ၈ မ်ိဳး၊ေရွ႕ Passenger seat ကုိ ပါဝါနဲ႕ပုံစံ ၄ မ်ိဳး ခ်ိန္ညွိႏိုင္ပါေသးတယ္။ ေနာက္ထုိင္ခုံေတြကလည္း ျမင့္မား က်ယ္ဝန္းျပီး အရြယ္ေရာက္ျပီး လူ ၃ ဦးသက္ေတာင့္သက္သာလုိက္ပါစီးနင္းႏိုင္ေအာင္ျပဳုလုပ္ေပးထားသလုိ ေနာက္ခန္း အတြက္လည္း ေလေအးေပးစနစ္တစ္ခုပါဝင္ပါေသးတယ္။ Driver ေရွ႕က ဒုိင္ခြက္ကလည္း လွပျပီးလင္းအားေကာင္းတဲ့ပုံစံမ်ိဳးျဖစ္သလုိ လက္က်န္ ဆီနဲ႕ေမာင္းႏွင္လုိ႕ရမယ့္ ကီလုိေတြ၊ တာယာ အပူခ်ိန္နဲ႕ေလေပါင္ခ်ိန္၊ ျပင္ပ အပူခ်ိန္ေတြကုိ ေဖာ္ျပေပးထားျပီး HAVC System Air Conditioner ေတြကလည္း အလုိအေလ်ာက္ အာရုံခံစနစ္နဲ႕ ကားအတြင္းေလကုိျပန္႕ႏွံ႔ေစဖုိ႔ ျပဳလုပ္ေပးႏိုင္သလုိ ဇုန္ခဲြျပီး Air Con ထုတ္လႊတ္ေပးႏုိင္တဲ့ Dual Air Con စနစ္လည္း သုံးထားပါေသးတယ္။ အခုထပ္ေျပာရမွာက ကားရဲ႕အေရးပါတဲ့နည္းပညာ တစ္ခုျဖစ္တဲ့ Chevrolet MyLink ပါတဲ့ ၈ လက္မရွိတဲ့ Diagonal Color Touch-Screen ျဖစ္ပါတယ္။ အဲဒီမွာ Bluetooth နဲ႕ခ်ိတ္ဆက္ျပီး ဖုန္းနဲ႕ခ်ိတ္ဆက္ျပီး ဖုန္းေခၚဆုိမွဳေတြ၊ သီခ်င္းနားေထာင္မွဳေတြ၊ လမ္းေၾကာင္းျပစနစ္ေတြကုိ အသုံးျပဳႏုိင္သလုိ ကုိယ့္ရဲ႕မုိဘုိင္း ဖုန္းနဲ႕ ခ်ိတ္ဆက္ျပီး Tablet တစ္လုံးလုိအသုံးျပဳလုိ႕ရပါတယ္။ Malibu မွာဆန္းသစ္အျပင္အဆင္တစ္ခုက ဒတ္ရွ္ဘုတ္ေပၚက  Control Button ေတြကုိ စႏၵရားခလုတ္ပုံစံျပဳလုပ္ထားျခင္းပါပဲ။အဲဒီအျပင္ Premium စနစ္သုံး စပီကာ ၉ လုံး ၊ USB Port နဲ႕ Wireless Charger စနစ္သုံးျပီးဖုန္းအားသြင္းလုိ႕ရသလုိ Panoramic sunroof လည္းပါဝင္ပါေသးတယ္။ ေနာက္ျပီးေတာ့ Cargo Trunk ကလည္း 447 liters အထိဝင္ဆံ့ျပီး ပစၥည္းအမ်ားအျပားထည့္ယူသြားလုိ႕ရပါတယ္။

