Unicode version…

အမေရိကန်အမှတ်တံဆိပ် Chevrolet ကားသစ်များကို တင်သွင်းရောင်းချခွင့် တရားဝင်ရရှိထားသော Pacific Alpine Myanmar မှ Chevrolet SUV မော်ဒယ်သစ် ၂ မျိုးဖြစ်သော Trax နှင့် Tahoe တို့အားစတင်မိတ် ဆက် ပြသသွားခဲ့သည်။ Trax သည် Subcompact Crossover အမျိုးအစားဖြစ်ပြီး ၁.၄ လီတာ(တာဘို) လေး လုံး ထိုး Eco Tech အင်ဂျင်ကိုသုံးထားပြီး အော်တိုဂီယာ ၆ ချက်ဖြစ်ကာ မြင်းကောင်ရေ ၁၄၀ အားနီးပါး ထွက်ရှိ မည်ဖြစ်သည်။ လူ ၅ ဦးလိုက်ပါစီးနင်းနိုင်ပြီး Morden face ဒီဇိုင်းအသစ်ဖြစ်သော ရှေ့မီးကြီးနှင့် Grille တို့ကို တွဲဖက်ပေးထားသည်။ Sport ဆန်သည့်အသွင်အပြင်ရှိသော Trax ကို ၁၈ လက်မ Alloy များတပ်ဆင်ထားပြီး လုံခြုံရေးစနစ်မှာလည်း အမေရိက စံနှုန်းပြည့်မီသည်ဟု သိရသည်။

Full-size SUV အမျိုးအစားဖြစ်သော Tahoe တွင် ၅.၃ လီတာ V8 အင်ဂျင်ကိုတပ်ဆင်ပေးထားပြီး နောက်ဆုံး ပေါ်ဒီဇိုင်းနှင့် နည်းပညာများစွာပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ၎င်းသည် ရ ယောက်စီးဆိုက်ပြည့် SUV ကားဖြစ်ပြီး အော်တိုဂီယာ ၆ ချက်ဖြစ်ကာ ခန့်ညားလှပသည့်ရုပ်ထွက်မျိုးကိုပိုင်ဆိုင်ထားသည်။ ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော အတွင်းခန်းအပါအဝင် ကြိုးမဲ့ဖုန်းအားသွင်းစနစ်၊ ကောင်းမွန်သောစတီယာ ရင်စနစ်၊ Safety စနစ်ကောင်းများကြောင့် အမေရိကန်စျေးကွက်တွင် လူကြိုက်များနေသော Brand တစ်ခုဖြစ်သည်။

စျေးနှုန်းအားဖြင့် Trax ကို LT Grade အနေဖြင့်သာရနိုင်ပြီး USD 45000 ကျသင့်မည်ဖြစ်ကာ Tahoe မှာမူ အမြင့်ဆုံးဂရိတ် Premier ကိုရရှိနိုင်ပြီး USD 169000 ကျသင့်မည်ဖြစ်သည်။

Zawgyi version..

အေမရိကန္အမွတ္တံဆိပ္ Chevrolet ကားသစ္မ်ားကုိ တင္သြင္းေရာင္းခ်ခြင့္ တရားဝင္ရရွိထားေသာ Pacific Alpine Myanmar မွ Chevrolet SUV ေမာ္ဒယ္သစ္ ၂ မ်ိဳးျဖစ္ေသာ Trax ႏွင့္ Tahoe တို႔အားစတင္မိတ္ ဆက္ ျပသသြားခဲ့သည္။ Trax သည္ Subcompact Crossover အမ်ိဳးအစားျဖစ္ျပီး ၁.၄ လီတာ(တာဘုိ) ေလး လုံး ထုိး Eco Tech အင္ဂ်င္ကုိသုံးထားျပီး ေအာ္တုိဂီယာ ၆ ခ်က္ျဖစ္ကာ ျမင္းေကာင္ေရ ၁၄၀ အားနီးပါး ထြက္ရွိ မည္ျဖစ္သည္။ လူ ၅ ဦးလုိက္ပါစီးနင္းႏိုင္ျပီး Morden face ဒီဇုိင္းအသစ္ျဖစ္ေသာ ေရွ႕မီးၾကီးႏွင့္ Grille တုိ႔ကုိ တဲြဖက္ေပးထားသည္။ Sport ဆန္သည့္အသြင္အျပင္ရွိေသာ Trax ကုိ ၁၈ လက္မ Alloy မ်ားတပ္ဆင္ထားျပီး လုံျခဳံေရးစနစ္မွာလည္း အေမရိက စံႏွဳန္းျပည့္မီသည္ဟု သိရသည္။

Full-size SUV အမ်ိဳးအစားျဖစ္ေသာ Tahoe တြင္ ၅.၃ လီတာ V8 အင္ဂ်င္ကုိတပ္ဆင္ေပးထားျပီး ေနာက္ဆုံး ေပၚဒီဇုိင္းႏွင့္ နည္းပညာမ်ားစြာပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။ ၎သည္ ၇ ေယာက္စီးဆုိက္ျပည့္ SUV ကားျဖစ္ျပီး ေအာ္တုိဂီယာ ၆ ခ်က္ျဖစ္ကာ ခန္႔ညားလွပသည့္ရုပ္ထြက္မ်ိဳးကုိပုိင္ဆုိင္ထားသည္။ က်ယ္ဝန္းျပီး သက္ေသာင့္သက္သာရွိေသာ အတြင္းခန္းအပါအဝင္ ၾကိဳးမဲ့ဖုန္းအားသြင္းစနစ္၊ ေကာင္းမြန္ေသာစတီယာ ရင္စနစ္၊ Safety စနစ္ေကာင္းမ်ားေၾကာင့္ အေမရိကန္ေစ်းကြက္တြင္ လူၾကိဳက္မ်ားေနေသာ Brand တစ္ခုျဖစ္သည္။

ေစ်းႏွဳန္းအားျဖင့္ Trax ကုိ LT Grade အေနျဖင့္သာရႏုိင္ျပီး USD 45000 က်သင့္မည္ျဖစ္ကာ Tahoe မွာမူ အျမင့္ဆုံးဂရိတ္ Premier ကုိရရွိႏုိင္ျပီး USD 169000 က်သင့္မည္ျဖစ္သည္။