Unicode version…     

ကမ္ဘာကြီးရဲ့ကားလောက အရွေ့က ပြောင်းလဲမှုတွေနဲ့အတူ အမြဲတမ်းတိုးတက်နေပါတယ်။ လက်ရှိမှာ ­The World Car Market က SUV တွေကို လက်ခံလာကြပြီး အသုံးပြုလာကြလို့တစ်ချို့Luxury တွေ၊Super Car တွေလောက်ပဲ ထုတ်လေ့ရှိကြတဲ့ ကားကုမ္ပဏီတွေတောင် SUV တွေလိုက်ထုတ်နေရတဲ့ အထိဖြစ်လာပါတယ်။ နေရာတကာမှာလည်း SUV ကားတွေက လွှမ်းမိုးလာကြပြီး ဘက်စုံသုံးကားအဖြစ် ပိုမိုထင်ရှားလာပါတယ်။ ဒီတစ်ခါ Drive ရဲ့Test Drive ကဏ္ဍမှာပါဝင်လာတာက နာမည်ကြီး Chevrolet ထုတ်SUV Trailblazer ပဲဖြစ်ပါတယ်။ ဒီကားလေးအကြောင်း လေ့လာကြည့်ရအောင်လားခင်ဗျာ။

ရုပ်ထွက်နှင့် အပြင်ပိုင်း

Trailblazer ဆိုတာ လမ်းသစ်တီထွင်သူလို့ အဓိပ္ပါယ်ရှိပါတယ်။ဒါကြောင့် သူ့ကို Chevrolet က အလွန်ကောင်းတဲ့ SUV တစ်စီးဖြစ်ဖို့အစွမ်းကုန်ကြိုးစားထားပါတယ်။Trailblazerဟာmid-sized SUV ကားတစ်စီးဖြစ်ပြီးခန့်ညားတဲ့သူ့ရုပ်သွင်က ကားကောင်းတစ်စီးဆိုတာကို ညွှန်ပြနေသယောင်ဖြစ်နေပါတယ်။ Day time running light တွေပါဝင်တဲ့ ရှေ့ Headlampဒီဇိုင်းကစက်ရုပ်ကြီးတစ်ကောင်လိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဒီမီးက နေ့အလင်းရောင်နည်းသွားတာနဲ့ အလို အလျောက်ညမီးကို ပြောင်းလဲပေး နိုင်တဲ့ Auto Headlamp စနစ်ပါပါတယ်။ရှေ့နောက်နှင်းခွဲမီးတွေပါသလို ပါကင် ဆင်ဆာ ၄ ခုလည်းပါပါသေးတယ်။ရှေ့ရှဲနှစ်ထပ်ပါသလို လေခွင်းအားကောင်းအောင်တည်ဆောက်ထားတဲ့ ဘောနက်ပုံစံ၊ ရှင်းလင်းသေသပ်လှပနေတဲ့ မီးသီးပုံစံတွေက သူ့ရဲ့ခန့်ညားမှုကို ပိုပြီးလေးနက်သွားစေခဲ့ပါတယ်။ ကား နောက်ပိုင်းကလည်း ရိုးရှင်းစွာပြုလုပ်ထားမှုကChevrolet ရဲ့ဂုဏ်ဒြပ်ဖြစ်တဲ့ မာကျောခြင်းကို ပြသနေသလိုပါပဲ။ Cruise control စနစ်တွေအပြင် အလိုအလျောက်အလုပ်လုပ်ပေးတဲ့ Wiper စနစ်လည်းပါဝင်ပါတယ်။

