Unicode version…

လွန်ခဲ့တဲ့မတ်လအတွင်းက မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ Subcompact Crossover SUV အမျိုးအစား Chevrolet Tarx ဟာဆိုရင်ဒီကိုမရောက်ခင်လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက Drive Media မှနေပြီး အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ သွားရောက်စမ်းသပ်မောင်းနှင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီမှာကတည်းက ဒီကားလေးရဲ့ရုပ်သွင်နဲ့ လျင်မြန်မှု ကိုအတော်လေးနှစ်ခြိုက်ခဲ့မိပါတယ်။ 1.4 L engine ကိုသုံးစွဲခဲ့တာက ဆီစားသက်သာစေဖို့အတွက်ဖြစ်ပေမယ့် စွမ်း အင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၄၀ နီးပါးရှိတဲ့အပြင် တာဘိုလည်းပါတော့အရုန်းအထတွေမှာ မြန်မှမြန်ပါပဲ။ ကား ဆိုက်ကလည်း ကြီးမားတာမျိုးမဟုတ်တော့ တော်ရုံမြို့တွင်းလမ်းတွေဝင်ထွက်ရတာ၊ပါကင်ထိုးရတာလွယ်ကူစေမှာဖြစ်ပါ တယ်။ ပထမဆုံးသူ့အကြောင်းပြောမယ်ဆိုရင် အပြင်ဘက်ရုပ်သွင်ကနေစပြောရပါလိမ့်မယ်။ ဆက်ကြည့်ရအောင်လား ခင်ဗျာ။

အပြင်ဘက်ပိုင်း

၂၀၁၈ အတွက်အသစ်ထွက်ရှိလာတဲ့ Chevrolet Trax မှာနောက်ဆုံးပေါ်ကားတွေမှာ အသုံးပြုလာကြတဲ့ Modern Face ဒီဇိုင်းသစ် ရှေ့မီးကြီးနဲ့ရှေ့ရှဲ(Grille) တို့ကိုပေါင်းစပ်တပ်ဆင်ပေးထားပါတယ်။ ဒီပုံစံက Chevrolet ရဲ့ Malibu,Cruze, Volt တို့နဲ့ခပ်ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။ ပြီးတော့ Dual Port Grille အသစ်ကို ရှေ့မီးခွက်နဲ့ဆက်ပေးထားပြီး Fender ထဲဝင်သွားတဲ့ပုံစံမျိုး ဖန်တီးပေးထားပါတယ်။ Halogen Projector ရှေ့မီးကြီးတွေကို LED နေ့အ လင်းမီးတန်းတွေနဲ့ပေါင်းစပ်ပေးထားပြီး ရှေ့နောက်မှာပါတဲ့ Fog Lamp တွေကိုလည်း Chrome တွေနဲ့အနား ကွပ် ပေးထားလို့ ရုပ်ထွက်ကိုပိုပြီးလန်းစေပါတယ်။ နောက်ဘက်ပိုင်းမှာလည်း နှစ်ထပ်မီးခွက်ပုံစံဒီဇိုင်းပြုလုပ်ပေးထားပြီး စပေါ့ ပိုဆန်သွားစေပါတယ်။ နောက်ပြီးတော့ ၁၈ လက်မအရွယ်ဘီးတွေကို Alloyခွေတွေနဲ့တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ခြုံကြည့်ရရင်တော့ Chevrolet Trax ရဲ့ပုံစံက ခေတ်မီတဲ့စပေါ့ကားတစ်စီးလိုမျိုးဖြစ်နေပါတယ်။

