ကမ္ဘာကျော် အမေရိကန်အမှတ်တံဆိပ် Chevrolet ၏  Roadshow အား နေပြည်တော်ရှိ Sinma Living Mall Promotion Area တွင် စက်တင်ဘာ (၂၁) ရက်မှ (၂၃) ရက်ထိ (၃) ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Roadshow တွင် Chevrolet ၏ အိမ်စီးကားအမျိုးအစားများဖြစ်သော Malibu, Trax, Trailblazer နှင့် Suburban အစရှိသည့် မော်ဒယ်များကို ပြသရောင်းချသွားမည်ဖြစ်ပြီး Roadshow ကာလအတွင်း ဝယ်ယူပါက Special Promotion အဖြစ် ကားတစ်စီးလျှင် USD 6000  ဈေးလျော့ပေးသွားမည် ဖြစ်သည်။ Roadshow ကာလအတွင်းဖြစ်သည့် စက်တင်ဘာ (၂၁) မှ (၂၃) ရက်အတွင်း ရန်ကုန် နှင့် မန္တလေး အရောင်းပြခန်းမျာတွင်လည်း အဆိုပါ Special Promotion ကို ပေးသွားမည် ဖြစ်ပါသည်။ Chevrolet ကားများကို ဘဏ်နှင့်ချိန်ဆက်ကာ ကနဦး ၃၀% ပေးသွင်းပြီး အရစ်ကျအနေနှင့် ၁ နှစ်မှ ၅ နှစ်ထိ ပေးသွင်းဝယ်ယူနိုင်မည် ဖြစ်ါသည်။ Chevrolet အရောင်းပြခန်းများကို အမှတ် ၂၄၂၊ အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့  နှင့် အမှတ် ၅၁၄/၂၊ ၃၅ လမ်းပေါ် ( ၅၈ လမ်းနှင့် ၅၉ လမ်းကြား)၊ ချမ်းအေးသာဇံ၊ မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပြီး အရောင်းပြခန်းနှင့်အတူ အပိုပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုပါ ရရှိနိုင်မည် ဖြစ်သည်။