အတွင်းပိုင်း

လူ ရ ဦးသက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်တဲ့ ခုံ ၃ တန်းပါဝင်သလို Driver ခုံကတော့ Motor seat ဖြစ်ပါတယ်။ Steering ကလည်း Audio,တည်နေရာစတဲ့အရာတွေကို ထိန်းချူပ်နိုင်တဲ့ Control တွေပါဝင်သလို ရှေ့ဒိုင်ခွက်ကလည်း ကြည်လင်ပြတ်သားမှုအပြည့်ရှိပြီး ကားတစ်ခုလုံးရဲ့အချက်အလက်တွေကို ဖော်ပြပေး ပါတယ်။ Side mirror တွေကလည်း ဘေးကယာဉ်တွေကို ရှင်းလင်းပြတ်သားစွာမြင်တွေ့ရအောင်ပြုလုပ်ပေး နိုင်သလို ၈ လက်မ Screen မှာမြင်ရတဲ့ နောက်ကြည့်ကင်မရာကလည်း တိကျတဲ့ Guide Line တွေနဲ့အတူ Parking ထိုးတဲ့အခါယာဉ်မောင်းကို အပြည့်အဝကူညီပေးနိုင်ပါတယ်။အလင်းရောင်စူးရှမှုကို လျှော့ချပေးတဲ့ နောက်ကြည့်မှန်၊ကားတာယာလေပေါင်ကို ဖော်ပြပေးတဲ့စနစ်တွေကြောင့် Trailblazerရဲ့အတွင်းပိုင်းပါဝင်မှု တွေကအဆင့်မြင့်တယ်ဆိုတာ လက်ခံလို့ရနိုင်ပါ တယ်။ဖျော်ဖြေရေးအနေနဲ့ စပီကာ ၆ လုံးပါဝင်ပြီး AUX,USB တွေနဲ့ချိတ်ဆက်နိုင်ပါသေးတယ်။ Storage box လိုပစ္စည်းထည့်စရာနေရာကောင်းကောင်းပါသလို ခွက်ထည့်စရာတွေလည်းရှေ့နောက်ထိုင်ခုံတွေမှာပါပါတယ်။ ဒုတိယခုံတန်းနဲ့တတိယခုံတန်းကို ခေါက်သိမ်းနိုင် သလို နောက်ဘက် Cargo Space ကလည်းကျယ်ဝန်းပါတယ်။

အင်ဂျင်နှင့်စွမ်းဆောင်ရည်

Off-road မှာ 4WD ပုံစံနဲ့ မောင်းနိုင်စွမ်း ရှိအောင် 2.8L Duramax Diesel အင်ဂျင် ကိုသုံးထားပါတယ်။ အင်ဂျင်ပုံစံက 16-valve, in-lineဖြစ်ပြီး အသစ်ထုတ်ထားတဲ့ Duramax Diesel စနစ်က Turbocharger ပါသလို Double Overhead Camshaft စနစ်သုံးထားပါတယ်။ Direct injection system ဖြစ်ပြီး Turbocharger နဲ့ Air Filter က အတူတကွ တိုင်မင်ကိုက်အလုပ်လုပ်နိုင်လို့စွမ်းအင်ထွက်ရှိမှုရော၊ဆီစားနှုန်းသက်သာမှုပါအကောင်းဆုံးအနေအထားမှာရှိနေပါ တယ်။ 4WDစနစ်ဖြစ်လို့တောင်တက်တွေ၊ လမ်းကြမ်းမောင်းနှင်မှုတွေအတွက် လှည့်ကြည့်စရာမလိုအောင် ကောင်းမွန်မှာပါ။ အင်ဂျင်ပါဝါက မြင်းကောင်ရေ 200 hp ထွက်ပြီး၊ ရုန်းအားက 500 Nm Torque (@ 2,000 rpm) ရှိပါတယ်။ လမ်းချော်နိုင်တဲ့ တာင်တတ်၊ တောင်ဆင်း လမ်းကြမ်းတွေမှာ ကောင်းမွန်စွာ မောင်း သွားနိုင်ပါတယ်။ 6 Speed Automatic စနစ်ဖြစ်ပြီး အောက်ပိုင်းစနစ်တွေကလည်း လမ်းကြမ်းတွေအတွက်သင့်တော်တဲ့ coil spring တွေ၊ shock absorbers တွေကိုသုံးထားပါတယ်။