အတွင်းခန်း

အတွင်းခန်းကလည်း Chevrolet ရဲ့ Dual Cockpit Design dashboard လှပသေသပ်စွာမြင်တွေ့ခဲ့ရပြီး လူ ၅ ယောက်အကောင်းဆုံးလိုက်ပါစီးနင်းနိုင်တဲ့ အကျယ်အဝန်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဒရိုင်ဘာကို အ ကောင်းဆုံးကူညီထောက်ပံ့ပေးနိုင်တဲ့ ဒိုင်ခွက်(Instrument Panel ) ကလည်း ဒီဇိုင်းသစ်ဖြစ်သွားပြီး ရှင်းလင်းပြတ်သား တဲ့ မြင်ကွင်းမျိုးကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီဒိုင်ခွက်ထဲမှာ ကားရဲ့Speed နှုန်းပြသမှု ၊ တာယာလေပေါင်ချိန်၊ လက် ကျန်ဆီနဲ့မောင်းလို့ရမယ့်ကီလိုနဲ့အခြားအချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက် Push Start စနစ်၊ HAVC အဲကွန်းစနစ်၊ Blue tooth hand free နဲ့ Audio တွေကိုထိန်းချုပ်နိုင်တဲ့ စတီယာရင်စနစ် စတဲ့အဆင့်မြင့် စနစ်တွေပါဝင်သလို ထိုင်ခုံတွေကလည်းလည်သာထိုင်ခုံတွေဖြစ်ပါတယ်။ နောက်ပြီးတော့ ရလက်မအရွယ် MyLink ရောင်စုံ Touch Screen ကို dashboard အလယ်မှာတပ်ဆင်ပေးထားပြီး Android နဲ့ i Phone စနစ်တွေသုံးကာ ဖုန်းပြောတာတွေ၊ မက်ဆေ့ပို့တာတွေ၊ သီချင်းနားထောင်တာတွေ၊လမ်းကြောင်းစနစ်နဲ့ပတ်သက်တာတွေကို ထိန်းချုပ် ညွှန်ကြားနိုင်ပါတယ်။ နောက်ပြီးတော့ Apple user တွေအတွက်လည်း ကိုယ့်ဖုန်းနဲ့ချိတ်ဆက်ပြီး Tablet တစ်လုံးလို အသုံးချလို့ရနိုင်ပါ သေးတယ်။ Trax မှာ AUX,USB ပေါက်တွေလည်း ပါဝင်ပါသေးတယ်။ စပီကာက ၆ လုံးတောင်ပါပြီး My Link,FM/AM Radio,MP3/WMA,Wireless စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

အင်ဂျင်နဲ့စွမ်းဆောင်ရည်ပိုင်း

အစပိုင်းမှာဆိုခဲ့သလိုပါပဲ။ဒီကားမှာ ဆလင်ဒါလေးလုံးထိုး ၁ . ၄ လီတာတာဘို(EcoTech) အင် ဂျင်ကို အော်တိုဂီယာ ၆ ချက်သုံးပေးထားပါတယ်။ အင်ဂျင်ပါဝါသေးတာက ဆီစားနှုန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အထွက်နည်းစေဖို့ဖြစ်ပေမယ့် စွမ်းအင်ထွက်ရှိနိုင်မှုက မြင်းကောင်ရေ ၁၄၀ အားနီးပါးရှိပြီး ရုန်းအားက 4900 rpm မှာ 200 Nm ရှိပါတယ်။ ရှေ့ နောက်ကို ABS တွဲထားတဲ့ Disc Brake တွေကိုသုံးထားပြီး တည်ငြိမ်မှုနဲ့အကြမ်းခံနိုင်တဲ့ ဆိုင်းထိန်းစနစ်ကို သုံးထားလို့ လမ်းမျိုးစုံအတွက် သင့်တော်မယ့်ကားမျိုးလို့ဆိုရမှာပါ။

လုံခြုံရေးအပိုင်း

ပထမဆုံးပြောရမှာက Trax မှာလေအိတ် ၄ လုံးပါဝင်တာပါပဲ။ ဒါ့အပြင် ကားကိုယ်ထည်ကို တောင့်တင်းခိုင်မာအောင် Steel Structure တွေသုံးပြီးတည်ဆောက်ထားပါတယ်။ နောက်ပြီး Electronic Cruise Control , Anti-Lock Braking System(ABS), Electronic Brake Force Distribution (EBD), Traction Control System (TCS) , Straight Line Stability (SLS) , Hill Start Assist (HST) , Hill Descent Control (HDC) , Rear View Camera , Rear Park Assist , Anti – Thief Alarm စတဲ့ Features တွေထည့်သွင်းထားပြီး ရာနှုန်းပြည့်လုံခြုံစိတ်ချမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

The 2017 Trax delivers a new design, more technology and more active safety.

