အစိုးရအမှုထမ်းများ ၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သံတမန်များအတွက် အထူးလုံခြုံစိတ်ချရ သည့် Special Model များကို Automakers အများစုမှ ထုတ်လုပ်လေ့ရှိပြီး အချို့သည် ကျည်ကာ Model များဖြစ်၍ အချို့သည် ဟမ်းဗီးကဲ့သို့ အလွန်အကြမ်းခံသည့် Model ဖြစ်ကာ SUV များကို အများအားဖြင့် ထုတ်လုပ်လေ့ရှိသည်။ နာမည်ကျော် GM ၏ မျိုးဆက်ဟောင်း Suburban တွင်လည်း ထိုကဲ့သို့ Special Vehicle ကို ထုတ်လုပ်ခဲ့ဖူးပြီး ယခုအခါ Production ရပ်ဆိုင်း လိုက်ပါသည်။ သို့သော် ( GM VP of Global Product Programs) အနေဖြင့် Suburban HD New Model ကို တဖန်ပြန်လည် ထုတ်လုပ်ရန် စီစဉ်မှုများရှိကြောင်း အရိပ်အမြွက် ပြောကြား ထားသည်။ အသစ်ဖန်တီးမည့် Suburban HD Model သည် GM ၏ နောက်ဆုံးပေါ် Platform ဖြစ်သည့် ( New GM T1 XX Platform ) ကို အခြေခံ ဖန်တီးထားမည်ဖြစ်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် Suburban HD တွင် ( 2500 HD ) နှင့် ( 3500 HD ) ဟူ၍ ပုံစံ (၂)မျိုးရှိပြီး ထူးကဲသည့် Body Frame ၊ အဆင့်မြှင့်တင်ထားသည့် Suspension နှင့် အရွယ်ကြီးမားသည့် Brake များပါဝင်ခဲ့သည်။ New Model တွင်မူ Chevy Silverado ထံမှ ရယူမည့် – Solid Rear Axle Setup နှင့် Independent Rear Suspension တို့ဖြင့် ဖန်တီးမည်ဖြစ်ပြီး Payload Capacity အနေဖြင့် အမြင့်ဆုံးဖြစ်မည့် ( GVWR of 11,000 lbs ) အထိ ထည့်သွင်းထားမည်လည်း ဖြစ်သည်။ ပုံမှန် Payload Capacity အတွက် ( GVWR of 7,500 lbs ) ပါရှိမည်ဖြစ်သည်။ အဆိုပါ New Suburban HD တွင်ကျည်ကာသတ္တုများ တပ်ဆင်ခြင်း၊ ကျည်ကာမှန်များ တပ်ဆင်ခြင်းများကိုလည်း ထပ်ဆောင်းဖန်တီးနိုင်မည်ဖြစ်သည်။ Armor SUV များသည် လူကြိုက်များပြီး စွယ်စုံသုံးအတွက်လည်း အသုံးပြုနိုင်သည့် အမျိုးအစားများဖြစ်သည်။

05 Nov 2020
0