လုံခြုံရေးစနစ်

SUV တစ်စီးဖြစ်လို့ Off-Road အတွက်ပြောစရာမလိုအောင်ဖန်တီးပေးထားပါတယ်။ လုံလောက်တဲ့ မြေပြင် ကင်းလွတ်ပမာဏ၊ Hill start assist လိုတောင်ဆက်ရာမှာ ပြန်လိမ့်မကျအောင်ပြုလုပ်ပေးနိုင်ခြင်း၊ Hill Descent Control လိုမျိုးတောင်ပြန်ဆင်းရာမှာ ABSစနစ်နဲ့တွဲပြီး ညင်ညင်သာသာနဲ့အန္တရာယ်ကင်းစွာဆင်းနိုင်တဲ့ စနစ်တွေပါဝင်ပါ တယ်။ဒါ့အပြင် ရှေ့ driver နဲ့ passenger အတွက် လေအိတ် ၂လုံး၊ Anti-lock brake system (ABS) စနစ်၊ Electronic Brake Force Distribution (EBD) စနစ်၊ Panic Brake Assist (PBA)စနစ်၊ Hydraulic Brake Assist (HBA) စနစ်၊ Traction Control System (TCS) စနစ်၊Cornering Brake Control (CBC)စနစ်၊Forward Collision Alert၊ Side Blind Zone Alert နဲ့ Lane Departure Warning စနစ်တွေကြောင့် လုံခြုံစိတ်ချရမှုမှာ Trailblazer က ဆရာတစ်ဆူဖြစ်လောက်ပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

2017 Trailblazer ဟာပိုကြည့်ကောင်းပြီး တိုးတက်လာတဲ့ နည်းပညာပိုင်းနှင့်လုံခြံုစိတ်ခြံုရေးစနစ်တွေကြောင့် လမ်းခရီးကြမ်းတွေမှာ အကောင်းဆုံးစွမ်းဆောင်မှုကိုပေးနိုင်ပါတယ် ။အဆင့်မြှင့် ဆလင်ဒါလေးလုံး 2.8L turbo ဒီဇယ်အင်ဂျင်ဖြစ်တဲ့အတွက် အသုံးပြုလိုအဆင်ပြေပြီး ကားအတွင်းခန်းဟာလည်း အသံလုံစနစ်ဖြင့်ဖွဲ့ စည်း ထား တာဖြစ်ပါတယ်။Traliblazer ဟာ မြို့တွင်းဖြစ်ဖြစ်၊ခရီးဝေးလမ်းကြမ်းတွေမှာဖြစ်ဖြစ် လုံလောက်တဲ့ စွမ်းရည်၊လုံခြံမှု၊ စိတ်ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ပါလိမ့်မယ်။စျေးကတော့ USD 72000 ရှိပါတယ်။

Specifications

Engine – 2.8L Duramax Diesel DOHC

Power – 147 kW/200 [email protected]/3600rpm

Torque- 500 (50.9) [email protected] rpm

Wheelbase (mm)- 2845

Transmission – 6-Speed Auto

Air Bags– Driver / Front Passenger

Air-Con – Front and Rear seat climate control

Infotainment – 6 Speakers, 7-inch MyLink touch screen with Bluetooth hands free, AUX and USB connectivity