စြမ္းေဆာင္ရည္

ဒီကားမွာ 2.0 L DOHC I-4 VVT DI Turbo စနစ္ပါ Petrol အင္ဂ်င္ကုိသုံးထားျပီး ဂီယာကလည္း 6 Speed A/T ျဖစ္ပါ တယ္။အျမင့္ဆုံးစြမ္းအင္ထြက္ရွိမွဳက rpm 5,300  မွာ ျမင္းေကာင္ေရ 253 ထြက္ရွိျပီး အျမင့္ဆုံးရုန္းအား 353 Nm ျဖစ္ပါတယ္။ Front Wheel Drive စနစ္ျဖစ္ျပီး SUSPENSIONS စနစ္က ေရွ႕ကုိ McPherson Strut နဲ႕ေနာက္ဘက္ကေတာ့ 4 Link Suspension စနစ္ကုိ သုံးထားပါတယ္။ ဘရိတ္စနစ္ကလည္းေရွ႔ေနာက္ Discဘရိတ္ေတြကုိ ABSနဲ႕တြဲသုံးေပးထားပါတယ္။ အရွိန္ျမွင့္တင္ေမာင္းႏွင္ႏိုင္မွဳက 0 to 60 မုိင္ကုိ 5.7 စကၠန္႕အတြင္း ေရာက္ရွိႏိုင္မွာျဖစ္ျပီး ဆီစားႏွဳန္းကလည္း ၁၀၀ ကီလုိကုိ ပွ်မ္းမွ် ၈.၀ လီတာပဲျဖစ္ပါတယ္။

လံုျခံဳေရး

အေမရိကန္ Standard နဲ႕ထုတ္ထားတဲ့ကားပီပီ Safety features ေတြကေတာ့ အေတာ္ေလးပါဝင္ေနတာကုိေတြ႕ရပါတယ္။ ပထ မဆုံးအေနနဲ႕ ေဘးတံခါးေဘာင္ေတြေရာ၊ေနာက္မွလုိက္ပါသူေတြအတြက္ပါကာကြယ္ေပးႏိုင္တဲ့ေလအိတ္ေတြအပါအဝင္ စုစုေပါင္း ေလ အိတ္ ၈ လုံးပါဝင္ပါတယ္။ ေနာက္တစ္ခါ အျမင့္ဆုံးေသာခံႏိုင္ရည္စြမ္းရွိတဲ့ စတီးလ္ေတြကုိသုံးထားတဲ့ ေဘာ္ဒီပုိင္းကလည္း ကားေပၚ ကလူေတြကုိ မေတာ္တဆမွဳျဖစ္ရင္ ထိခုိက္မွဳေလ်ာ့နည္းေအာင္ကာကြယ္ေပးပါလိမ့္မယ္။ ေနာက္ျပီးေတာ့ Cruise Control ၊ ဟုိင္းေဝး ေတြမွာ အသုံးတည့္ေစတဲ့ Forward Collision Alert ၊ လုိင္းေတြမေက်ာ္ေအာင္ကာကြယ္ေပးမယ့္ Lane Keep Assist with Lane Departure Warning စနစ္၊ ေျခလ်င္ေလွ်ာက္သူမ်ား၊တိရိစာၦန္မ်ားကုိ ေျခရာခံျပီး လုိအပ္ပါက အလုိေလ်ာက္အရွိန္ေလွ်ာ့ေပးမယ့္ Pedestrian Detection စနစ္ ၊ Electronic Parking Brake ၊ လမ္းမေခ်ာ္ေစဖုိ႕အတြက္ Traction Control စနစ္၊ တည္ျငိမ္ ေသာေမာင္းႏွင္မွဳကုိရ၇ွိဖုိ႔အတြက္ Brake Assist နဲ႕တြဲေပးထားတဲ့ Stability Control System ၊ Anti-Lock Braking System(ABS) ၊ semi-auto parking စနစ္ ၊ Rear Cross Traffic Alert ၊ Seat Belt တပ္ဖုိ႔သတိေပးတဲ့စနစ္၊ တာယာ အေျခအေနကုိေဖာ္ျပေပးႏုိင္တဲ့ Tire Pressure Indicator တုိ႕လုိစနစ္ေတြပါလုိ႕အရမ္းကုိ Safety ေကာင္းတဲ့ကားတစ္စီးလုိ႔ ဆုိရ မွာျဖစ္ပါတယ္။

