Unicode version…
Chrysler 300
(Chrysler 300) သည် အမေရိကန် အခြေစို်က် (Chrysler) မှထုတ်လုပ်သည့် (Full-size Sedan) ကားအမျိုးအစားဖြစ်ပြီး (2004) ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ (Chrysler 300) သည် (Australia Market) တွင် ပထမဆုံးရောင်းချခဲ့ပါသည်။ (Chrysler) ၏ (Luxury Sedan) လည်းဖြစ်ပါသည်။ ၎င်းအား (2011 Model) မှစ၍ (Loncia Thema) အမည်ဖြင့် (ဥရောပစျေးကွက်) တွင်၎င်း ၊ (UK/South Korea) စျေးကွက်များတွင် (300 C) အမည်ဖြင့်၎င်း တင်ပို့ရောင်းချခဲ့ပါသည်။
(Chrysler 300) ၏ ပထမမျိုးဆက်အား (2004) ခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချခဲ့ပါသည်။ ပထမမျိုးဆက် (300 Sedan) သည် (Chrysler RWD LX) ၏ (Platform) ကိုအခြေခံကာ ထုတ်လုပ်ခဲ့ပြီး နည်းပညာအချို့အား (Mercedes E-Class W2ll) မှခွဲဝေ အသုံးပြုထား ပါသည်။ အောက်ပိုင်းထိန်းစနစ် တစ်ခုဖြစ်သည့် (Double Wishbone Front Suspension) စနစ်ကိုလည်း (Mercedes S-Class W220) မှခွဲဝေရယူထားပါသည်။ပထမမျိုးဆက် (Chrysler 300) တွင် ကနဦးအနေဖြင့် (2.7L EER VG Engine) ၊ (190hp) (3.5L VG Engine) (250hp) နှင့် (5.7L Hemi V8 Engine) (340hp) ဓာတ်ဆီအင်ဂျင် (၃)မျိုးကိုထည့်သွင်းခဲ့ပါသည်။ထို့နောက် (Diesel Engine) အမျိုးအစားဖြစ်သည့် (3.0L Diesel V6 Engine)(218hp)အား (2006-2011) ကာလများတွင် ထပ်မံထည့်သွင်းခဲ့ပါသည်။ထိုဒီဇယ်အင်ဂျင်တွင် (NOxBlue Tec Clean-Diesel) နည်းပညာကို ထည့်သွင်းထားခဲ့ပါသည်။
(Chrysler 300) ၏ ပထမမျိုးဆက်တွင် (Sedan) အပြင် (Station Wagon) ဖြစ်သည့် (300C Touring Wagon) ဖြစ်သည့် (300C Touring Model)အား (ဥရောပ/သြစတြေးလျ) ဒေသစျေးကွက်များအတွက် (2008-2011) ခုနှစ်များအထိသာထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် (300 Sedan) ၏ (Long Wheel-base) ကားဖြစ်သည့် (Chrysler Executive Series 300) အား (2006) ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့ပြီး ၎င်းသည် ပုံမှန် (300 Sedan) ထက်် (၆လက်မ) ခန့်ပို၍ရှည်လျားပါသည်။
(Chrysler 300) ၏ ဒုတိယမျိုးဆက်အားဒီဇိုင်းအသစ်ဖန်တီးမှု အသစ်များဖြင့် (2011) တွင်ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။ဒုတိယမျိုးဆက် (300 Sedan) တွင် (Chrysler) ၏ (1930) ခုနှစ်များတွင် အသုံးပြုခဲ့သည့် (Blue Ribbon Center dating design) အားပြန်လည် အသုံးပြုခဲ့ပါသည်။ ထို့အတူ (Dual-pane panoramic Sunroof) (8.4-inch U connect Touch) စသည်တို့အား ထည့်သွင်းထားပါသည်။ဒုတိယမျိုးဆက် (300 Sedan) တွင် အင်ဂျင်များအနေဖြင့် (New 3.6L VG Engine) (292hp) (5.7L HEMI V8 Engine) (363hp) နှင့် (3.0L Turbocharged V6 Engine) တို့အား ထည့်သွင်းထားပါသည်။ ထို့အပြင် (New 300S Grade)အား (2012) ခုနှစ် တွင်ရောင်းချခဲ့ပြီး ၎င်းတွင် ထူးခြားမှုများအနေဖြင့် (10-Speaker Beats by Dr.Dre Sound System), (New 8-Speed 8 HP45 Automatic Gear Box)တို့အား ဖြည့်စွက် ထည့်သွင်းခဲ့ပါသည်။ (2013)ခုနှစ်တွင် (Chrysler 300)အား အခြေခံကာ (Chrysler 300C John Varvatos Limited Edition)အား ထုတ်လုပ်ခဲ့ပါသည်။ ၎င်းတွင် (Phantom Black tri-coat body colour), (Titanium-finished grille)နှင့် (Poltrona Frou Black leather trim)တို့အား အထူးပြုထည့်သွင်းခဲ့ပါသည်။
chrysler-300-interior chrysler_300c_ chrysler_300s8_1_10
Zawgyi version…
Chrysler 300
(Chrysler 300) ၏ ပထမမျိုးဆက်တွင် (Sedan) အပြင် (Station Wagon) ဖြစ်သည့် (300C Touring Wagon) ဖြစ်သည့် (300C Touring Model)အား (ဥရောပ/သြစတြေးလျ) ဒေသဈေးကွက်များအတွက် (2008-2011) ခုနှစ်များအထိသာထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် (300 Sedan) ၏ (Long Wheel-base) ကားဖြစ်သည့် (Chrysler Executive Series 300) အား (2006) ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့ပြီး ၎င်းသည် ပုံမှန် (300 Sedan) ထက် (၆လက်မ) ခန့်ပို၍ရှည်လျားပါသည်။