သုတရေးသားသည်

Zawgyi  version…

ကမာၻၾကီးရဲ႕ကားေလာက အေရြ႕က ေျပာင္းလဲမွဳေတြနဲ႕အတူ အျမဲတမ္းတုိးတက္ေနပါတယ္။ လက္ရွိမွာ ­The World Car Market က SUV ေတြကုိ လက္ခံလာၾကျပီး အသုံးျပဳလာၾကလုိ႕တစ္ခ်ိဳ႕Luxury ေတြ၊Super Car ေတြေလာက္ပဲ ထုတ္ေလ့ရွိၾကတဲ့ ကားကုမၸဏီေတြေတာင္ SUV ေတြလုိက္ထုတ္ေနရတဲ့ အထိျဖစ္လာပါတယ္။ ေနရာတကာမွာလည္း SUV ကားေတြက လႊမ္းမုိးလာၾကျပီး ဘက္စုံသုံးကားအျဖစ္ ပုိမုိထင္ရွားလာပါတယ္။ ဒီတစ္ခါ Drive ရဲ႕Test Drive က႑မွာပါဝင္လာတာက နာမည္ၾကီး Chevrolet ထုတ္SUV Trailblazer ပဲျဖစ္ပါတယ္။ ဒီကားေလးအေၾကာင္း ေလ့လာၾကည့္ရေအာင္လားခင္ဗ်ာ။

 

ရုပ္ထြက္ႏွင့္ အျပင္ပုိင္း

 Trailblazer ဆုိတာ လမ္းသစ္တီထြင္သူလုိ႕ အဓိပၸါယ္ရွိပါတယ္။ဒါေၾကာင့္ သူ႕ကုိ Chevrolet က အလြန္ေကာင္းတဲ့ SUV တစ္စီးျဖစ္ဖုိ႕အစြမ္းကုန္ၾကိဳးစားထားပါတယ္။Trailblazerဟာmid-sized SUV ကားတစ္စီးျဖစ္ျပီးခန္႕ညားတဲ့သူ႕ရုပ္သြင္က ကားေကာင္းတစ္စီးဆုိတာကုိ ညႊန္ျပေနသေယာင္ျဖစ္ေနပါတယ္။ Day time running light ေတြပါဝင္တဲ့ ေရွ႕ Headlampဒီဇုိင္းကစက္ရုပ္ၾကီးတစ္ေကာင္လုိဆဲြေဆာင္ႏုိင္စြမ္းရွိပါတယ္။ဒီမီးက ေန႔အလင္းေရာင္နည္းသြားတာနဲ႕ အလုိ အေလ်ာက္ညမီးကုိ ေျပာင္းလဲေပး ႏုိင္တဲ့ Auto Headlamp စနစ္ပါပါတယ္။ေရွ႕ေနာက္ႏွင္းခဲြမီးေတြပါသလုိ ပါကင္ ဆင္ဆာ ၄ ခုလည္းပါပါေသးတယ္။ေရွ႕ရွဲႏွစ္ထပ္ပါသလုိ ေလခြင္းအားေကာင္းေအာင္တည္ေဆာက္ထားတဲ့ ေဘာနက္ပုံစံ၊ ရွင္းလင္းေသသပ္လွပေနတဲ့ မီးသီးပုံစံေတြက သူ႕ရဲ႕ခန္႕ညားမွဳကုိ ပုိျပီးေလးနက္သြားေစခဲ့ပါတယ္။ ကား ေနာက္ပုိင္းကလည္း ရုိးရွင္းစြာျပဳလုပ္ထားမွဳကChevrolet ရဲ႕ဂုဏ္ျဒပ္ျဖစ္တဲ့ မာေက်ာျခင္းကုိ ျပသေနသလုိပါပဲ။ Cruise control စနစ္ေတြအျပင္ အလုိအေလ်ာက္အလုပ္လုပ္ေပးတဲ့ Wiper စနစ္လည္းပါဝင္ပါတယ္။

အတြင္းပုိင္း

 