စျေးနှုန်းနဲ့သုံးသပ်ချက်

Trax ရဲ့ပုံစံက စက်ရုပ်တစ်ကောင်နဲ့တူတယ်၊ပေါ့ပါးတယ်။ခေတ်မီဆန်းသစ်တယ်။ ပြီးတော့ New Version တွေ အများကြီးပါလာတယ်။ နောက်တစ်ချက်က ဆီစားနှုန်းချိုတယ်။ လမ်းစုံလည်းမောင်းနှင်နိုင်မယ်။ လုံခြုံရေးစနစ်ကလည်း လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးရှိပါတယ်။ ဒါကြောင့် Trax LT Grade ကို USD 45,000 နဲ့ Chevrolet Myanmar မှာသွားရောက်လေ့လာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Specification…

Engine – 4 CYL , 1.4 L ,MFI,DOHC Turbo

Displacement(CC) – 1399

Transmissions – 6-Speed Automatic Transmission

Maximum Power (HP/rpm) – 140/4,900 – 6,000

Maximum Torque (Nm/rpm) – 200/ 1,850– 4,900

Wheelbase (mm) – 157

Front/Rear Track Width (mm) – 2,555

Fuel Tank (liters) – 53

Drivetrain – FWD

Zawgyi version…

လြန္ခဲ့တဲ့မတ္လအတြင္းက ျမန္မာႏိုင္ငံထဲကုိ စတင္ဝင္ေရာက္လာခဲ့တဲ့ Subcompact Crossover SUV အမ်ိဳးအစား Chevrolet Tarx ဟာဆုိရင္ဒီကုိမေရာက္ခင္လြန္ခဲ့တဲ့ ၁ ႏွစ္ေလာက္ကတည္းက Drive Media မွေနျပီး အင္ဒုိနီးရွား ႏုိင္ငံ ဘာလီမွာ သြားေရာက္စမ္းသပ္ေမာင္းႏွင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီမွာကတည္းက ဒီကားေလးရဲ႕ရုပ္သြင္နဲ႔ လ်င္ျမန္မွဳ ကုိအေတာ္ေလးႏွစ္ျခိဳက္ခဲ့မိပါတယ္။ 1.4 L engine ကုိသုံးစြဲခဲ့တာက ဆီစားသက္သာေစဖုိ႔အတြက္ျဖစ္ေပမယ့္ စြမ္း အင္ထြက္ရွိမွဳကေတာ့ ျမင္းေကာင္ေရ ၁၄၀ နီးပါးရွိတဲ့အျပင္ တာဘုိလည္းပါေတာ့အရုန္းအထေတြမွာ ျမန္မွျမန္ပါပဲ။ ကား ဆုိက္ကလည္း ၾကီးမားတာမ်ိဳးမဟုတ္ေတာ့ ေတာ္ရုံျမိဳ႕တြင္းလမ္းေတြဝင္ထြက္ရတာ၊ပါကင္ထုိးရတာလြယ္ကူေစမွာျဖစ္ပါ တယ္။ ပထမဆုံးသူ႕အေၾကာင္းေျပာမယ္ဆုိရင္ အျပင္ဘက္ရုပ္သြင္ကေနစေျပာရပါလိမ့္မယ္။ ဆက္ၾကည့္ရေအာင္လား ခင္ဗ်ာ။

