Chrysler သည် ၎င်း၏ နာမည်ကျော် MPV များဖြစ်ကြသည့် Pacifica နှင့် Voyager တို့အား Mid – cycle Update အနေဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ လက်ရှိ Pacifica အား 2017 အထိ ထုတ်လုပ်ခဲ့သည့် Chrysler 200 ၏ Style ဖြင့် ဖန်တီးထားပါသည်။ အသစ်ထွက်ရှိမည့် Pacifica Model တွင် Sporty ဆန်ပြီးကြီးမားသည့် Grille နှင့် သွယ်လျသည့် LED Accent ရှေ့မီးကြီးတို့ပါဝင်မည်ဖြစ်ပြီး အနောက်ဖက်ဒီဇိုင်းသည်လည်း လှပပြီး Taillight ဒီဇိုင်းဆန်းဆန်းကို ထည့်သွင်းထားပါသည်။ Model အသစ်အားယခုနှစ်အစောပိုင်းတွင် မိတ်ဆက်မည်ဖြစ်သည်။ အလားတူ Voyager ကိုလည်း 2020 Model Year အတွက် ထုတ်လုပ်မည်ဖြစ်ကာ Pacifica ထက်ဈေးသက်သာမည်ဖြစ်ပြီး ( ၂ ) မျိုးလုံးအား အဆင့်မြှင့်တင်မှုများဖြင့် ထုတ်လုပ်ထားကာ အတွင်းခန်းကိုလည်း ပြောင်းလဲမှုအချို့ဖြင့် တွေ့မြင်ရပါမည်။ Pacifica တွင် ဆန်းသစ်သည့် နည်းပညာဖြစ်သည့် ( e AWD ) ကို စတင်မိတ်ဆက်ထည့်သွင်းထားမည်ဖြစ်ကာ ၎င်းတွင် ဘတ္ထရီဖြင့် အသုံးပြုမှုသည့် လျှပ်စစ်မော်တာကို အနောက်ဝန်ရိုးတွင် တပ်ဆင်ထားပါမည်။ ၎င်းမှ စွမ်းအင်ကို ထုတ်လုပ်ပေးပြီး All – Road AWD ပုံစံကို ဖေါ်ဆောင်ပေးပါမည်။ Pacifica နှင့် Voyager ကားသစ်များအား ယခုနှစ်တွင် ကျင်းပမည့် Auto Show များတွင် ထည့်သွင်းမိတ်ဆက်မည်ဖြစ်ကာ 2021 Model Year အနေဖြင့် သတ်မှတ်ရောင်းချပါသည်။
Zawgyi Version….
Chrysler Pacifica အား e AWD အပါအ၀င် အဆင့်မြှင့်တင်မှုများစွာဖြင့် 2021 Model အနေဖြင့် ထုတ်လုပ်မည်