လူ ၇ ဦးသက္ေသာင့္သက္သာလုိက္ပါစီးနင္းႏုိင္တဲ့ ခုံ ၃ တန္းပါဝင္သလုိ Driver ခုံကေတာ့ Motor seat ျဖစ္ပါတယ္။ Steering ကလည္း Audio,တည္ေနရာစတဲ့အရာေတြကုိ ထိန္းခ်ဴပ္ႏုိင္တဲ့ Control ေတြပါဝင္သလုိ ေရွ႕ဒုိင္ခြက္ကလည္း ၾကည္လင္ျပတ္သားမွဳအျပည့္ရွိျပီး ကားတစ္ခုလုံးရဲ႕အခ်က္အလက္ေတြကုိ ေဖာ္ျပေပး ပါတယ္။ Side mirror ေတြကလည္း ေဘးကယာဥ္ေတြကုိ ရွင္းလင္းျပတ္သားစြာျမင္ေတြ႕ရေအာင္ျပဳလုပ္ေပး ႏုိင္သလုိ ၈ လက္မ Screen မွာျမင္ရတဲ့ ေနာက္ၾကည့္ကင္မရာကလည္း တိက်တဲ့ Guide Line ေတြနဲ႕အတူ Parking ထုိးတဲ့အခါယာဥ္ေမာင္းကုိ အျပည့္အဝကူညီေပးႏုိင္ပါတယ္။အလင္းေရာင္စူးရွမွဳကုိ ေလွ်ာ့ခ်ေပးတဲ့ ေနာက္ၾကည့္မွန္၊ကားတာယာေလေပါင္ကုိ ေဖာ္ျပေပးတဲ့စနစ္ေတြေၾကာင့္ Trailblazerရဲ႕အတြင္းပုိင္းပါဝင္မွဳ ေတြကအဆင့္ျမင့္တယ္ဆုိတာ လက္ခံလုိ႕ရႏုိင္ပါ တယ္။ေဖ်ာ္ေျဖေရးအေနနဲ႕ စပီကာ ၆ လုံးပါဝင္ျပီး  AUX,USB ေတြနဲ႕ခ်ိတ္ဆက္ႏုိင္ပါေသးတယ္။ Storage box လုိပစၥည္းထည့္စရာေနရာေကာင္းေကာင္းပါသလုိ ခြက္ထည့္စရာေတြလည္းေရွ႔ေနာက္ထုိင္ခုံေတြမွာပါပါတယ္။ ဒုတိယခုံတန္းနဲ႕တတိယခုံတန္းကုိ ေခါက္သိမ္းႏုိင္ သလုိ ေနာက္ဘက္ Cargo Space ကလည္းက်ယ္ဝန္းပါတယ္။

အင္ဂ်င္ႏွင့္စြမ္းေဆာင္ရည္

Off-road မွာ 4WD ပံုစံနဲ႔ ေမာင္းႏိုင္စြမ္း ရွိေအာင္  2.8L Duramax Diesel အင္ဂ်င္ ကုိသုံးထားပါတယ္။ အင္ဂ်င္ပုံစံက 16-valve, in-lineျဖစ္ျပီး အသစ္ထုတ္ထားတဲ့ Duramax Diesel စနစ္က Turbocharger ပါသလုိ Double Overhead Camshaft စနစ္သုံးထားပါတယ္။ Direct injection system ျဖစ္ျပီး Turbocharger နဲ႕ Air Filter က အတူတကြ တုိင္မင္ကုိက္အလုပ္လုပ္ႏုိင္လုိ႕စြမ္းအင္ထြက္ရွိမွဳေရာ၊ဆီစားႏွဳန္းသက္သာမွဳပါအေကာင္းဆုံးအေနအထားမွာရွိေနပါ တယ္။ 4WDစနစ္ျဖစ္လုိ႕ေတာင္တက္ေတြ၊ လမ္းၾကမ္းေမာင္းႏွင္မွဳေတြအတြက္ လွည့္ၾကည့္စရာမလုိေအာင္ ေကာင္းမြန္မွာပါ။ အင္ဂ်င္ပါဝါက ျမင္းေကာင္ေရ 200 hp ထြက္ၿပီး၊ ရုန္းအားက 500 Nm Torque (@ 2,000 rpm) ရွိပါတယ္။ လမ္းေခ်ာ္ႏိုင္တဲ့ တာင္တတ္၊ ေတာင္ဆင္း လမ္းၾကမ္းေတြမွာ ေကာင္းမြန္စြာ ေမာင္း သြားႏိုင္ပါတယ္။ 6 Speed Automatic စနစ္ျဖစ္ျပီး ေအာက္ပုိင္းစနစ္ေတြကလည္း လမ္းၾကမ္းေတြအတြက္သင့္ေတာ္တဲ့ coil spring ေတြ၊ shock absorbers ေတြကုိသုံးထားပါတယ္။ 