အျပင္ဘက္ပုိင္း

၂၀၁၈ အတြက္အသစ္ထြက္ရွိလာတဲ့ Chevrolet Trax မွာေနာက္ဆုံးေပၚကားေတြမွာ အသုံးျပဳလာၾကတဲ့ Modern Face ဒီဇုိင္းသစ္ ေရွ႕မီးၾကီးနဲ႕ေရွ႕ရွဲ(Grille) တုိ႕ကုိေပါင္းစပ္တပ္ဆင္ေပးထားပါတယ္။ ဒီပုံစံက Chevrolet ရဲ႕ Malibu,Cruze, Volt တုိ႔နဲ႕ခပ္ဆင္ဆင္တူေနတာကုိ ေတြ႔ရပါတယ္။ ျပီးေတာ့ Dual Port Grille အသစ္ကုိ ေရွ႕မီးခြက္နဲ႔ဆက္ေပးထားျပီး Fender ထဲဝင္သြားတဲ့ပုံစံမ်ိဳး ဖန္တီးေပးထားပါတယ္။ Halogen Projector ေရွ႕မီးၾကီးေတြကုိ LED ေန႔အ လင္းမီးတန္းေတြနဲ႕ေပါင္းစပ္ေပးထားျပီး ေရွ႕ေနာက္မွာပါတဲ့ Fog Lamp ေတြကုိလည္း Chrome ေတြနဲ႔အနား ကြပ္ ေပးထားလုိ႔ ရုပ္ထြက္ကုိပုိျပီးလန္းေစပါတယ္။ ေနာက္ဘက္ပုိင္းမွာလည္း ႏွစ္ထပ္မီးခြက္ပုံစံဒီဇုိင္းျပဳလုပ္ေပးထားျပီး စေပါ့ ပုိဆန္သြားေစပါတယ္။ ေနာက္ျပီးေတာ့ ၁၈ လက္မအရြယ္ဘီးေတြကုိ Alloyေခြေတြနဲ႕တဲြဖက္တပ္ဆင္ေပးထားပါတယ္။ ျခဳံၾကည့္ရရင္ေတာ့ Chevrolet Trax ရဲ႕ပုံစံက ေခတ္မီတဲ့စေပါ့ကားတစ္စီးလုိမ်ိဳးျဖစ္ေနပါတယ္။

အတြင္းခန္း

အတြင္းခန္းကလည္း Chevrolet ရဲ႕ Dual Cockpit Design dashboard လွပေသသပ္စြာျမင္ေတြ႔ခဲ့ရျပီး လူ ၅ ေယာက္အေကာင္းဆုံးလုိက္ပါစီးနင္းႏိုင္တဲ့ အက်ယ္အဝန္းကုိလည္း ျမင္ေတြ႔ခဲ့ရပါတယ္။ ျပီးေတာ့ ဒရုိင္ဘာကုိ အ ေကာင္းဆုံးကူညီေထာက္ပံ့ေပးႏိုင္တဲ့ ဒုိင္ခြက္(Instrument Panel ) ကလည္း ဒီဇုိင္းသစ္ျဖစ္သြားျပီး ရွင္းလင္းျပတ္သား တဲ့ ျမင္ကြင္းမ်ိဳးကုိေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။ အဲဒီဒုိင္ခြက္ထဲမွာ ကားရဲ႕Speed ႏွဳန္းျပသမွဳ ၊ တာယာေလေပါင္ခ်ိန္၊ လက္ က်န္ဆီနဲ႕ေမာင္းလုိ႔ရမယ့္ကီလုိနဲ႕အျခားအခ်က္အလက္ေတြကုိ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ ေနာက္ Push Start စနစ္၊ HAVC အဲကြန္းစနစ္၊ Blue tooth hand free နဲ႕ Audio ေတြကုိထိန္းခ်ဳပ္ႏိုင္တဲ့ စတီယာရင္စနစ္ စတဲ့အဆင့္ျမင့္ စနစ္ေတြပါဝင္သလုိ ထုိင္ခုံေတြကလည္းလည္သာထုိင္ခုံေတြျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ၇လက္မအရြယ္ MyLink ေရာင္စုံ Touch Screen ကုိ dashboard အလယ္မွာတပ္ဆင္ေပးထားျပီး Android နဲ႕ i Phone စနစ္ေတြသုံးကာ ဖုန္းေျပာတာေတြ၊ မက္ေဆ့ပုိ႔တာေတြ၊ သီခ်င္းနားေထာင္တာေတြ၊လမ္းေၾကာင္းစနစ္နဲ႕ပတ္သက္တာေတြကုိ ထိန္းခ်ဳပ္ ညႊန္ၾကားႏိုင္ပါတယ္။ ေနာက္ျပီးေတာ့ Apple user ေတြအတြက္လည္း ကုိယ့္ဖုန္းနဲ႕ခ်ိတ္ဆက္ျပီး Tablet တစ္လုံးလုိ အသုံးခ်လုိ႔ရႏိုင္ပါ ေသးတယ္။ Trax မွာ  AUX,USB ေပါက္ေတြလည္း ပါဝင္ပါေသးတယ္။ စပီကာက ၆ လုံးေတာင္ပါျပီး My Link,FM/AM Radio,MP3/WMA,Wireless စနစ္ေတြကုိ အသုံးျပဳႏိုင္ပါတယ္။

အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္ပုိင္း

အစပုိင္းမွာဆုိခဲ့သလုိပါပဲ။ဒီကားမွာ ဆလင္ဒါေလးလုံးထုိး ၁ . ၄ လီတာတာဘုိ(EcoTech) အင္ ဂ်င္ကုိ ေအာ္တုိဂီယာ ၆ ခ်က္သုံးေပးထားပါတယ္။ အင္ဂ်င္ပါဝါေသးတာက ဆီစားႏွဳန္းနဲ႕ ကာဗြန္ဒုိင္ေအာက္ဆုိက္အထြက္နည္းေစဖုိ႔ျဖစ္ေပမယ့္ စြမ္းအင္ထြက္ရွိႏိုင္မွဳက ျမင္းေကာင္ေရ ၁၄၀ အားနီးပါးရွိျပီး ရုန္းအားက 4900 rpm မွာ 200 Nm ရွိပါတယ္။ ေရွ႕ ေနာက္ကုိ ABS တြဲထားတဲ့ Disc Brake ေတြကုိသုံးထားျပီး တည္ျငိမ္မွဳနဲ႕အၾကမ္းခံႏိုင္တဲ့ ဆုိင္းထိန္းစနစ္ကုိ သုံးထားလုိ႔ လမ္းမ်ိဳးစုံအတြက္ သင့္ေတာ္မယ့္ကားမ်ိဳးလုိ႔ဆုိရမွာပါ။

လုံျခဳံေရးအပုိင္း

ပထမဆုံးေျပာရမွာက Trax မွာေလအိတ္ ၄ လုံးပါဝင္တာပါပဲ။ ဒါ့အျပင္ ကားကုိယ္ထည္ကုိ ေတာင့္တင္းခိုင္မာေအာင္ Steel Structure ေတြသုံးျပီးတည္ေဆာက္ထားပါတယ္။ ေနာက္ျပီး Electronic Cruise Control , Anti-Lock Braking System(ABS), Electronic Brake Force Distribution (EBD), Traction Control System (TCS) , Straight Line Stability (SLS) , Hill Start Assist (HST) , Hill Descent Control (HDC) , Rear View Camera , Rear Park Assist , Anti – Thief Alarm စတဲ့ Features ေတြထည့္သြင္းထားျပီး ရာႏွဳန္းျပည့္လုံျခဳံစိတ္ခ်မွဳကုိ ရရွိႏိုင္မွာျဖစ္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

Trax ရဲ႕ပုံစံက စက္ရုပ္တစ္ေကာင္နဲ႕တူတယ္၊ေပါ့ပါးတယ္။ေခတ္မီဆန္းသစ္တယ္။ ျပီးေတာ့ New Version ေတြ အမ်ားၾကီးပါလာတယ္။ ေနာက္တစ္ခ်က္က ဆီစားႏွဳန္းခ်ိဳတယ္။ လမ္းစုံလည္းေမာင္းႏွင္ႏိုင္မယ္။ လုံျခဳံေရးစနစ္ကလည္း လက္ခံႏိုင္ေလာက္တဲ့ အေနအထားမ်ိဳးရွိပါတယ္။ ဒါေၾကာင့္ Trax LT Grade ကုိ USD 45,000 နဲ႔ Chevrolet Myanmar မွာသြားေရာက္ေလ့လာဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

Specification…

Engine                                           – 4 CYL , 1.4 L ,MFI,DOHC Turbo

Displacement(CC)                            – 1399

Transmissions                                  –  6-Speed Automatic Transmission

Maximum Power (HP/rpm)               – 140/4,900 – 6,000

Maximum Torque (Nm/rpm)             – 200/ 1,850– 4,900

Wheelbase (mm)                             – 157

Front/Rear Track Width (mm)            – 2,555

Fuel Tank (liters)                               – 53

Drivetrain                                          – FWD