Chevrolet အနေဖြင့် PHEV Truck Concept အသစ်အား 2021 January 12 တွင် ကျင်းပမည့် နာမည်ကျော် Consumers Electronics Show-CES ပြပွဲတွင် ထည့်သွင်းပြသမည်ဟု General Motors မှ ပြောကြားပါသည်။ G M သည် အဆိုပါ CES Show တွင် Concept Car အသစ်အနည်းငယ်ကို ထည့်သွင်း ပြသမည်ဖြစ်ပြီး ၎င်းတို့တွင် EV Version အနေဖြင့် ထုတ်လုပ်ထားသည့် Chevy Pickup နှင့်အခြား လျှပ်စစ်ကားများ ပါဝင်ပါမည်။ Chevy ၏ PHEV Pickup Concept သည် လျှပ်စစ်သီးသန့် အသုံးပြုနိုင် သည့် Pickup Truck ဖြစ်ပြီး ၎င်းတွင် GM ၏နာမည်ကျော် ( Ultium Battery System ) ကို အသုံးပြုဖွယ် ရှိသည်ဟု ကားချစ်သူများမှ ထင်ကြေးပေးထားပါသည်။ Chevy သည် Silverado Hybrid Version ကို ထုတ်လုပ်ထားသော်လည်း PHEV Pickup ကို ထုတ်လုပ်ထားခြင်း မရှိပါ။ အခုပြသမည့် PHEV Truck Concept အား 2025 ခန့်မှသာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိ Silverado ၏ PHEV Version ကိုသာ အရင်ထုတ်လုပ် ရန် G M မှလျာထားပါသည်။ 2022 Hummer EV Pickup သည် GM ၏ ပထမဆုံးထုတ်လုပ်လိုက်သည့် Fully Electric Pickup ဖြစ်ပြီး Edition 1 Model အား 2021 နွေရာသီတွင် U.S ၌ စတင်ရောင်းချပါမည်။ သာမန် Level များကိုမူ 2021 နှစ်လည်တွင် ဆက်လက် ရောင်းချပါမည်။ အသစ်ထွက်ရှိမည့် Hummer EV Pickup သည် Tesla Cyber Truck / Ford F-150 EV , Rivion R1T တို့နှင့် ဈေးကွက်ယှဉ်ပြိုက်ဖက် Model ဖြစ်ပါသည်။ နာမည်ကျော် Dodge Ram သည်လည်း EV Version ထုတ်လုပ်ရန် အစီအစဉ် ရှိပါသည်။ GM ၏ Luxury Brand ဖြစ်သည့် Cadillac သည်လည်း EV Model အသစ်များစွာ တိုးတက် ဖန်တီးမည်ဖြစ်ပြီး ( 300 –miles Range ) အထိ အသုံးပြုနိုင်သည့် Cadillac Lyriq သည် အလွန် လူသိများသည့် Model ဖြစ်ပါသည်။