နိုင်ငံတကာကားပြပွဲတစ်ခုကျင်းပတဲ့အခါ ထုတ်ဖော်ပြသပြီးခါစကားသစ်တစ်စီးအနားမှာ သုတ်သုတ်ပြာပြာနဲ့ ဓာတ်ပုံတွေရိုက် အလုပ်ရှုပ်နေကြတဲ့ တရုတ်ဂျာနယ်လစ်တွေကို စာဖတ်သူတို့မြင်ဖူးကောင်းမြင်ဖူးကြပါလိမ့်မယ်။ သူတို့ဒီလိုလုပ်နေတာက မဂ္ဂဇင်း သို့ ဝက်ဘ်ဆိုက်မှာ အချိန်မီသတင်းတင်ဆက်နိုင်ဖို့ကြိုးစားနေကြတာတော့မဟုတ်ပါဘူး။

အမှန်တကယ်တော့ သူတို့က ရေးလုပ်ငန်းတွေအတွက်အလုပ်လုပ်ပေးနေကြသူတွေပါ။ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တစ်ခုရဲ့ ကားသစ်တစ်စီးထွက်လာပြီး လအနည်းငယ် ဒါမှမဟုတ် နှစ်ကာလတစ်ခုကြာပြီးရင် တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုခုက အဲဒီကားရဲ့ Clone Version ကို ထုတ်လုပ်နိုင်တာကလည်း သူတို့ကြောင့်ပါပဲ။

ဘယ်လို Clone တွေကို ထုတ်လုပ်ထားပြီးပြီလဲဆိုတာကိုတော့ ‌အခုဖော်ပြပေးထားတဲ့ ပုံတွေမှာလေ့လာကြည့်နိုင်ပါတယ်။

Ref: motor1
Thiha