စမ္းသပ္ေမာင္းႏွင္မွဳ

ဒီအပုိင္းကေတာ့ အေရးၾကီးတဲ့အပုိင္းတစ္ခုဆုိလည္းမမွားပါဘူး။ ဒီကားက 2.0 L ဆုိေတာ့ Sport ဆန္တဲ့အင္ဂ်င္မ်ိဳးသုံးထားတာမုိ႔ ကားစထြက္ကတည္းက အရွိန္နဲ႕ေမာင္းတဲ့အခါမွာ ခဏေလးအတြင္းကုိ rpm တက္လာျပီး ကီလုိ ၈၀ ၊ ၁၀၀ ေရာက္သြားတယ္။ Turbo လည္းပါေတာ့ Sport ကားေတြေမာင္းရသလုိ ခံစားမွဳမ်ိဳးကုိရ၇ွိႏုိင္မွာပါ။အင္ဂ်င္အသံထြက္ညက္ေညာျပီး ဆူညံသံသိပ္မထြက္ဘူး။ စတီယာရင္ကလည္း စီးစီးပုိင္ပုိင္ရွိျပီး နည္းနည္းေလးကစားေပးရုံနဲ႕ အေကြ႕အျပဳလုပ္လုိ႕ရသြားတယ္။ Stability Control ေကာင္း လြန္းေတာ့ ထိန္းခ်ဴပ္ေမာင္းႏွင္ရတာ ေကာင္းပါတယ္။ ရုတ္တရက္အထြက္ေတြကလည္းညင္သာျပီး Suspension စနစ္ကလည္း ေကာင္းမြန္ကာ ျငိမ့္ေညာင္းမွဳကုိ ခံစားရတယ္။ ျပီးေတာ့ ဘရိတ္စနစ္ကလည္းေကာင္းတယ္၊ အရွိန္နဲ႕ေမာင္းေနရာကေနရုတ္တရက္ ရပ္တန္႔ရင္လည္း ညင္သာမွဳရွိျပီး တည္ျငိမ္တယ္။  ကားကရွည္ေပမယ့္ Turning Radius က 2.89 ပဲရွိလုိ႔ေတာ္ရုံက်ဥ္းတဲ့လမ္း        ေတြမွာလည္း ေကာင္းေကာင္းခ်ိဳးေကြ႔လုိ႔ရပါတယ္။ Ground clearance ကလည္းျမင့္ေတာ့ ျမိဳ႕တြင္းလမ္းေတြမွာ ဗုိက္တုိက္မွာစုိးလုိ႔ ပူပန္ရတာေတြမရွိေတာ့ဘူးေပါ့။ စာေရးသူရဲ႕ ပုဂၢလိကခံစားခ်က္အရဆုိရင္ေတာ့ ဒီကားကေမာင္းႏွင္မွဳပုံစံမွာ ေကာင္းမြန္တဲ့ ဖီလင္ကုိ ရရွိေစႏုိင္မယ့္ ကားတစ္စီးလုိ႔ဆုိႏုိင္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

အေမရိက ကားေလာကမွာနာမည္ေကာင္းေတြနဲ႕အတူေက်ာ္ၾကားေနတဲ့ Malibu က ေနရာက်ယ္ဝန္းတယ္၊လုံျခဳံစိတ္ခ်ရတယ္၊ ေမာင္း ႏွင္ရမွဳမွာစိတ္ၾကိဳက္ေတြ႔ေစမွာျဖစ္သလုိ Luxury လည္းျဖစ္တယ္။ သုံးထားတဲ့ features ေတြကလည္း အဆင့္ျမင့္လြန္းတယ္။ ျပီးေတာ့ Grade အျမင့္ဆုံးကုိလည္းရမယ္။ ေကာင္းတာေတြပဲလုိခ်င္ေတာ့လည္း သူရဲ႕တန္ရာတန္ေၾကးေလးေတာ့ ေပးဖုိ႕လုိတာေပါ့ ေနာ္။ ေစ်း တန္းကေတာ့ USD 53000 ရွိပါတယ္။ ဒါကကားတန္ဖုိးခ်ည္းပါေနာ္။ ေရရွည္အတြက္စိတ္ခ်ရျပီး ပြဲတက္ေရာ၊ျမိဳ႕တြင္းေရာ၊ ဟုိင္းေဝး အတြက္ပါ ေကာင္းမြန္တဲ့ကားမ်ိဳးလုိ႔ ဆုိခ်င္ပါတယ္။

Specification

Engine Type – 2.0 L DOHC I-4 VVT DI Turbo

Engine Power-2.0L/ 1,998 cc

Fuel –Petrol

Engine Drive- FWD

Maximum Power(Km/rpm)- 253 / 5,300

Maximum Torque(Nm/rpm)- 353 / 2,000 ~ 5,000

Transmission-6 speed AT

Fuel Consumption (L/100km)- 8.0

Fuel Tank (liters) – 62