Chevrolet သည် လူကြိုက်များလှသည့် Spark Hatchback Model ၏ ထုတ်လုပ်မှုအား ယခုနှစ်လည်းပိုင်းခန့်တွင် ရပ်ဆိုင်းမည်ဟု အမေရိကန်အခြေစိုက် General Motors ၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားလိုက်ကြောင်း Car and Driver သတင်းရင်းမြစ်မှ ရေးသားပါသည်။ GM သည် Spark Hatchback ၏ ထုတ်လုပ်မှုအား 2022 August ခန့်အထိ ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းမည် ဖြစ်သည်။ GM အနေဖြင့် Spark ၏ တိုက်ရိုက်အစားထိုးထုတ်လုပ်မည့် Model နှင့် ပတ်သက်၍ ပြောကြား ချက်များ မရှိထားသော်လည်း ဈေးနှုန်းသက်သာပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်သည့် Concept SUV နှင့် Sub – Compact Hatchback Model အ သစ်များကို တိုးချဲ မိတ်ဆက်နိုင်ဖွယ်ရှိကြောင်း ကားချစ်သူများမှ ထင်မြင်ယူဆကြပါသည်။
လက်ရှိထုတ်လုပ်ကားသည့် Spark Model များတွင် ( 98 – hp Inline 4 Engine ) ပါရှိပြီး ၎င်း၏ Performance သည် 0 to 60 mph အား ( 108 seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။ အလားတူ ဆီစားနှုန်းသည် ( EPA – Rated 33 mpg Combined ) ဖြစ်ပါသည်။ Chevy Spark ကဲ့သို့ ဈေးနှုန်း သက်သာသည့် Model အချို့လည်းရှိကာ ၎င်းတို့သည် ( Chevy Trax – USD 22500 ခန့်မှ စတင်ရောင်းချ ) နှင့် ( Chevy Trailblazer အား USD 22700 ခန့်မှ စတင်ရောင်းချ ) တို့ဖြစ်ပါသည်။ ( အဆိုပါ ဈေးနှုန်းများ သည် မြောက်အမေရိကန်ဈေးကွက်တွင် ရောင်းချသည့် ဈေးနှုန်းများဖြစ်သည်။ )
Chevy Trax နှင့် Chevy Trailblazer တို့သည် Subcompact Crossover Model များ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားပါသည်။ Chevy Spark ကဲ့သို့ Compact Hatchback Model များအနေဖြင့် ( Nissan Versa – USD 16100 ) နှင့် ( Mitsubishi Mirage – USD 16100 ) တို့ကိုလည်း ရွေးချယ်နိုင်ပါမည်။