 လုံျခဳံေရးစနစ္

SUV တစ္စီးျဖစ္လုိ႕ Off-Road အတြက္ေျပာစရာမလုိေအာင္ဖန္တီးေပးထားပါတယ္။ လုံေလာက္တဲ့ ေျမျပင္ ကင္းလြတ္ပမာဏ၊ Hill start assist လုိေတာင္ဆက္ရာမွာ ျပန္လိမ့္မက်ေအာင္ျပဳလုပ္ေပးႏုိင္ျခင္း၊ Hill Descent Control လုိမ်ိဳးေတာင္ျပန္ဆင္းရာမွာ  ABSစနစ္နဲ႕တဲြျပီး ညင္ညင္သာသာနဲ႕အႏၱရာယ္ကင္းစြာဆင္းႏုိင္တဲ့ စနစ္ေတြပါဝင္ပါ တယ္။ဒါ့အျပင္ ေရွ႕ driver နဲ႕ passenger အတြက္ ေလအိတ္ ၂လုံး၊ Anti-lock brake system (ABS) စနစ္၊ Electronic Brake Force Distribution (EBD) စနစ္၊ Panic Brake Assist (PBA)စနစ္၊ Hydraulic Brake Assist (HBA) စနစ္၊ Traction Control System (TCS) စနစ္Cornering Brake Control (CBC)စနစ္၊Forward Collision Alert၊  Side Blind Zone Alert နဲ႕ Lane Departure Warning စနစ္ေတြေၾကာင့္ လုံျခံဳစိတ္ခ်ရမွဳမွာ Trailblazer က ဆရာတစ္ဆူျဖစ္ေလာက္ပါတယ္။

  ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

 2017 Trailblazer ဟာပိုၾကည့္ေကာင္းၿပီး တုိးတက္လာတဲ့ နည္းပညာပုိင္းႏွင့္လုံျခံဳစိတ္ျခံဳေရးစနစ္ေတြေၾကာင့္ လမ္းခရီးၾကမ္းေတြမွာ အေကာင္းဆံုးစြမ္းေဆာင္မႈကိုေပးႏိုင္ပါတယ္ ။အဆင္႔ျမႇင့္ ဆလင္ဒါေလးလံုး 2.8L turbo ဒီဇယ္အင္ဂ်င္ျဖစ္တဲ့အတြက္ အသုံးျပဳလိုအဆင္ေျပျပီး ကားအတြင္းခန္းဟာလည္း အသံလုံစနစ္ျဖင့္ဖဲြ႔ စည္း ထား တာျဖစ္ပါတယ္။Traliblazer ဟာ  ျမိဳ႕တြင္းျဖစ္ျဖစ္၊ခရီးေဝးလမ္းၾကမ္းေတြမွာျဖစ္ျဖစ္ လုံေလာက္တဲ့ စြမ္းရည္၊လုံျခံမွဳ၊ စိတ္ေက်နပ္မွဳကုိ အျပည့္အဝေပးစြမ္းႏုိင္ပါလိမ့္မယ္။ေစ်းကေတာ့ USD 72000 ရွိပါတယ္။

 Specifications

 Engine – 2.8L Duramax Diesel DOHC

Power – 147 kW/200 [email protected]/3600rpm

Torque- 500 (50.9) [email protected] rpm

Wheelbase (mm)- 2845

Transmission – 6-Speed Auto

Air Bags– Driver / Front Passenger

Air-Con – Front and Rear seat climate control

Infotainment – 6 Speakers, 7-inch MyLink touch screen with Bluetooth hands free, AUX and USB connectivity

သုတေရးသားသည္